ep (29)

4.3K 396 30
                                    

ညနေခင်းလေးဟာတစ်ကယ်လှပပါတယ်။ ပုစွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးဟာချစ်ဖို့ကောင်းသလို ငှက်ကလေးတွေမိမိနေရာအရပ်ဆီကို ပြန်နေကြတဲ့မြင်ကွင်းကလည်း တကယ်လှပတဲ့ပန်းချီကားတစ်ချပ်။ မလှပနိုင်ကတော့ ထန်းရင်းရိုင်ဆိုတဲ့လူပဲ။ပြောင်းပြန်ဖြစ်သွားတဲ့ အခြေနေကိုတစ်ကယ်နားမလည်နိုင်။

ခြံရှေ့ကုက္ကိုပင်အောက်ကခုံပေါ်မှာ တစ်ယောက်ထဲအဖော်မဲ့စွာ။ အချစ်ကိုထန်းကအိမ်ပြန်မလွှတ်ဖူး ဖမ်းထားမယ်လို့တွေးထားခဲ့ပေမယ့် ရက်စက်နိုင်တဲ့အချစ်ကထန်းလက်ကိုကိုက်ပြီး ကိုက်လျှက်သားနဲ့အိမ်ရှေ့ဆွဲထုတ်လာခဲ့သည်။ပြီးတော့တံခါးကိုဂျက်ချပြီး အိမ်ထဲလုံး၀ပေးမ၀င်။

ပြတင်းပေါက်ကကျော်တက်မယ်ပြင်တော့ အပေါ်တောင်မရောက်သေးဘူး ဘယ်ကယူလာမှန်းမသိတဲ့ တုတ်နဲ့ထိုးချသည်။ ထန်း၀မ်းနည်းလွန်းလို့ ဘာမှမပြောနိုင်တော့။ မနက်ထဲကလည်း ဘာမှမစားရသေး။ အချစ်ကိုလုပ်ကျွေးခိုင်းဖို့ ၀ယ်ခဲ့တဲ့မုန့်ဟင်းခါးပစ္စည်းတွေက အချစ်ရဲ့အသုံးချမှုကို ခံလိုက်ရသည်ဖြစ်မည်။ သင်းပျံ့လာတဲ့မုန့်ဟင်းခါးနံ့က ထန်းနှာခေါင်းကိုလာလာခလုတ်တိုက်သည်။

~ဂွီ!~

အား...ဗိုက်ဆာလိုက်တာ!!

ထန်းမုန့်၀ယ်စားလို့လည်းမရ။ပိုက်ဆံအိတ် ၊ကားသော့အကုန်အိမ်ထဲမှာ။ ထန်း ဗိုက်ဆာလွန်းလို့ လက်တွေခြေထောက်တွေတောင်တုန်နေပြီ။

"ထန်း လာခဲ့"

အား...ပျော်လိုက်တာ၊ ထန်းမတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့။ ဒါပေမယ့်ကြိုးစားပြီးအိမ်ထဲသွားလိုက်သည်။မနက်ထဲကညနေ(4)နာရီထိ ထမင်းမစားရတာထန်းနေနိုင်ပေမယ့် အချစ်ကိုလွမ်းလို့မစားခဲ့တဲ့ထမင်းတွေက အချစ်ကိုတွေ့တော့ဆာလာသည်။

"မင်း..ကောင်းကောင်းလျှောက်နိုင်ရဲ့လား"

ထန်းကိုတွဲပြီးမေးလာတဲ့အချစ်။ ထန်းဟာဗိုက်မဆာတော့ပါဘူး။ ရင်ထဲမှာအပျော်တွေပြည့်သွားတယ်ဆိုရင် ထန်းမိုင်မပိုမိပါဘူးနော်။ တကယ်ဗိုက်မဆာတော့ဘူး။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now