ဆာလောင်မှုဟာ ဒေါသကိုပိုလို့ လောင်စာဖြည့်ပေးနေလေရဲ့။
ယမန်နေ့ညကတည်းက ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ဟာ အင်မတိအင်မတန်ဆိုးရွားလွန်းတဲ့ အခြေအနေကိုရောက်နေပြီဖြစ်တယ်။ ခြေဦးတည့်ရာ လျှောက်သွားရင်း စားစရာသောက်စရာဟူ၍ သကြားလုံးတစ်လုံးတောင် လက်ဝယ်မရှိခြင်းက အတော်ပင်ရင်နာစရာကောင်းလှပါတယ်။
ဟုတ်ပါတယ်။ ယနေ့ Jisung ရဲ့အခြေအနေက ထိုအခြေအနေပါပဲ။
"Jisung ရေ Jisung ။ အဆင်သင့်ဖြစ်ပြီလား။ ပွဲကစတော့မယ်နော်။ ဒီည ရောက်နေတဲ့ ဧည့်သည်တွေက အရေးကြီးဧည့်သည်တွေပဲ။ နင့်အကြွေးတွေမှန်သမျှ အကုန်ဆပ်ပေးနိုင်လောက်တဲ့ လူကြီးမင်းတွေတောင်ပါတာတဲ့။ မြန်မြန်လေးပြင်နော်။"
အဲ့ဒီ့စကားကိုကြားလိုက်ရတဲ့အချိန် ခန္ဓါကိုယ်ထဲပြောင်းပြန်စီးဆင်းသွားတဲ့သွေးတွေက သူ ကပွဲရုံမှာဆက်ရှိနေလို့မဖြစ်တော့ဘူးလို့ အသိပေးလာတယ်။
အိမ်ရှေ့စံနဲ့တွေ့ဖို့လည်းမဖြစ်သေးသလို လူအများရှေ့ကပြဖျော်ဖြေဖို့ဆိုတာကလည်း...။ သူဆိုသည်မှာ တစ်ဝမ်းကွဲတူမလေးကို ချော့မြူဖို့အရေး Baby Shark အကတောင် ဖြောင့်အောင်ကဖူးခဲ့သူမဟုတ်။
အချိန်ခဏအတွင်း အရှုပ်အရှင်း အတားအဆီးမရှိဘဲ ကပွဲရုံအဆောက်အဦးထဲက ထွက်သွားနိုင်ဖို့အတွက် သူ့ဦးနှောက်က ကြံစည်ခဲ့နိုင်တဲ့အကောင်းဆုံး အကြံအစည်ဆိုလို့ အနီးမှာရှိနေတဲ့ ပြတင်းပေါက်ကနေ ခုန်ချဖို့ပဲရှိခဲ့တယ်။
နှစ်ထပ် အမြင့်ကနေ ခုန်ချဖို့ဆိုတာ တော်ရုံသတ္တိနဲ့ဆို မလုပ်နိုင်လောက်ပေမဲ့ အထက်တန်းတုန်းက ကျောင်းလစ်ချင်တိုင်း သုံးထပ်တိုက်ပေါ်က နံရံကိုကုပ်တွယ်ပြီး ဆင်းခဲ့ဖူးတဲ့ Jisung အတွက်တော့ အလွယ်ကူဆုံးအရာတစ်ခုလို ဖြစ်နေတာကြောင့် System ရဲ့ "OOC point 1000 အနုတ်ခံရမယ်နော်" ဆိုတဲ့ သတိပေးစကားကိုတောင် အရေးမစိုက်တော့ဘဲ ခုန်ဆင်းခဲ့မိတယ်။
အဆင်း မလှခြင်းကြောင့် ခြေချော်ကာ လိမ်သွားတဲ့ ခြေချင်းဝတ်က အခုလမ်းလျှောက်နေတဲ့အချိန်မှာ အနည်းငယ်ဒုက္ခပေးနေတာကလွဲလို့။
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။