Chapter 46- အပူသည် လင်မယား

1.7K 209 2
                                    

Chapter 46- အပူသည် လင်မယား

စိမ်းလန်းစိုပေတြဲ့ မစြိမ်းရောင် လမ်းမကြီးများနံဘေးမှာ ဥရောပစတိုင် တိုက်တန်းကြီးတွေဟာ ခမ်းနားကြီးကျယ်စွာ အစီအရီ ရှိနေကတြယ်။ တိုက်ကြီးတွေမှာ ပန်းဒီဇိုင်းဖောက်ထားတဲ့ ကျက်သရေဆောင် မှန်ပတြင်းပေါက်အဝိုင်းတွေ ရှိတယ်။ ကားပေါ်ကနေ အပြင်ကိုကြည့်ရင်း ထိုအမျိုးသားကြီးရဲ့မျက်နှာမှာ နွေးထွေးရိပ်ပေါ်သွားပေမယ့် သူ့မျက်နှာကတော့ ခါတိုင်းလို တင်းမာနေတယ်လို့ ထင်ရတုန်းပဲ။
( အဘ ရောက်ပါပြီခင်ဗျ)
စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ခပ်ငယ်ငယ် စစ်သား၂နှစ်ယောက်က GuWaeiTingအတွက် ကားတံခါးကို လာဖွင့်ပေးတယ်။ သူတို့နှစ်ယောက်မလာခင် ဗီလာရဲ့ဂိတ်တံခါးကို ဖွင့်ပေးတဲ့ တံခါးစောင့်၂ယောက်က GuWeiTingကို ကြိုဆိုဖို့ အသင့်ရှိနေပြီးသား။
( ရှင် ပြန်လာပြီပေါ့နော်) JinagYuan အပြုံးလေးနဲ့ ပြောရင်းဆိုရင်း ခင်ပွန်းဖြစ်သူ GuWeiTingကို အိမ်ထဲကို ခေါ်သွားတယ်။ ( ထမင်းဝိုင်းက အဆင့်သင့်ဖြစ်ပြီးသား။ ရှင် အိမ်ပြန်နောက်ကျနေလို့ ကျွန်မ ဟင်းတွေကို ပြန်နွှေးဖို့ လုပ်နေတာ)
GuWeiTing က JiangYuanကို အေးတိအေးစက် ကြည့်နေတယ်ဆိုပေမယ့်၊ သူ့ဆက်ဆံပုံကတော့ အနည်းငယ် ပျော့ပျောင်းပါတယ်။ အဝတ်အစားလဲပြီး GuWeiTing သန့်စင်ခန်းထဲ ဝင်သွားတယ်။ နောက် သူလက်ဆေးမယ် ပြင်နေတုန်း၊ ရေချိုးခန်းထဲက စင်လေးပေါ်မှာ မလှုပ်မယှက်ရှိနေတဲ့ GuHaiရဲ့ သွားတိုက်တံကို သူ မြင်ရတယ်။ သူ လက်ဆေးဖို့ ရေတွေဖွင့်ထားတုန်းဆိုတာတောင် GuWeiTing မေ့သွားတယ်။
သူတို့လင်မယားနှစ်ယောက် ထမင်းစားနေကတြုန်း၊ JiangYuanက သတိထားပြီး မေးကြည့်တယ်။ ( ရှောင်ဟိုင်က အခုထိ အိမ်ပြန်မလာသေးဘူးလားဟင်?)
မှုန်သုန်နေတဲ့ မျက်နှာထားနဲ့ GuWeiTing ပြောတာက ( သူ့ကို ဂရုစိုက်မနေနဲ့၊ အဲ့ဒီကောင်က ဒုက္ခမတွေ့သေးသရွေ့ ကိုယ့်အိမ်ကိုယ့်ယာ ဘယ်လောက်ကောင်းမှန်း သိမှာမဟုတ်ဘူး)
