မမျှော်လင့်ထားဘဲ ယူလာတဲ့ အဖိုးတန်ရတနာ......

ဝိုး.......

အကြီးအကဲသုံးဦးမှာ လေးပင်စွာ အသက်ရှူလိုက်ကြကာ သူ့အား စိုက်ကြည့်နေကြသည်။

ဟုတ်လို့လား
ပထမအကြီးအကဲမှာ တုန်ရင်နေသော အသံဖြင့် မေးလေသည်။

ဒုတိယအကြီးအကဲသည် စိတ်မရှည်သော သူ ဖြစ်သည်။ သူ ချက်ချင်း ပြောလိုက်သည်။
ဘာများလဲ မြန်မြန် ပြစမ်းပါဦး

လုပ်ပါမြန်မြန်.... ငါတို့ကို စိတ်လှုပ်ရှားအောင် နောက်မနေနဲ့တော့
တတိယအကြီးအကဲလည်း ဝင်ပြောလေသည်။

လင်မုဖုန်းသည် မျက်နှာ နီမြန်းနေလျက် ပြုံးလိုက်သည်။ သူသည် သူ၏လက်ထဲမှ ဘူးလေးအား မြှောက်ပြလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
ဒီ မှာလေ

အကြီးအကဲသုံးဦးမှာ အသက်ရှူရပ်တန့်သွားကြကာ ဘူးလေးအား စိုက်ကြည့်ကြသည်။

ထို့နောက်မှာတော့ သူတို့ အားလုံး အေးခဲသွားလေသည်။

သူတို့မှာ တောက်ပနေသော ရတနာပစ္စည်း တစ်ခုခု ဖြစ်မည် ဟု မျှော်လင့်ထားခဲ့သော်လည်း စွတ်ပြုတ်ထည့်ထားသော သာမန် ဘူးလေးတစ်ဘူးသာ ဖြစ်နေလေသည်။

ပထမအကြီးအကဲမှာ စိတ်ရှုပ်ထွေးသွားသဖြင့် သူမေးလေသည်။
အဲ့ဒါက.... ကြက်စွတ်ပြုတ်ထည့်ထားတဲ့ ဘူး မဟုတ်လား

မဟုတ်ပါဘူး တကယ်တော့ ဒါက လင်းယုန်စွတ်ပြုတ်ပဲ

လင်မုဖန်းသည် အဖြေမှန်အား ပြောလိုက်သည်။
ဒါက ဆရာကြီးဆီကနေ ကျုပ်တောင်းလာခဲ့တဲ့ လင်းယုန် စွတ်ပြုတ်ပဲ

လင်းယုန်စွတ်ပြုတ်.......

ကြက်စွတ်ပြုတ်နဲ့ ဘာများကွာလို့လဲ....

သူတို့၏ မျက်နှာများတွင် အပြုံးများ မရှိတော့ချေ။ ဂိုဏ်းခေါင်းဆောင်သည်သူတို့အပေါ် မည်ကဲ့သို့ မျှော်လင့်ထားသည်အား မသိတော့ချေ။

သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ခေါင်းခါလိုက်ကြသည်။

သူတို့၏ ဂိုဏ်းခေါင်းဆောင် မှာ ရန်သူတစ်ယောက်နှင့် တိုက်ခိုက်ရင်း ဦးခေါင်းထိခိုက်လာခဲ့ပုံ ပေါ်သည်။ သို့မဟုတ် သူ ရူးသွားပြီလော။

          

ဟားဟားဟား

ရုတ်တရက် ခန်းမထဲမှ တစ်စုံတစ်ယောက်၏ ရယ်သံကျယ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
အဘိုးကြီးလင်....ခင်ဗျားရူးသွားပြီလား....တကယ်ပဲ လင်းယုန်စွတ်ပြုတ်ဘူးလေးတစ်ဘူးကို ရတနာလို ယူလာရသလား....လင်ယွင်အင်မော်တယ်ခုံရုံးက အဲ့လောက်ပဲ ဆင်းရဲသွားပြီလား....ခင်ဗျားတို့ ငတ်ပြတ်နေရင်လည်း ကျုပ်က ပေါင်မုန့်တို့ အသားတို့ ယူလာခဲ့မှာပေါ့ ဟားဟားဟား

လင်မုဖန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ သူသည် အကြီးအကဲသုံးဦး၏ နောက်ဘက်တွင် ရှိနေသော အစိမ်းရောင်အဝတ်အစားနှင့် လူအိုကြီးတစ်ယောက်အား တွေ့လိုက်ရသည်။

စွန်း အဘိုးကြီး...ခင်ဗျားဘာလို့ ဒီကိုရောက်နေတာလဲ
လင်မုဖန်း စိတ်ပျက်သွားလေသည်။

ငါဒီမှာ ရှိနေတာ မင်းကံကောင်းတယ်
စွန်းအဘိုးကြီး သည် ရယ်မောလျက်
သူ့အား လှောင်ပြောင်လေသည်။
ငါဒီမှာရှိနေတာက မင်းရဲ့ လင်းယုန်စွတ်ပြုတ်ထက် အများ၏ တန်ဖိုးကြီးတယ်ကွ

ညီအကိုလင် ခင်ဗျားအသက် တစ်ထောင်ကျော်နေပါပြီ....ကလေးလိုလို လုပ်မနေနဲ့....အဲ့ဒီ့ လင်းယုန်စွတ်ပြုတ်ကို ခဏချထားလိုက်

ခင်ဗျားဒီကို ရောက်လာတာ ကျုပ်က ဘာကို ကံကောင်းရမှာလဲ
လင်မုဖုန်း အထင်သေးစွာ ပြောလိုက်သည်။
ဘယ်အရာကမှ ဒီလင်းယုန် စွတ်ပြုတ်လောက် ကောင်းမှာမဟုတ်ဘူး....ဒီကိုလာပြီး ခင်ဗျား ဟာသလာလုပ်မနေနဲ့

လင်အဘိုးကြီး...ခင်ဗျားရူးသွားပြီလား.....ကျုပ်ရှေ့မှာ နတျသုဒ်ဓါဟငျးလြာ ရှိနေရင်တောင် ကျုပ်က နှစ်ခါမကြည့်တတ်ဘူး....ခင်ဗျားယူလာတဲ့ စွတ်ပြုတ်လောက်ကို ကျုပ်က ဂရုစိုက်မယ် ထင်လို့လား
စွန်းအဘိုးကြီးမှာ ဒေါသများဖြင့် မေးလိုက်သည်။

ဒါက ရိုင်းတာပဲ.....

ဟားဟား...ခင်ဗျားက အုန်းမုတ်ခွက် အောက်က ဖားပဲ....ဒီ လင်းယုန်စွတ်ပြုတ် ဘယ်လောက်ထိ ထူးကဲသလဲဆိူတာ ခင်ဗျား နားမလည်ပါဘူး

လင်မုဖုန်းမှာ ဆုံးဖြတ်ချက် ခိုင်မာသွားသောဟန်ဖြင့် အားလုံးအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စွတ်ပြုတ်ရည်များ ဖိတ်ကျမသွားအောင် ဂရုစိုက်ကာ ဘူး အဖူံးအား ဂရုတစိုက် ဖွင့်လိုက်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now