40

1.5K 202 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၄၀
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဒီနေရာမှာ ဘာကြောင့် မကောင်းဆိုးဝါးတစ်ကောင် ရှိနေရမှာလဲ)

လီနင်းဖန် အနည်းငယ် တွေဝေသွားသည်။ " အဆင်ပြေမှာပါ စမ်းကြည့်ရမှာပေါ့ "

အထူးအဆင့်မြင့် ဆေးပင်များအား အသုံးပြုပြီးသွားရင် ၄င်းတို့အား ပြန်မရနိုင်သောကြောင့် ထာဝရကုန်ဆုံးသွားပေလိမ့်မည်။ ၄င်းတို့အား ဆက်လက်ရှင်သန်အောင် ထိန်းထားနိုင်ပါက ထို့အတွက် စိတ်ပူစရာ မလိုတော့ပေ။

တ့ကျီမှာ မည်သည့် စကားမှ ဝင်မပြောမိအောင် ထိန်းရင်း နှုတ်ဆိတ်နေမိသည်။

ရှင် ဒါတွေကို အရင်က မစိုက်ဖူးဘူးလား...ပြီးတော့ အခုမှ ပထမဆုံးအကြိမ် စမ်းကြည့်မှာလား ....

လောကကြီး ရူးသွပ်သွားပြီလား.

သို့သော်လည်း သခင်လေးလီ ပျော်မည်ဆိုပါက လုပ်ချင်သည့် အရာ လုပ်ပါစေဟု တ့ကျီ ဆုံးဖြတ်ကာ ကူညီရန် အဆင်သင့်သာ ပြင်ထားလိုက်သည်။

ခဏအကြာတွင် လီနင်းဖန် ပြုံးလိုက်သည်။
"ရပြီ ငါတို့ ဒီအပင်တွေကို အနောက်ခြံထဲကို ယူသွားပြီး ဘွန်းဆိုင်း အပင်တွေဖြစ်အောင် မြေသြဇာ အချို့ ထည့်ထားလို့ရတယ်

"ကျွန်မလိုက်ခဲ့လို့ရမလား..."
တ့ကျီ မျက်နာလေး နီရဲသွားပြီး မျော်လင့်တကြီး မေးလိုက်သည်။ နောက်ဖေးခြံ က မည်သို့သော ပုံစံ ရှိသည်ကို သူမသိချင်မိ၏။

လျှို့ဝှက် ဆန်းကျယ်သော ဖရဲသီးများ ပေါက်နိုင်သည့် ခြံ မှာ မည်ကဲ့သို့ နေရာမျိုးဖြစ်မည်နည်း...။

"အင်းရတာပေါ့..."လီးနင်းဖန် ခေါင်းငြိမ့်လိုက်သည်။

တ့ကျီ အလွန်ကျေနပ်သွားပြီး စိတ်လှုပ်ရှားစွာ လိုက်သွားလေသည်။

ကျောက်ခင်းလမ်းတစ်ခုအား ဖြတ်လျောက်သွားကြပြီး နောက်တွင် လခြမ်းပုံ သစ်သားတံခါးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ထိုတံခါးမှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်သည့် ရှေးဟောင်းတံခါး တစ်ခုဖြစ်ပုံရသည်။ တ့ကျီသည် တံခါးနှင့် နီးကပ်လာသည်နှင့်အမျှ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး ထွက်ပြေးချင်လောက်အောင်ပင် ဖြစ်လာရသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now