< Unicode >
မနက်ကတည်းက စိတ်မကြည်ဖြစ်သွားတာမလို့
ဆောင်းဟွန်း သူ့ကိုယ်ပိုင်အခန်းထဲကို ဝင်လာပြီး
လွယ်အိတ်ကို ပစ်ချလိုက်သည်။ ဆောင်းဟွန်း
ဘယ်လောက်အထိ ဒေါသထွက်နေကြောင်းကို
အခန်းထဲမှ ဂျေးလည်း သေသေချာချာကို ရိပ်မိနေသည်။" လာပြီပဲ ငါတို့မင်းသားလေး ဆောင်းဟွန်း "
" တိုးတိုးနေ နားညီးတယ် "
" ပြောပါဦး ဘာတွေဒေါသထွက်လာရတာလဲ "
" ကင်မ်ဆောနူဆိုတဲ့ ကောင်လေးအကြောင်း
ငါသိချင်တယ် "ဆောင်းဟွန်းထံမှ ပထမဆုံးအကြိမ် ဖွင့်ဟ
ပြောဆိုဖူးသည့် ကောင်လေးဖြစ်တာကြောင့် ဂျေး
မသိမသာလေး ပြုံးမိသည်။ နောက်ဆုံးတော့ သူငယ်ချင်းကြီး ချစ်တတ်လာတော့မှာပါလား။ ဒါက
ထင်မြင်ချက်သက်သက်ပါ။ မချစ်ပဲ
သတ်ပစ်မှာလည်းဖြစ်နိုင်သေးသည်။
ပတ်ဆောင်းဟွန်းဆိုတာ ဒေါသထွက်ရင်
ကလေးတစ်ယောက်လိုမျိုး မည်းမည်းမြင်ရာ
အကုန် လုပ်တတ်သည့် ကောင်။" ငါပြောထားလိုက်မယ် အဲ့ကောင်လေးအကြောင်း
စုံစမ်းဖို့ "" စုံပဲ စုံစမ်းခိုင်း မထိနဲ့ အဲ့ကောင်လေးကို "
အယ် .. ဘယ်သူကထိမယ် ပြောလို့လဲ။
မျက်မှောင်ကြုတ်နေသည့် ပတ်ဆောင်းဟွန်းသည်
ဂျေးအတွက် အသစ်အဆန်းဖြစ်နေသည်။
တကယ်တမ်း ခင်လာတဲ့သက်တမ်းတစ်လျှောက်လုံး
သူဒီလို ဆောင်းဟွန်းကို ပထမဆုံးမြင်ဖူးတာဖြစ်သည်။
ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ စိတ်မဝင်စားပဲ
ဆိုးချင်တိုင်းဆိုးသည့် ဆောင်းဟွန်းမှ ဟုတ်ရဲ့လား။ဘုရားစူး ပတ်ဆောင်းဟွန်းက မထိဖို့ပြောတယ်ဟုတ်လား။ ပတ်ဆောင်းဟွန်းကလေ...။
ဘယ်သူ့ကိုမှ စိတ်မဝင်စားတဲ့ ပတ်ဆောင်းဟွန်းကလေ..။ကျောင်းအသစ်ဖြစ်တာကြောင့် ဆောနူအတွက် အရာရာ အသစ်အဆန်းပင် ဖြစ်နေသည်။ သူဌေးတွေ
ပြောရမယ်ဆိုရင် ရွှေဇွန်းကိုက်မွေးလာတဲ့လူတွေ
တက်တဲ့ အထက်တန်းကျောင်းတဲ့လေ။ဒါတွေက ကင်မ်ဆောနူအတွက် ဘာဆို ဘာမှ
မသက်ဆိုင်သည့်နေရာ...။
ဖေဖေ့အလုပ်ရှင်သည် လိမ္မာသည့် သူ့အတွက်
အခွင့်အရေးပေးလို့သာ လာတက်တာဖြစ်သည်။
စာကိုလိုချင်လွန်းလို့ ကျောင်းကိုတတ်ချင်လွန်းလို့ တတ်တာတွေလဲ မဟုတ်ပေ။ အဖေမျက်နှာပျက်မှာစိုး တာကြောင့် လာတတ်တာဖြစ်သည်။ ဒါကြောင့်လည်း
ငြိမ်ငြိမ်ကလေး နေမည်ဟု တွေးထားပါသည်။ပန်းရောင်ဆံပင်တွေကို လက်ဖြင့် ကြမ်းတမ်းစွာ
ထိုးဖွလိုက်ပြီး အကြောဆန့်ရင်း ကျောင်း Cafe ဖက်သို့ ဦးတည်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကော်ဖီလေး
တစ်ခွက်သောက်ဖို့တော့ ပိုက်ဆံလောက်မယ် ထင်ပါရဲ့။ မလောက်လည်း မသောက်ဖူးပေါ့ မထူးဆန်းပါဘူး။ကော်ဖီတစ်ခွက်ကို ကိုင်ရင်း လမ်းလျှောက်
နေသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ မျက်နှာကို တွေ့လိုက်ရသည်။ မနက်က ဘဝင်ရူးရယ် သူ့ဘေးက
နောက် ဘဝင်ရူးတွေရယ် ၊ ဝိုင်းဝိုင်းလည်နေတဲ့
ကောင်မလေးတွေရယ် ထိုင်နေသည့် ဝိုင်းက
သူ့ကို လှောင်ပြုံးများဖြင့် ကြည့်နေသည် ဆိုတာကိုပင်။ဘဝင်ရူးက လျှာတစ်ချက်ထုတ်ပြပြီး ရယ်သည်။ ဘဝင်ရူးတာတင်မက ဘရိန်းပါ ချောင်နေတာနေမယ် ဒီကောင်က။ ဘေးက လူတွေကလည်း
အူလှိုက်သည်းလှိုက်ရယ်သည်။ သူကတော့
မျက်မှောင်ကြုတ်ပြီးတော့ သက်ပြင်းချမိသည်။
အရေးထဲ သကောင့်သား Fanတွေကလည်း
ချောလိုက်တာဆိုပြီး အော်ဟစ်နေသေးသည်။ထိုဝိုင်းနားက ဖြတ်ရတာကို မကြောက်ပေမယ့်
လှောင်ပြုံးများကိုတော့ စိတ်ပျက်မိသည်။
ကျောင်းသားကားတွေထဲကလို အနိုင်များကျင့်ခံ
ရတော့မှာလား။ လူတွေက အားလုံးပေါင်း
ခြောက်ယောက်လောက်...၊ ဒါဆို တကယ်ချရင်
သူခံရမယ်ထင်တယ်..။ကော်ဖီခွက်ကို ကိုင်လာပြီး သူတို့ ဝိုင်းနားကို
လျှောက်လာနေသည့် ပန်းရောင်ဆံပင်တွေနဲ့
ကောင်လေးကို သူ အကြည့်ချင်း မဆုံဆုံအောင်
ကြည့်လျက် လျှာထုတ်ပြလိုက်လေသည်။
ထို့နောက် တစ်ဝိုင်းလုံး လှောင်ပြုံးများပြုံးလျက်
ကြည့်လိုက်ကြသည်။သူလျှာထုတ်ပြလိုက်တာကြောင့် ကျောင်းရဲ့
Website မှာ ခဏလေးအတွင်း သူနေရာယူ
နေတော့မည်ဆိုတာသိသည်။ အဲ့ဒီ
အကြောတင်းလေးက ဘယ်လို တုန့်ပြန်မလဲဆိုတာ
သိချင်လှပါရဲ့။