Story of my life(9)uni+zg

1.7K 137 3
                                    

Unicode

"ကျောင်းသားleoမနက်ဖြန် တောင်းပန်စာမရေးလာဘူးဆိုရင်အုပ်ထိန်းသူခေါ်ခဲ့.... "

တည်တင်းနေတဲ့သူမမျက်နှာကို တစ်ချက်ကြည့်လိုက်ရင်း နားလည်ပြီဆိုသည့်သဘောဖြင့်ခေါင်းကိုငြိမ့်ပြလိုက်သည်။

ပြတင်းပေါက်မှ တိုက်ခတ်လာတဲ့လေစိမ်းတချို့ကြောင့်
သူ့နှုတ်ခမ်းမှဒဏ်ရာသည်အနည်းငယ်ကိုက်လာသည်။
ညစ်ပေနေသော ကျောင်း၀တ်စုံကို ခေါင်းငုံကာကြည့်လိုက်ရင်း သူ့ခံစားချက်တွေကို သိုဝှက်ထားလိုက်တယ်။

အတန်းချိန်က မလွှတ်သေးပေမယ့် သူအိမ်ပြန်ဖို့သာလောတိုက်နေမိ၏ အကြောင်းပြချက်ကတော့ ဒီတစ်နေ့တာကို အတိုက်အခိုက်ခံရတဲ့ကြားထဲက
ဆက်လို့အကြောတင်းတင်းနေဖို့တွန့်ဆုတ်နေခဲ့လို့

ကျောင်းရင်ပြင်ရှိ ချောင်ကျကျနေရာကိုလာရင်း
သူ့လက်တွေကိုဘောင်းဘီအိပ်ကပ်ထဲထည့်ထားကာ
ထုံးစံအတိုင်းမျက်နှာကိုသုန်မှုန်စွာနေလိုက်သည်။

မင်ကျွယ်တို့ ဒီအုတ်တံတိုင်းကနေတွယ်ပြီးတစ်ဖတ်ကို ခုန်ကူးသွားတာ ရိပေါ်မြင်ဖူးသည်၊ အဲ့ဒါကျောင်းပြေးတာမဟုတ်လား....
အသစ်အစမ်းတွေကိုသူလုပ်ချင်တယ်၊ ဘယ်သူ့အတွက်မှမစဉ်းစားဘဲ လွတ်ထွက်သွားလိုက်ချင်တာ သေမတတ်ဘဲ...

သူ့ဦးနှောက်ထဲမှာလောင်ကျွမ်းနေတဲ့စိတ်ခံစားချက်တွေ၊ထိုအရာတွေဆီကနေသူရှောင်ပြေးဖို့...!

"Leo.... !"

တွေဝေနေရင်း ရှောင်ကျန့်အသံကြောင့်သူ့နှလုံးခုံသံတွေအဆက်မပြတ်ပင်ခုန်လာသလို၊ ခြေတောင်မခိုင်ချင်တော့ဘူး၊ကြောက်နေတာလားဆိုတော့ မဟုတ်ဘူး သူထိတ်လန့်နေခဲ့တာ၊ရှောင်ကျန့်သူ့ကိုဘယ်လိုမျက်လုံးတွေနဲ့ကြည့်လာမလဲ...

ရုတ်တရက်ပင်ပုခုံးမှဆွဲလှည့်ခံလိုက်ရပြီး ပထမဆုံးအနေနဲ့ဒေါသထွက်နေပုံပေါက်တဲ့ ရှောင်ကျန့်ရဲ့အငွေ့အသက်တွေကိုခံစားမိသည်။

"ရန်ဖြစ်တဲ့အပြင်၊ ကျောင်းပျော်တွေနဲ့ ပေါင်းပြီး အတန်းပိုင်ကိုမလေးမစားဆက်ဆံတယ်ဆို ၊အခု ကျောင်းပြေးဖို့ပြင်နေတာဟုတ်လား ဟမ်.. "

Story of my lifeWhere stories live. Discover now