New Extra EP(152.1)(U+Z)

2.2K 263 5
                                    

ယန်ရိုမင် တစ်ယောက် ရိုက်ကူးရေး လုပ်နေရင်း ဖျားလေတယ်။

လက်ရှိတွင်သူကနာမည်ကြီးဒါရိုက်တာတစ်ဦးရဲ့ Fantasyအမျိုးအစား ရုပ်ရှင်ကြီး တစ်ခုတွင် သရုပ်ဆောင်ကာရိုက်ကူးနေချိန်ပင်ဖြစ်ပြီး ပုံမှန်အားဖြင့် သူက ထိုသို့သောအကြောင်းအရာတွေကို စိတ်ဝင်စားလေ့မရှိသော်လည်း ဇာတ်ရုပ်အသစ်တစ်ခုကိုလည်း
ကြိုးစားကြည့်ချင်တယ်၊ထုတ်လုပ်သူနဲ့
ဒါရိုက်တာကလည်း မဖြစ်မနေရိုက်ပေးဖို့အတွက်ကမ်းလှမ်းလာသည်မို့ နောက်ဆုံးတွင် ထိုရုပ်ရှင်ဇာတ်ကားကြီးကို သူလက်ခံဖြစ်ခဲ့ရခြင်းပင်။

ရှရှင်းချန်က နောက်ပိုင်းတွင်သူ့ကို မေးလာပြန်တယ်။

"မင်ကော အဲ့ဒါကို ရိုက်ပြီးပိုက်ဆံထပ်ရှာဖို့ လိုလို့လား ?"

သူ့စကားတွေကို ကြားတဲ့အခါယန်ရိုမင်က ပြုံးပြီး ပြောလာတယ်။

"ကိုယ်ကအပေါ်ယံကိုဘဲလွယ်လွယ်
တွေးတတ်တဲ့သူတစ်ယောက်လား ?"

သူက ထိုရုပ်ရှင်ထဲ၌ မျက်နှာပေါ်မှာ မုတ်ဆိတ်မွှေးတွေနဲ့ လုံးဝကို တည်ကြည်လေးနက်တဲ့ဧကရာဇ်တစ်ပါးပုံစံ သရုပ်ဆောင်ရတယ်၊သူက နဂါးရုပ်အကြီးကြီး ပါဝင်တဲ့ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ပြီး သူ့မျက်လုံးတွေအောက်၌အနက်ရောင်မျက်ရစ်လေးတွေပင်ရှိနေတယ်။

သူ့ကို ဖျားနာစေတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းက
ရေပူစမ်းတွင်ရိုက်ရတဲ့အခန်းဖြစ်တယ်။
ရေပူစမ်းက သဘာဝအလျောက်ရေပူစမ်း တစ်ခု မဟုတ်ဘဲ ဒါရိုက်တာက ရေငွေ့တွေ
ကိုရိုက်ယူချင်တာမို့ ရေပူစမ်းတစ်ခု ဖန်တီးရန် တောင်းဆိုလာပြီး ရေမှုန်ရေမွှားတွေလည်းကျဆင်းလျက်စိုစွတ်နေသည်အထိ
ပြုလုပ်ထားတယ်၊ပြည့်စုံကောင်းမွန်သည်အထိထို အခန်းအား နှစ်ရက် သုံးရက်ကြာသည် အထိတိုင်ရေထဲတွင်ရိုက်ကူးရပြန်တယ်၊ဒါရိုက်တာကတော့ထိုအခန်းအတွက်
စိတ်ကျေနပ်မှု ရရှိသွားချိန်တွင် ယန်ရိုမင်ကတော့ အဖျားကြီးပြီး ဟိုတယ်ခန်းထဲ၌
လဲလျောင်းနေရတယ်။

နောက်တနေ့မှာတော့ ယန်ရိုမင် ဆေးရုံသို့
သွားပြီးလိုအပ်တဲ့သောက်ဆေးနဲ့ ထိုးဆေးတွေ ကို ဆရာဝန်ညွန်ကြားသည့်အတိုင်း
ပြုလုပ်ပြီး ညဘက်မှာတော့ ဟိုတယ်ဆီသို့
ပြန်လာခဲ့တယ်။

