1

73 12 2
                                    

[Unicode]

ချယ်ရီပန်းတွေ ပွင့်နေတဲ့ လမ်းမလယ်မှာ ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်းခဲ့သလို ...

ခွဲခွာသွားတဲ့ အချိန်ကလည်း ချယ်ရီပန်းတွေ
ဝေဆာနေတဲ့ ထိုလမ်းမလယ်မှာပ‌ဲ ဖြစ်သည်

                         𝐒𝐜𝐞𝐧𝐞𝐫𝐲☂︎#











မြင်တူတိုင်း ‌မျက်စိအေးစေနိုင်တဲ့ ခရမ်းရောင်တိုက်ပုလေး ၊ ဘေးနားတွင်လည်း
ချယ်ရီပန်းတွေ ဝေဝေ‌ဆာဆာပွင့်နေတာကြောင့်
ထိုတိုက်ပုလေးကို ပိုပြီးအသက်ဝင်စေသည်၊
ထိုအိမ်လေးထဲမှာနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ထိုအရာတွေကို ဖျက်စီးနေသလိုပါပဲ ။

Taehyung .. Kim Taehyung ..
သူ့နာမည် Kim Taehyung ၊
အရယ်အပြုံးမရှိတဲ့သူ တစ်လောကလုံးကို
ဂရုမစိုက်တဲ့သူ ၊ လူအများအမြင်မှာတော့
သူ့ကို ချေပြီးမာနကြီးတယ်လို့ ထင်ကောင်း
ထင်နိုင်တယ် ၊
ဒါပေမဲ့ သူ့ရင်ထဲက အထီးကျန်မှုတွေကိုတော့
ဘယ်သူမှ မမြင်နိုင်ဘူး ။
လူတိုင်းက သူတို့မြင်ချင်တာ မြင်ကြတာလေ

အခန်းထဲ Taehyungနားကြပ်လေးနဲ့
သီချင်းနားထောင်နေသည် ၊
Musicကို သူနှစ်သက်သလို အဆိုတော်
တစ်ယောက်လည်း ဖြစ်ချင်ခဲ့တယ် ။
သို့သော် ပတ်ဝန်းကျင်က လူတွေရဲ့ ...
ပုတ်ချမှုကြောင့် သူသီချင်းဆိုဖို့ မကြိုးစားခဲ့သည်မှာ အလယ်တန်းနှစ်လောက်ကပင်
ဖြစ်သည် ။

"Tae ah .. Noonaကို ခေါက်ဆွဲထုတ်လေး
တွေဝယ်ပေးပါဦး"

အခန်းအပြင်က အသံကြောင့် သူခပ်ဖွဖွ
ပြုံးလိုက်သည် ၊ အများအတွက် မဖော်ပြခဲ့တဲ့
အပြုံးလှလှလေးက သူ့ရဲ့ အစ်မရင်းအတွက်ပဲ
ဖြစ်တည်လာသည် ။
သူရဲ့ အပြုံးတွေကို ဖန်တီးပေးနိုင်တဲ့ အစ်မရဲ့
နာမည်က .. Kim Jisoo ။

"ဟုတ် .. Noona"

ကုတ်အကျ°°ကို ဆွဲဝတ်ပြီး အစ်မဆီက
ပိုက်ဆံယူပြီး သူထွက်လာလိုက်သည် ၊
နွေဦးဆိုပေမဲ့ အနည်းငယ်တော့ အေးနေသေးသည် မလား ..?

---

လူသွားဖို့လုပ်ပေးထားသည့် လမ်းလေးကနေ
ခေါင်းငုတ်ကာ လမ်းလျှောက်လာရင်း ၊
အရှေ့တည့်တည့်က ပန်းပွင့်ဖတ်လေးတွေ ကြောင့် မော့ကြည့်မိသည် ၊
ဟုတ်သားပဲ ချယ်ရီတွေကြောင့် ကြွေနေပြီ ။
အရာအားလုံးက ‌တဖြေးဖြေးပြောင်းလဲသွားတာတောင် မပြောင်းလဲနိုင်တာ သူပါပဲလား?

You've reached the end of published parts.

⏰ Last updated: Jan 11, 2022 ⏰

Add this story to your Library to get notified about new parts!

°𝐒𝐜𝐞𝐧𝐞𝐫𝐲☂︎°Where stories live. Discover now