Chapter :5 ( You're So Funny ! 🤣)

215 17 0
                                    

Unicode Version 

နောက်တနေ့မနက်ရောက်တော့ ချောင်မင်းဟန်တို့သားအဖနှစ်ယောက်လုံး   အားဇယ်တို့အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတယ်။ ခါတိုင်းနေ့တွေဆို နေဖင်ထိုးမှ အိပ်ရာထကြတဲ့ သားအဖနှစ်ယောက်က အခုများတော့   တစ်ခါမှ မဝတ်ဖူးတဲ့အဝတ်အစားသစ်တွေဝတ်ပြီး သပ်သပ်ရပ်ရပ်နဲ့ ။ 

ချောင်ယွဲ့ချန်ကလည်း  သူ့မှာရှိတဲ့ အဝတ်အစားတွေထဲက  ကောင်းမယ်ထင်တာလေးတွေရွေးဝတ်၊ သားလေးကိုလည်း သူငယ်ချင်းအိမ် အလည်သွားမှာဆိုတော့..  သူ့ကျောင်းဝတ်စုံလေးတွေထဲက အသန့်ဆုံးဖြစ်မဲ့ ဝတ်စုံလေးတွေကို ရွေးထုတ်ပြီး  သူကိုယ်တိုင်မီးပူတိုက်ပေးခဲ့တာ။ 

 သူ့စိတ်ထဲမှာတော့ သူတို့သားအဖနှစ်ယောက် ဘယ်လောက်ပဲဆင်းရဲချို့တဲ့ပါစေ.. အနည်းဆုံးတော့ လူ့အောက်မကျအောင် ဝတ်စားဆင်ယင်ဖို့ကအရေးကြီးတယ်။ 

သူကတော့ လူကြီးပီပီ ပေတီးပေစုတ်နေလို့ရပေမဲ့ သားလေးက အခုကျောင်းတန်းလန်းနဲ့ဆိုတော့ မတော်တဆများ သူ့သူငယ်ချင်းတွေနဲ့လမ်းမှာ  တန်းတိုးခဲ့ရင် သားလေးကျောင်းမှာ အနှိမ်ခံရမှာ  ။ ဒါကိုတွေးမိတော့ သူ့ကိုယ်သူ မိဘအုပ်ထိန်းသူတစ်ယောက်အနေနဲ့ သွားမိတ်ဆက်တယ်လို့ပဲ သဘောထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မွှေးကြိုင်နေအောင် ရေချိုးသန့်စင်ပြီး  ပိုပိုလိုလို ဖြစ်အောင်ရေမွေးတွေပါစွတ်ချလာတယ်။ 

" ဗျို့ အကိုကြီး.. အိမ်မှာလူရှိလားဗျို့ "


 တဖက်မှာလည်း  စောနလေးတင်မှ အိပ်ရာထလာတဲ့ ဟန်ချိုး ခင်မျာ အသံကြားတာနဲ့ အပြင်ကို ကသောကမျော ပြေးထွက်လာတယ်။ 

ခြံတံခါးဝရှေ့မှာ အပြာရင့်ရောင် အားကစားဘောင်းဘီဝမ်းဆက်နဲ့  ခပ်ချောချောကောင်လေးတစ်ယောက်က သူ့ဖခင်ဖြစ်ဟန်တူတဲ့ လူရွယ်နဲ့ အတူ ဆိုင်ရှေ့မှ မပ်တပ်ရပ်နေတာမြင်တော့  သူလည်း အစကဘာလုပ်ရမှန်းမသိ။  ကြောင်အနေရင်း  သေချာကြည့်တော့မှ  မနေ့က အိမ်လာလည်သွားတဲ့ အားဇယ်ရဲ့ သူငယ်ချင်းကောင်လေး ဖြစ်နေမှန်း သိလိုက်ရတော့တယ်။ 

Be My Summer  ( Arc 2) Side Story  {程 Chéng  version }Where stories live. Discover now