You'll also like

          

လီယွမ်က သူ့ကို တစ်ခုခုလေး စားချင်လားလို့မေးလာတယ်။

ယန်ရိုမင်က သူအခုလက်ရှိတွင် မဆာဘူး မို့
မစားလိုကြောင်း ငြင်းပယ်ရင်းသူဗိုက်ဆာမှပြောမယ်လို့ လီယွမ်ကို ပြောတာမို့ လီယွမ်
အရင်ပြန်သွားတယ်။

ယန်ရိုမင်သူ့အခန်းထဲမှမီးကို မှိန်ပျပျလေးဘဲ ထားလိုက်ပြီး သူ့ အဝတ်တွေကို ချွတ်ရန် ခုတင်ဘေးတွင် မတ်တပ်ရပ်လိုက်တယ်၊
သူ နည်းနည်းလဲ ပင်ပန်းနေတယ်၊လည်ပင်း
အောက်မှစပြီး ရှပ်အကျီမှကြယ်သီးတွေကို
တစ်ခုပြီး တစ်ခု ဖြုတ်လိုက်တယ်၊မျက်လုံးတွေကို မှိတ်ထားပြီး လည်ပင်းမှတင်းကြပ်နေသည်အား အနည်းငယ်ခေါင်းလေးမော့ရင်း ငြိမ်သက်နေမိတယ်။

ရှပ်အကျီကို ရင်ဖွင့်ပြီးနောက်,သူ့ခါးပတ်ခေါင်းနဲ့ ဘောင်းဘီမှကြယ်သီးတွေ ကို ဖြုတ်
ပြီး ဇစ်ကိုအောက်သို့ဆွဲချလိုက်တယ်၊သူဘောင်းဘီ ချွတ်ခါနီးမှာဘဲ တံခါးခေါက်သံကြားလိုက်ရတယ်။

ယန်ရိုမင် အပြင်ဘက်ကို တချက်ကြည့်ပြီးနောက် ဘောင်းဘီဇစ်ကိုပြန်ဆွဲတင်ကာ
သူ့ ရှပ်အကျီမှကြယ်သီး တစ်လုံးကို ပြန်တပ်လိုက်ရင်းတံခါးဝဆီသို့ လျှောက်လာပြီး
တံခါးဖွင့်လိုက်တယ်။

တံခါးအပြင်ဘက်ရှိလူက ဘေ့စ်ဘောယူနီဖောင်းနဲ့ ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားပြီး ဘေစ့်ဘောဦးထုပ်ကိုလည်း
ခပ်ငိုက်ငိုက်လေး ဆောင်းထားတယ် ၊
ယန်ရိုမင် တံခါး ဖွင့်လာလာချင်းပင်
သူ့ဘာသာအထဲသို့ လျှောက်လာပြီး
တံခါးကိုခြေဖြင့်ကန်ကာပိတ်လိုက်တယ်။
စက္ကန့်ပိုင်းလေး အတွင်းမှာဘဲ ထိုသူက
ယန်ရိုမင် ပခုံးတွေကို ဆုပ်ကိုင်ပြီး နှုတ်ခမ်းတွေကို နမ်းလာတယ်။

ယန်ရိုမင် ပင်ပန်းနွမ်းနယ်ပြီး သူ့ကိုယ်သူတောင် မနည်းတည့်မတ်နေရတယ်၊သူစကား မပြောနိုင်ခင်မှာဘဲ သူ့နှုတ်ခမ်းတွေ ပူထူသွားပြီ၊နောက်ဆုံးတော့ လွတ်လွတ်လပ်လပ်အသက်ရှုနိုင်ပြီဆိုမှသူ့ဘက်ကနေ စကား
စပြောလိုက်တယ်။

"ကိုယ်အအေးမိနေတယ်...ကလေးကို
မကူးစေနဲ့ "

ရှရှင်းချန်က ပြန်ပြီး ပြောလာတယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now