ယွင်လုရှန်းဟာ မရဏတိုင်းပြည်ရှိရာထွက်ခွာလာချိန်မှာပဲ...ရန်းလေးဟာ သူချခဲ့တဲ့အစီအမံစည်းကို
စတင်ဖျက်စီးနေခဲ့သည်။ဒါပေမဲ့ရန်းလေးရဲ့အားနဲ့မညီမျှတဲ့အတွက် သူ့ရဲ့စွမ်းအားတချို့သာ ကုန်လွန်ခဲ့တယ်။
'ဟာ့..ဘာလို့ ဖျက်မရတာလည်း။'
နောက်ရက်တွေမှာ ရန်းလေးဟာ သူ့အနီးဝန်းကျင်က ယုန်လေးများကိုဖမ်းယူစားသောက်ပြီး အတွင်းအားတိုးအောင်ထပ်မံ အားဖြည့်ခဲ့သည်။
ခုနှစ်ရက်ပြည့်သည့်နေ့မှာတော့ သူ့အဖေချမှတ်ခဲ့တဲ့ စည်းကို ဖျက်စီးနိုင်ပြီး ထိုတောအုပ်ထဲမှ လွတ်မြောက်သွားလေရဲ့။ဒါနဲ့ပဲ
သူဟာ ပတ္တမြားနီတိုင်းပြည်အနီးက ချန်တိုင်းပြည်ထဲဝင်ရောက်သွားတော့တယ်။နန်းတက်ခဲ့တဲ့ ဝမ်ပြည့်ရှင်ဟာ... တဖက်တိုင်းပြည်များစွာရဲ့ကျူးကျော်စစ်ပွဲများကို စတင်ခုခံကာကွယ်ခဲ့ပြန်တယ်။
လုံးဝပြိုကွဲလုလု တိုင်းပြည်များကိုထိန်းချုပ်ကာ
သူ့၏လက်အောက်သို့ခိုလှုံစေပြီး..သူ့ရဲ့တိုင်းပြည်ကိုချဲ့ထွင်းခဲ့ပြန်တယ်။
ခုဆိုရင် ပတ္တမြားနီတိုင်းပြည်ရဲ့ဧကရာဇ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျော်ကြားခဲ့လေတယ်။သူ့ရဲ့နန်းတက်နှစ် ဆယ်နှစ်တာမှာ မိဖုရားမထားပဲ တိုင်းပြည်လုံခြုံရေးနဲ့ တိုးတက်ရေးကိုသာ
ဦးစားပေးခဲ့ပြီး နန်းသွေးကိစ္စကိုပင် မေ့လျော့နေပြန်သည်။နန်းညီလာခံတွင်မူ...
''အရှင်မင်းကြီး ကျွန်တော်မျိုးအတင့်ရဲစွာနဲ့
ရှောက်တင်စရာရှိကြောင်းပါ အရှင်။''''ဘာကိစ္စလည်း မောင်မင်း။''
''နန်းသွေးကိစ္စပါအရှင်...အရှင့်ရဲ့နန်းဆက်အတွက်ပါ။''
''ဒီကိစ္စကို ကိုယ်တော်နောက်မှဆွေးနွေးမယ် အမတ်ကြီး။''
''ဟုတ်...အမိန့်တိုင်းပါ။''
.
.
.
.
.
.ချန်နိုင်ငံ..
လော့ချင်းရိမြိုနဲ့ ဖိန်အန်းမြို့ကြားရှိ မာလာပန်းမြိုင်ရဲ့ စံအိမ်တော်တွင် ရန်စီရာ အမတ်ရဲ့အိမ်တော်မှသခင်လေးဟာ နေ့စဥ် ပန်ချီပညာလာရောက်သင်ယူလေ့ရှိသည်။
ယခုလည်းပဲ ချိုက်သခင်မလေးနဲ့အတူတူ ချန်ပြည်နယ်ရဲ့ အထင်ကရ တောင်တန်းကြီးရှိရာဆီ
ခရီးထွက်ခဲ့ပြန်တယ်။သူတို့ရဲ့စိတ်ကူးကတော့
တောတောင်ရေမြေတွေရဲ့ အဓိက ပင်မအလှတရားတို့ကို မျက်ဝါးထင်ထင် ပုံဖော်ရေးဆွဲဖို့ရန်ဖြစ်သည်။
YOU ARE READING
မြွေဖြူနတ်ဘုရားရဲ့ကြင်ယာတော်✅(Complete) ✅
Historical Fictionပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်.. သိချင်ကြလား။🤔🤔