JiangYuan ဟူးခနဲ မြည်အောင် သက်ပြင်းချရင်း ( သူ့ကို အပြင်မှာ တသက်လုံးထားလို့မှ မဖြစ်တာရှင်! သူက ၁၇နှစ်.. အခုလို စိတ်အလိုလိုက်ဆုံး အရွယ်မှာ ဘဝရဲ့ဒုက္ခတွေကို ရင်ဆိုင်ရင်း မတော်လို့ ရောဂါတွေ ဘာတွေ ဝင်သွားမှာဖြင့် ဘယ်နှယ့်လုပ်မလဲ? ရှင့်ကို သူ.. စိတ်နာနေမှာပေါ့လို့?)
( အဲ့ဒီကောင် အဲ့လောက် မပျော့ပါဘူးကွာ။ ဒုက္ခရောက်ရင် အတွေ့အကြုံရတယ်လို့ပေါ့ သဘောထားရမှာပဲ။ ငါ ငယ်ငယ်တုန်းကဆို...)
( ရေနံဆီခေတ်ကအကြောင်းတွေ ထားပါရှင်) JinagYuanက GuWeiTinရဲ့ပြောလက်စ စကားကို ဖြတ်ပြောလိုက်တယ်။
( ရှင် ငယ်ငယ်တုန်းက ကလေးနို့့မှုန့်ထဲ မယ်လမင်းအဆိပ်သင့်တာတွေ ရှိလို့လား? ရှင် ငယ်ငယ်က နေမကောင်းလို့ ဆရာဝန် သွားပရြင် ဘေးထွက်ဆိုးကျိုးများတဲ့ သောက်ဆေးတွေ ရှိလို့လား? သားကို အိမ်ပေါ်က ကန်ချလိုက်တာက ပိုပြီး ကြံ့ခိုင်လာအောင် လုပ်တာမဟုတ်ဘူးရှင့်။ သူ့ကို ဒုက္ခတောထဲ ဖြတ်ခိုင်းပြီး စိတ်ဓာတ်ကျတဲ့ စစ်သားဖြစ်အောင် ရှင်လုပ်နေတာ)
JiangYuanလို အိမ်ရှင်မတစ်ယောက်က အခုလို ထက်မြက်တဲ့စကားတွေ ပြောတတ်လိမ့်မယ်လို့ GuWeiTing မထင်ထားဘူး။ မိန်းမဖြစ်သူနဲ့ စကားများရန်ဖြစ်တာမျိုး မလုပ်ချင်တာနဲ့ သူ ထမင်းပဲ ဆက်စားနေလိုက်တယ်။
JiangYuanက ထမင်းကို တို့တိတို့န့ှံလုပ်နေပြီး GuWeiTingကို ကြည့်ပြီး မေးလိုက်တယ် ( ကျွန်မ သွားပြီး သူနဲ့စကားပြောကြည့်လိုက်မယ်လေ?)
( သူ့ကို သွားတွေ့မနေနဲ့။ မင်းကို သူ ကောင်းကောင်းဆက််ဆံမှာ မဟုတ်ဘူး)
( ဒါကတော့ သွားကြည့်ရမှာပေါ့။ ကျွန်မကြောင့် သူ အိမ်ပေါ်ကဆင်းသွားတာဥစ္စာ။ ဒီတော့ ကျွန်မကို သူ ဘယ်တွေ့ချင်ပါ့မလဲလို့! ကျွန်မအပေါ် သူအမြင်ကြည်သွွားရင် ရှင်တို့သားအဖနှစ်ယောက်ရဲ့ပြဿနာလည်း တခါတည်း ပြီးသွားတာပေါ့ မဟုတ်ဘူးလား?)
