အေးစိမ့်စိမ့်လွင့်လာသောလေအဝှေ့တွင် Hemion
ခပ်ပြုံးပြုံးသဏ္ဍာန်ပြု၍
မျက်နှာချင်းဆိုင်မှအမျိုးသမီးအားနာနာကျည်းကျည်း
ကြည့်လိုက်သည်။"Bellatrix Black ရှင်ကလေသိလား ၊"
ဆိတ်ဆိတ်နေခြင်းသည်လက်ခံခြင်းမည်၍
သူမ စကားဆက်လိုက်သည်။"ယောကျာ်းနှစ်ယောက် သေသွားပြီးတာတောင်
မမှတ်သေးဘူး၊
ထပ်ပြီးသူများတကာကို မြှူဆွယ်နေတုန်းပဲ ""တော်တော့ "
"အပြောကလွဲပြီးဘာလုပ်နိုင်အုံးမှာလဲ၊
ရှင့်အစွယ်တွေကျိုးနေပြီ၊
စိတ်ပျက်စရာပဲနော် Mr.Hank ကိုတော့
အလွတ်ပေးလိုက်စမ်းပါရှင် အိုနေပြီ ""မင်းကိုတော်လိုက်တော့လို့ပြောနေတယ် "
နှုတ်ခမ်းတင်းတင်းစေ့ကာ ဝေ့သီလာသော
ထိုအမျိုးသမီး၏
မျက်ရည်များကို မမြင်ဟန်ပြု၍ အကြည့်လွှဲလိုက်သည် ။သူမ မုန်းလှပြီ၊
မချစ်ဟန်ဆောင်ရခြင်းအားမုန်းသည်။
ထပ်တူနာကျင်နေရခြင်းအားမုန်းသည် ။အံကြိတ်၍ထင်းနေသော Jawline အား
နှုတ်ခမ်းဖြင့်ဖိကပ်နမ်းချင်စိတ်ကိုထိန်းချုပ်နေရခြင်းအားမုန်းသည်။ချစ်ရသူ၏လက်ထဲမှာမှ တိုက်ဆိုင်စွာအသက်ပေးလိုက်ရသော Ron အားမုန်းသည်။
အမုန်းမမည်သော ရင်မောစိတ်နှင့်
သူမထိုင်ခုံပေါ်တွင်ပျော့ခွေစွာထိုင်ချမိလိုက်သည်။မျက်နှာချင်းဆိုင်မှ အမျိုးသမီးကတော့ သူမအားခပ်စူးစူးကြည့်ကာလှည်ထွက်သွားသည်။
ထွက်သွား Bell ၊ ကျေးဇူးပြုပြီး ကျွန်မကိုစိတ်ကုန်ပြီးပြေးထွက်သွားလိုက်။
ကျွန်မဘက်က မပြတ်နိုင်တဲ့ဇာတ်လမ်းတွေကို
ရှင်ကဖြတ်ချလိုက်။အကြောင်းပြချက်မျိုးစုံနဲ ကပ်တွယ်ထားနေတဲ့
ကျွန်မကို ဖယ်ထုတ်လိုက်။
ကျွန်မကဘက်ကစိတ်ဒုံးဒုံး ဖြတ်ချပြီးထွက်မသွားနိုင်လို့ပါ ။"ရေ ရေသောက်လိုက်"
ဒူးတစ်ဖက်ထောက်ထိုင်ချကာ
ထိုင်နေသာသူမ၏ ပေါ်ပေါ်သို့လက်တင်၍ ရေခွက်အားထိုးပေးသည်။