Zawgyi 🌴
"ဝမ်ရိပေါ်!!!!!
"အစ်ကို!
ဖြန်း..
ပါးပြင်တစ်ဖက်ကအစ်ကို့ရဲ့ရိုက်ချက်ကြောင့်ထူပူသွားရတယ်။
ရိပေါ်မှာအံ့ဩလွန်းလို့ ဘာစကားမှမပြောနိုင်.."မင်းကိုယ်မင်း မကာကွယ်နိုင်ဘူးလား ဘာလို့အခုထိသူများရဲ့
အကူညီယူနေသေးတာလဲ အရူးကောင်ရဲ့ ဒီနေ့မင်းလုပ်ရပ်က
ငါတို့ရဲ့အချိန်ကိုဘယ်လောက်ထိပုပ်စေလဲသိရဲ့လား""..........."
"အဲ့လိုနှုတ်ပိတ်မနေပဲငါ့ကိုတစ်ခုခုပြောစမ်းပါ အရူးကောင်ရဲ့
သူများတွေကိုနှောက်ယှက်ရတာ တအားပျော်နေလား""မဟုတ်ဘူး အစ်ကိုအထင်လွဲနေတာ အခုဟာကလည်း
ဒီလောက်ထိ ဖြစ်သွားမယ်ဆိုတာကျွန်တော်မသိခဲ့လို့ပါ""တောက်!! မင်းဘာလို့ငါတို့ကိုအေးဆေးပေးမနေနိုင်ရတာလဲ"
အစ်ကို့ရဲ့မျက်နှာပေါ်မှာကိုယ့်ကိုသတ်ချင်နေတဲ့အငွေ့သက်တွေက
ထင်ထင်ရှားရှားပဲ...။ ဒီကိစ္စကြောင့် အစ်ကိုဒေါသထွက်နေတာလား။"ငါတောင်းပန်ပါတယ် ရှောင်းကျန့်ကို မလုပါနဲ့ ဟုတ်ပြီလား "
နောက်ဆုံးဒူးထောက်ပြီးပြောလာသည့်အစ်ကို့အားအံ့ဩလို့ပင်မဆုံး..။
လုတယ်ဆိုရအောင်လည်းကိုယ်ကလုယူတယ်ဆိုတာဘယ်လိုမှန်းတောင်
သိတာမဟုတ်။"ငါရှောင်းကျန့်ကိုချစ်တယ် ရိပေါ် ငါသူ့ကိုချစ်တယ်
အဲ့ဒါကြောင့် မင်းက ပါရမီဖြည့်ပေးစမ်းပါ.. ""အစ်ကို ကျွန်တော်ဘာလုပ်ပေးရဦးမှာလည်းဗျာ အခုလည်း
ကျွန်တော်သူ့ကိုကွာရှင်းခွင့်တောင်းနေတာပဲ သူ့ဘက်က
လက်မှမခံတာ ဒီထက်ကျွန်တော်ဘက်က ဘာများလုပ်ပေးရမှာလဲ"နှုတ်ခမ်းလေးတစ်ဖက်မဲ့ကျသွားရင်းရိပေါ်မျက်နှာကို
ကောက်ကျစ်တဲ့အပြုံးနဲ့ပြန်ကြည့်လာတယ်။"တစ်ကယ်လား? မင်းသူ့ကို ကွာရှင်းဖို့ပြောလိုက်တယ်
ဆိုတာကလေ?"တစ်ကယ်ပြောတာ အစ်ကို!!
"တော်သေးတာပေါ့ ငါက မင်းသူ့ကိုငါ့ဆီကနေ လုယူသွားတယ်
ထင်နေခဲ့တာ"