( အလုပ်ရှုပ် ခံမနေပါနဲ့ကွာ!) လို့ ပြောရင်း GuWeiTingက JinagYuanရဲ့ပန်းကန်ထဲကို ဟင်းအချို့ထည့်ပေးလိုက်တယ်။ ( ကိုယ်သားကိုယ်သာ ဂရုစိုက်စမ်းပါ။ အခုဆို မင့်သားက ချို့ချို့ငဲ့ငဲ့ နေထိုင်နေရတာ။ ဒီတော့ သူ့ကို ဒီအိမ်ခေါ်ထားဖို့က ပိုအရေးကြီးတယ်။ တကယ်လို့ သူ ဒီကိုလာမနေချင်ဘူးဆိုရင် ငါတို့ သူ့အတွက် အိမ်စီစဉ်ပေးလို့ ရသားပဲ။ GuoMaoQiaoမှာရှိတဲ့ အိမ်လည်း မထူး ပိုနေတာပဲ မဟုတ်လား။ သူ အဲ့ဒီအိမ်မှာ နေလို့ရသားတယ်)
( အဲ့ဒီအကြံ မကောင်းပါဘူး) JiangYuan ပြောရင်း ထမင်းစားတူကို အောက်ချလိုက်တယ်။ ( အဲ့ဒီအိမ်က GuHai အတွက်ဥစ္စာ။ တကယ်လို့ အဲ့ဒီအိမ်မှာသာ LuoYin သွားနေရင်၊ ရှင့်သားက မိုးကို မီးနဲ့တက်ရှို့မှာပေါ့!)
( အိမ်း....) GuWeiTing မျက်နှာအိုသွားပြီး ( သူက အဲ့ဒီမှာ သွားနေဖို့ အစီအစဉ်ရှိလားတောင် မသိဘဲ၊ ငါက ဘာကိစ္စ အဲ့ဒီအိမ်ကို သူ့အတွက် သပ်သပ်ချန်ထားပေးရမလဲ)
( ကျွန်မ ရှောင်ဟိုင်နဲ့ သွားစကားပြောပြီး၊ သူ့ကို ပြန်လာဖို့ ခေါ်ကြည့်ပါဦးမယ်) JiangYuanက သူ့ယောက်ျားရဲ့လက်မောင်းကို အသာလေး ဆွဲလိမ်ပြီး ပြောလိုက်တယ်။
GuWeiTing ခဏလောက် စဉ်းစားကြည့်ပြီး သဘောတူတဲ့သဘောနဲ့ ခေါင်းညိတ်ပတြယ်။ ( LuoYinကျ ဘယ်နှယ့်လုပ်မှာလဲ?)
LuoYinဆိုတဲ့ နာမည်ကို ကြားတော့ JiangYuanဟာ ဝမ်းနည်းသလို ဖြစ်သွားတယ်။ ( သူ့တော့ ဘယ်နှယ့်လုပ်ရမှန်းတောင် မသိပါဘူးရှင်။ သူက ကျွန်မကို မတွေ့ချင်ဘူးဖြစ်နေတာ!)
( ဒီလိုဆိုရင်ကော။ ငါ သွားလိုက်မယ်လေ)
( ရှင်!) JiangYuan လန့်သွားတယ်။
GuWeiTing ထမင်းစားတဲ့တူကို စားပွဲပေါ် ချလိုက်ပြီး ( ငါသွားပြီး သူနဲ့စကားပြောကြည့်လိုက်မယ်)
( ဒါပေ..ဒါပေမယ့် LuoYinက သိပ်ခေါင်းမာတာ။ ဖိအားတော့ အရမ်းကြီး မပေးပါနဲ့နော်) JiangYuanက သားဖြစ်သူ ကြမ်းကြမ်းတမ်းတမ်း အဆက်ဆံံခံရမှာ စိုးရိမ်နေတယ်။
( စိတ်မပူနဲ့) GuWeiTingက JiangYuanရဲ့လက်မောင်းလေးကို ကိုင်ပြီး နစ်သိမ့်ပေးတယ်။ ( ငါ ချိန်ဆတတ်ပါတယ်ကွ )

End of Chapter 46

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now