ep(4)

1.8K 136 3
                                    

နူးညံ့စွာ...သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part..(4)

အမေနေသိပ်မကောင်းတာကြောင့့်ပိုးသံစဉ်ကို...စျေးကူရောင်းပေးရန်အမေနဲ့လိုက်ခဲ့သည်...သူမတို့တအိမ်သားလုံးအမေ့ဝင်ငွေလေးနဲ့ပဲမှီခိုပြီးစားသောက်နေရတာ...လောက်ငှရုံပဲရှိသည်...အခုအမေကအသက်လေးရလာတော့မကြာခဏဆိုသလို.....သွေးကခဏခဏတိုးနေသည်....အခုလည်းပေပြီးစျေးရောင်းနေသည်...မျက်နှာကတော့သိပ်မလန်းလှ...

''အမေ...အိမ်ပြန်ပြီးနားလိုက်ပါလားဟင်...ပိုးဆက်ရောင်းထားလိုက်မယ်လေ...´´

အမေကသူမကိုဖျော့တော့သောမျက်လုံးများနဲ့ကြည့်ကာ....

''ညည်းတယောက်တည်းဖြစ်ပါ့မလားအေ...´´

''ဖြစ်ပါတယ်အမေရယ်...အမေစိတ်ချပါဘေးမှာအမိုးလည်းရှိနေတာပဲကို..´´

သူမတို့ဘေးတွင်အသီးအနှံများရောင်းနေသောအမိုးကိုကြည့်ပြီးဆိုလိုက်သည်...အမိုးက...

''စိတ်ချပါ...သီတာရယ်....မီးကရောင်းတက်ပါတယ်...နင်သာပြန်လိုက်တော့´´

  ''အင်းဒါဆိုအမေပြန်မယ်နော်..စျေးကိုစောစောသိမ်းခဲ့နော်....နောက်မကျစေနဲ့...အမေချစ်ထူးကိုလွှတ်လိုက်မယ်.သမီးနဲ့စျေးကူးသိမ်းဖို့´´

  ''မလွှတ်ပါနဲ့အမေရယ်..သမီးတယောက်တည်းဖြစ်ပါတယ်..မောင်လေးကလပတ်စာမေးပွဲနီးနေပြီစာကျက်ပါစေ..´´

''အင်းပါ...ဒါဆိုအမေပြန်မယ်နော်..အကြောင်းရှိရင်..ဝါဆိုတို့အိမ်ကိုဖုန်းဆက်ပြီးပြောနော်သမီး´´

သူမတို့အိမ်တွင်ကိုယ်ပိုင်ဖုန်းမရှိ(အဲ့တုန်းက..Gsmဆင်းကဒ်တကဒ်ကိုအနည်းဆုံး၄သိန်းပတ်ဝန်းကျင်ရှိသည်)အမေပြန်သွားတော့သူမ...ဂန္ဓမာပန်းနဲ့နှင်းဆီပန်းလေးများကိုသေသေချာချာစီလိုက်သည်...

ထက်ထက်ဖြိုးကျော် ဖွားဖွားတောင်ကြီးသို့ရောက်လာသောကြောင့်ပျော်ရွှင်နေသည်..ဖွားဖွားနန်းကြာမှုံကသူမကိုလွမ်းလို့တဲ့လေ...ကျောင်းပိတ်ရက်မို့..ဖွားဖွားလက်မောင်းကိုကလေးတယောက်လိုခိုပြီးတောင်ကြီးမြိုးမစျေးထဲတွင်..လိုချင်တာများကိုပူဆာနေသည်...ဖွားဖွားကတော့တပြုံးပြုံးနဲ့သူမပူဆာသမျှကိုအကုန်ဝယ်ပေးပါသည်...အခုလည်းasia light ထဲတွင်မမမှာသောကော်ဖီထုတ်ကိုဝယ်ပြီးမြေးအဖွားနှစ်ယောက်ထွက်ခဲ့သည်...ဖွားဖွားကasia light ဘေးမှစျေးလမ်းကြားထဲမှပန်းဆိုင်ကိုမြင်တော့....

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now