အပိုင်း(29)☘️☘️☘️(U+Z)

17.7K 859 302
                                    

I am your shadow(ငါဟာမင်းရဲ့အရိပ်)

အပိုင်း(29)...

Unicode......

ရွာ​နေတဲ့မိုးကတိတ်​ခြင်းမရှိ။

လမ်ဘေးတစ်ဖက်တစ်ချပ်ကပျက်စီးနေတဲ့ကားလေးနှစ်စီးထဲမှသွေးများဟာလည်း လမ်းမထက်သို့ယိုဖိမ့်နေသည်။

အ​ရေးပေါ်တင်ကားရဲ့အချက်ပြသံတွေဟာလည်းတစ်ဝှီဝှီနှင့် ရင်မောစရာအတိ။

မည်းမှောင်နေတဲ့ကောင်ကင်ကြီးက တစ်ဂျိမ်းဂျိမ်းနှင့်
ခြိမ်းနေသည်။တစ်အုံးအုံးနှင့်ရွာနေ
သောမိုးကလည်းစဲခြင်းမရှိ။

ကဗ္ဘာတစ်ခုလုံး ပြိုကျတော့မဲ့အကြောင်းကဂုဏ်တို့ကားလေးလမ်း
မထက်မှာ တိမ်းမှောက်သွားသည်တဲ့။

ကြားကြားချင်းအရိပ်လည်း
ကားယူကာ အမြန်ဆုံးနှုန်းနဲ့မောင်းလာခဲ့မိသည်။မီးပွိုင့်တွေလည်းမမြင်တော့။ကားဟွန်းတီးသံတွေလည်းမကြားတော့။

ရင်ထဲမှာစို့နင့်နေတဲ့ခံစားချက်နဲ့အတူ ဂုဏ်နှင့်နွေကိုစိတ်ပူနေတာကလွဲလို့ဘာမှမသိတော့..

ဒီနေ့မှပို၍သဲကြီးမဲကြီးရွာနေတဲ့မိုးကြောင့် ကားလမ်းများကရေများဖြင့်လျှော်နေသည်။

အမြန်မောင်းပေမဲ့ထင်သလောက်ခရီးမရောက်။

ရက်စက်တဲ့မိုးကြီးကအရိပ်တို့ကိုလှောင်နေသယောင်ယောင်။

" တိတ်ပါတော့ ကျေးဇူးပြုပြီးတိတ်ပေးပါ"

မိုးကိုသိပ်ချစ်တဲ့ကလေးငယ်က မိုးကိုတိတ်ခိုင်းနေမှန်း ဂုဏ်သာကြားရင်ရီတော့မှာပဲ။

လူတွေအုံနေတဲ့တစ်နေရာရောက်တော့ အရိပ်ကားရပ်လိုက်သည်။ခံစားမှုမရှိတော့တဲ့လက်တစ်စုံဖြင့် တစ်လဲ့လဲ့တုန်နေသောရင်ဘတ်ကိုဖိကာ ကားထဲမှဆင်းလာမိသည်။

"ဟယ် သွေးတွေမှအများကြီး အသက်မှရှင်နိုင်ပါ့မလားဟယ်"

"ဟုတ်တယ်ဟ ငါကြည့်ပြီးကြက်သီးပါထတယ်"

"ကောင်လေးတွေက ငယ်ငယ်ချောချောလေးတွေပါဟယ် သေသွားရင်နှမြောစရာကြီး"

"အင်းဘယ်တတ်နိုင်ပါ့မလဲ"

လူအုပ်ကြားထဲကအသံတစ်ချို့ကြောင်အရိပ်ရင်ထဲစိုးရိမ်လာမိသည်။လူအုပ်ကိုတွန်းဖယ်ကာ ဝင်သွားမိတော့..

I am your shadow💙(Season (1) Complete)💙Where stories live. Discover now