Unicode//
"မင်းခိုက်ဦးမာန်"
ခေါ်လိုက်တော့ သူ့ကိုကြောင်စီစီနှင့်ပြန်ကြည့်နေသောကောင်လေးကြောင့် နှုတ်ခမ်းထောင့်လေးတွန့်ရုံပြုံးလိုက်ပြီး...
"အဲ့ဒါမင်းရဲ့နာမည်အရင်းပဲ...မာန်လေး..."
"ဗျာ!"
ရုတ်တရက်နာမည်ကိုထုတ်ပြောလာပြီး အခေါ်အဝေါ်ပါတန်းပြောင်းလိုက်သော Jack။
ကျွန်တော့်နာမည်ကို Jackက အစောကြီးကတည်းကသိနေခဲ့တာလား။ဒါဆို အရင်ကတည်းကကျွန်တော့်ကိုညာခဲ့တာပေါ့။ဒီ ၅နှစ်အတွင်း ကျွန်တော်အသည်းအသန်မေးနေခဲ့တာတောင် ခင်ဗျားဘက်က ဘူးခံပြီး တမင်ငြင်းနေခဲ့တာပေါ့။
မာန်လေး၏ခေါင်းထဲတွင်အတွေးပေါင်းစုံတို့ဖြင့် ယောက်ယက်ခတ်သွားတော့သည်။ ထို့နောက်...
ဒါဆိုဟိုနေ့ကကျွန်တော်ကိုပြေးဖက်တဲ့အစ်ကိုကဘယ်သူလဲ...
မာန်လေးတစ်ယောက် ထ်ိုနေ့ကကိစ္စကိုပြန်တွေးရင်း ရင်ဘတ်ထဲမှ စူးအောင့်လာသည်။ထိုနေ့ကစပြီး သူ့အတွေးထဲမှာ သူ့ကိုလာဖက်သည့်အစ်ကိုကြီး၏မျက်နှာနှင့်စကားများသာကြီးစိုးနေခဲ့သည်မို့.....။
"မင်းကိုယ့်ကိုမေးစရာရှိသေးလား"
ဪ...မေးတတ်လိုက်တာ ခင်ဗျား...
မေးစရာများလွန်း၍ အစရှာမတွေ့ဖြစ်နေသည်မို့ နှုတ်ဆိတ်နေလိုက်မိသည်။
"Okလေ...မေးစရာမရှိဘူးဆိုရင် ကိုယ်သွားတော့မယ်..."
"ခဏ..."
ပြည့်သျှင်တစ်ယောက်ထရပ်ဖို့ပြင်လိုက်တော့မှ ထိုကောင်လေးဆီကအသံထွက်လာသည်မို့ ပြန်ထိုင်ပြီး စကားကိုစောင့်နေလိုက်သည်။
"ဟို..."
"ရဲရဲမေးလို့ရတယ် မာန်လေး"
တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသောကောင်လေးကိုအားပေးသလိုပြောလိုက်တော့မှ....
"ဟိုအစ်ကိုနဲ့ကျွန်တော်ကဘယ်လိုပတ်သတ်တာလဲ"
"အများအမြင်မှာတော့ ညီအစ်ကိုလိုပဲ"
"ဗျာ...ဘယ်လိုလဲ...ကျွန်တော်သိပ်နားမလည်ဘူး"
"ဟက်....မင်းခေါင်းပြန်ကောင်းရင်သေချာသိမှာပေါ့ကွ"
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...