Episode - 14 💙
လောကမှာအရာရာဟာဖြစ်ပျက်ပြောင်းလဲနေတာမှန်ပေမယ့် လီလီနှင့်သူမကြားကအပြောင်းအလဲများကလျှပ်တပြတ်အတွင်းပင်ဖြစ်လာကြသည်။ကံကြမ္မာကိုကြိုမမြင်နိုင်သောလူသားတို့အဖို့ အရာရာဟာကံစီမံရာဟူ၍သာပုံချရတော့ပေမည်။
လီလီနယ်ပြန်သွားသည့်ညကဖြစ်သည်။သူမသည်ရုတ်တရတ်ဖျားကာတစ်ယောက်တည်းဖြစ်နေ၍သူငယ်ချင်းထွေးကိုလှမ်းအကူအညီတောင်းရသည်။ထွေးလည်းအားချင်းရောက်လာရာ အခန်းတံခါးခေါက်၍ သူမလာဖွင့်စဉ် -
"ယုရယ်ဖြစ်လိုက်ရင်ညချည်းပဲ "
"ဟုတ်တယ်ဟာ မနက်ကတည်းကဖျားလည်းဖျားတယ် အန်လည်းအန်နေတာ ကြာတော့မူးတောင်နေပြီငါ့ခေါင်းတွေ"
"အေးအေးလာလာ ငါဆရာ၀န်ပင့်ခိုင်းထားတယ်ဖြိုးကို"
"အေးကျေးဇူးသူငယ်ချင်း"
"လာနင့်အခန်းထဲအေးဆေးနားနေလိုက်ရအောင်"
ဟုဆိုကာ သူမအိပ်ခန်းထဲသို့ထွေးကခေါ်သွားလေသည်။ထွေးသည်သူမကိုစောင်ခြုံပေးရာ ခြေထောက်လေးများမှာလည်းဖောရောင်နေလေသည်။မကြာခင်ဆရာ၀န်ရောက်လာကာ စမ်းသပ်ပြီး -
"ဆရာမဒီလိုဖြစ်တာကြာပြီလား မူးတာ အန်တာ ဖျားတာ"
"ခပ်စိတ်စိတ်ဖြစ်နေတာသုံးလေးလတော့ရှိပြီဆရာ"
"ကျွန်မလည်းဟိုဆေးလေးသောက်လိုက်ဒီဆေးလေးသောက်လိုက်ပျောက်ပျောက်သွားလို့ ဆေးခန်းတောင်မပြဖြစ်ပါဘူး"
"ဆရာမခြေထောက်လေးတွေရောရောင်နေတယ်နော်"
"အစားအသောက်ကရောစားရတာအဆင်ပြေလားအခုတ
လော""မပြေပါဘူးဆရာရယ် တစ်ခါတစ်ခါဗိုက်ကလည်းအောင့်တယ် အစားအသောက်ကလည်း၀င်တယ်ဆိုရုံပါသိပ်စားချင်စိတ်မရှိဘူး"
"တစ်ခုခုဆိုမောတာပဲအရမ်း အရင်လိုကျောင်းတစ်ပတ်ပြေးဖို့မပြောပါနဲ့ "
"ဒီနားဟိုနားခဏသွားတာကိုမောချင်နေတယ်ဆရာ"
"ခန္ဓာကိုယ်ကလည်းငယ်စဉ်ကလိုကြံ့ခိုင်မှုမရှိတော့ဘူးထင်ပါတယ် တနေ့ကလက်နဲ့တံခါးညှပ်မိတာချက်ချင်းသွေးခြေဥသွားတယ်ဆရာ"