.. ၂၃၆ ..
4.6K 639 41
《Zawgyi》
အပိုင်း - ၂၃၆
[ဒါပေမယ့် ကိုယ်ကရော? ကိုယ်မင်းကို စောင့်ဆိုင်းနေတယ်ဆိုတာ တစ်ခါမှ သတိမထားမိဘူးလား - ၂ ]
ချန်းကျွင်ရှင်းရေ... ရှင်က ကျွန်မကို အချစ်ဆိုတဲ့ခံစားချက်ကို ပေးစွမ်းနိုင်သူပါ။
ကျွန်မကလေ ရှင်နဲ့ဆုံရမှာ ကြောက်ပေမယ့် ရှင့်ကိုပဲ နေ့တိုင်း မျှော်နေမိပြန်တယ်။
တစ်ကြိမ်တုန်းကဆို အိမ်နီးနားချင်းအဘွားကြီးတွေ ရှင့်အကြောင်း ပြောနေကြတာကိုတောင် ကျွန်မ နားထောင်ဖူးပါသေးတယ်။ သူတို့ပြောတာက ရှင်က ချမ်းသာတဲ့မိသားစုကလာတာတဲ့။ ရှင့်အဖေက ရာထူးကြီးကြီးကဆိုပဲ။ ပြီးတော့ ရှင်ကလည်း ငယ်ငယ်ကတည်းက လူတော်ကလေးပါတဲ့လေ။ ရှင့်အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်နေတဲ့အလုပ်အကိုင်နဲ့ အရမ်းကိုနာမည်ကြီးတယ်ဆိုပဲ။
ချန်းကျွင်ရှင်းရေ အဲ့ဒီတုန်းကဆိုလေ ကျွန်မ အရမ်း သိမ်ငယ်မိသွားတာ။
ရှင်သိတဲ့အတိုင်း ကျွန်မချစ်မိသွားတဲ့လူက အရမ်းကိုထူးချွန်နေတယ်လေ။ ကျွန်မက အရမ်းကို အ​​ကောင်းကြိုက်တတ်တာပဲနော်။
ဒါပေမယ့် ကျွန်မ တကယ်ကို သိမ်ငယ်မိခဲ့တာပါ။
ရှင်က အရမ်းကိုတော်လွန်းတော့ ကျွန်မက ဘယ်လိုလုပ် ရှင်နဲ့တွဲနိုင်တော့မှာလဲလေနော်။
ကျွန်မမှာ ရှင့်ကိုစကားစပြောဖို့သတ္တိတောင် မရှိခဲ့ပါဘူးရှင်။
ချန်းကျွင်ရှင်း... ကျွန်မကလေ ရှင်ဖြတ်သွားတာကို ပြတင်းပေါက်နေ ငေးကြည့်ရတာကို အမြဲအကျင့်ဖြစ်လာတယ်။
ရှင့်ရှေ့မှာ ပွင့်ပွင့်လင်းလင်းရပ်ပြီး ရှင့်အပေါ်ထားတဲ့ခံစားချက်တွေကို ဝန်မခံဝံ့တာတောင်မှပေါ့။
အနည်းဆုံးတော့ ဒီကမ္ဘာပေါ်မှာ ရှင့်ကိုချစ်နေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို သိစေချင်တာပါ။
ကျွန်မရဲ့ချစ်လှစွာသော ချန်းကျွင်ရှင်းရေ.. ကျွန်မဘဝထဲကို ရောက်လာပေးလို့ ကျေးဇူးတင်ရပါတယ်။