Part_42💖

11.4K 643 41
                                    

Unicode

မုန်းမာန်ခသူ့ရင်ခွင်ထဲမှာ အိပ်စက်နေတဲ့ငါးပူတင်းလေးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိတယ်။ကလေးကအခုပိုပြီးတော့တောင်ချစ်ဖို့ကောင်းလာလိုက်တာ ကိုယ်၀န်ဆောင်တဲ့အချိန်မို့လို့ အစားကိုအရင်ကထက်လဲပိုစားလာတယ်။ခန္ဓာကိုယ်လေးကလဲပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ငါးပူတင်းလေးအတိုင်းဘဲ။

"အင်း...ဟင်း..."
လှုပ်စ်ိလှုပ်စိဖြစ်လာတဲ့အကောင်ပေါက်လေးရဲ့ မျက်နှာလေးကို မုန်းမာန်ခသူ့လက်ချောင်းတွေနဲ့တို့ထိလိုက်ပြီး။

"ကလေးနိုးပြီလား"

"အင်း...ဗိုက်ဆာတယ်"
နှုတ်ခမ်းလေးဆူထော်ပြီး အစားစားဖို့အရင်ပြောနေတဲ့ လွန်းသားဖြူကြောင့်မုန်းမာန်ခပြုံးလိုက်၍။

"ဟော...နိုးတာနဲ့ စားမယ်ဆိုတာကြီးဘဲ"
ထိုစကားကြောင့် လွန်းသားဖြူသူ့ဗိုက်လေးကို လက်ည်ိုးလေးနဲ့ထိုးပြရင်း။

"ဦးကလဲ ကလေးကစားချင်လို့စားတာမဟုတ်ပါဘူးနော် ဟောဒီဗိုက်ထဲက ပေါက်စလေးတောင်းနေလို့ပါ"

"အမယ်...ပေါက်စလေးကြောင့်ပေါ့"

"ဟုတ်တယ် ပေါက်စလေးစားနေတာ ကလေးစားတာဟုတ်ဘူး"
နှုတ်ခမ်းလေးထော်ပြီး မျက်လုံးလေးဝိုင်းကာပြောနေတဲ့ ချစ်ရသူလေးကြောင့်မုန်းမာန်ခ အသည်းယားယား။

"ဟုတ်ပါပြီဗျာ အဲ့တာဆိုလဲ ထတော့"

"ကလေးခနနေအုန်းမယ် ဦးအရင်မျက်နှာသွားသစ်"

"သဘော အဲ့တာဆို ဦးမျက်နှာသွားသစ်လိုက်အုန်းမယ်"

"ဟုတ်"
လွန်းသားဖြူရဲ့နဖူးလေးကိုနမ်းပြီး မုန်းမာန်ခရေချိုးခန်းထဲ၀င်ကာရေမိုးချိုးလိုက်သည်။ခနကြတော့မုန်းမာန်ခပြန်ထွက်လာ၏။

"ကလေး ဦးပြီး..."
မုန်းမာန်ခသူ့ရှေ့မှာကိုယ်တုံးလုံးနဲ့ကလေးလေးကြောင့် ကြောင်အစွာကြည့်နေမိတယ်။

"ဦးဘာဖြစ်နေတာလဲ"

"ဘာ...ဘာမှမဖြစ်ဘူး ကလေးကဘာလို့ အကျီတွေအကုန်ချွတ်ထားတာလဲ"

"အော် ရေချိုးမလို့လေ"

"မြန်...မြန်မြန်သွားချိုးတော့"

သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်...💔S_1{completed}Where stories live. Discover now