"ဒါဆို သခင်ကြီးနဲ့ အဲ့ကောင်လေးက အတူမရှိကြတော့ဘူးပေါ့ ဟုတ်လား ဘိုးလေး အဲလက်(စ်)"
"တစ္ဆေပွဲတော်ညတိုင်း မြိုင်ဟေဝန်တောအုပ်ကြီးထဲကစောင်းတီးပြမယ်ဆိုတဲ့ သခင်ကြီးကရော ပွဲတော်ညတိုင်း စောင်းတီးလား ဟင် ---!ဘိုးလေး အဲလက်(စ်)"
"မင်းသိချင်ရင် တောထဲသွားပြီး နားထောင်ပေါ့"
"အမလေး မသိချင်ပါဘူး ဒီအတိုင်း သိချင်လို့
မေးတာ ။ဘိုးလေး အဲလက်(စ်)ပြောပုံအရဆို
သူက ငွေမျှင်ရောင် ဆံပင်တွေနဲ့တဲ့လေ ကြောက်စရာကြီး။ မသွားရဲပါဘူး ကိုယ့်ဘာသာ ပွဲတော်ရက်ပွဲခင်းထဲ ပတ်တာကမှ ဟုတ်အုံးမယ်"တစ်ယောက်တစ်ပေါက် ဘိုးလေး အဲလက်(စ် ) ဆိုသူ၏ စကားကို ခွန်းတုံ့ပြန် မေးနေကြပေမယ့်
ဘိုးလေးအဲလက်(စ်)ဆိုသူကတော့ ရေနွေးကိုသာသောက်ရင်း မြိုင်ဟေဝန်တောအုပ်ကြီးကို
ပြုံးရယ်လျှက် ကြည့်နေကာ မျက်နှာထပ်
အရိပ်အကဲ ခတ်လို့မရတဲ့ ပုံနှင့် ရှိနေသည်။"ကဲ မင်းတို့လဲ မေးမနေနဲ့ ဘိုးလေး အဲလက်(စ်)
ဘယ်တုန်းက ဖြေဖူးလို့လဲ။ နှစ်တိုင်းနားထောင်လာတဲ့ငါမေးရင်တောင်ပြောပြတာမဟုတ်ဘူး။""မင်းမေးတာ ဘယ်ဖြေမလဲ။ မင်းက ထွတ်ထွတ်ထွင်ထွင် မေးတာကိုး ။ငါတို့က သိချင်တာပဲမေးတာ ဟုတ်တယ်မလား ဘိုးလေး အဲလက်(စ်)"
ကွပ်ပျစ်ပေါ်ဝိုင်းထိုင်လျှက်ရှိနေကြသည့် ကလေးတွေထဲ ခေါင်းတစ်လုံးသာသူ စိုင်းနောင်ခနဲ့ ကျန်ကလေး၏ အချေအပစကားကို အဲလက်(စ်)ပြုံးပြုံးလေးသာ ကြည့်လိုက်ပြီး ။
"မင်းတို့ သိချင်တဲ့ အဖြေက ပုံပြင်ထဲမှာပဲ ရှိတယ်။မင်းတို့ဘာသာ ပြန်ဆန်းစစ်ကြည့် ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဘိုးလေးအဲလက်(စ်)"
ကလေးများ၏အဖြေက တတ်ကြွနေဟန်ဖြင့် အဖြေရှာတော့မည့်အတိုင်း ။ ဆယ်စုနှစ်တွေ ပြောင်းသွားသည့်တိုင် ဖြေရှင်းမရသည့် ပုစ္စာတစ်ပုဒ်ကို ဖြေရှင်းမည့်အတိုင်း ရှိနေကြသည်။
ခက်တာက မည်သူပင် ဖြစ်စေ တစ္ဆေပွဲတော်ညရောက်တိုင်း မြိုင်ဟေဝန်တောအုပ်ကြီးမှ စောင်းတီးသံမပြောနှင့် ညအချိန် ကျက်စားကြသည့် တိရစ္ဆာန်လေးတို့၏ အသံကိုတောင် ကြားရခြင်း အလျှင်းကင်းမဲ့စွာ တောအုပ်ကြီးက စိတ်ငြိမ်လျှက် ။ဒါဆို သျှန် အဲလက်(စ်)ကို ပေးခဲ့သည့် ကတိက တည်ရော တည်ခဲ့ရဲ့လား။ ဒါတော့ ကံယာကံရှင်တွေ ဖြစ်ကြသည့် သျှန် နှင့် အဲလက်(စ်) သာ သိကြမည် ဖြစ်သည် ။
YOU ARE READING
I can say ; this night is Halloween night ( Completed) 💙✨
Historical FictionHalloween mood ရလာရျ် story ပုံစံ ဖန်တီးမိခြင်းပါ။ စိတ်ကူးယဉ် ဖန်တီးမှုဖြစ်ရျ် ဇတ်အားလုံးဟာ စာရေးသူ ကြိုးဆွဲရာ အတိုင်းသာ ရေးသားထာားပါတယ်။ Halloweenမှာ ပျော်ချင်ရင် လာပျော်နိုင်ပါကြောင်း။ Edit: အုန်းပေါင်း အဝစားပါတဲ့နော်✌️ Halloween mood ရလာရ်္ stor...