နှစ်ခေတ်ကိုပေါင်ပေါ်တင်ပြီး ခေတ်နဲ့ခန့်ကိုအကဲခတ်နေတာ ရောက်ကတည်းကပင်။ ခေတ်ကသူနဲ့စကားပြောနေပေမယ့် ခန့်ကတော့ သူတို့စကားဝိုင်းမှာဘာမှဝင်မပြောဘဲ တဖက်ကိုလှည့်နေသည်။"ခေတ် မင်းတို့ရန်ဖြစ်ထားတာလား..."
ဇွဲကိုအနားကပ်ပြီးတိုးတိုးမေးလိုက်တော့ ခေတ်ကခေါင်းညိတ်ပြသည်။
"ဖေဆိုးရာ...
ရက်သောက်ရယ် ပါးကချိတ်ချိုးရော...""Ħဟင်..."
ဇွဲကိုပေါင်ပေါ်ကနေ သားကထအော်တာကြောင့် အတွေးလွန်နေတဲ့ခန့်တောင်လန့်သွားသည်။ ဇွဲကိုလည်း နှစ်ခေတ်ရဲ့စကားကိုမနည်းစဉ်းစားပြီး အဓိပ္ပါယ်သိသည့်နောက်ရယ်လိုက်သည်။ ခေတ်ကလည်း ရှက်ကိုးရှက်ကန်းနဲ့ ဂုတ်ကိုပွတ်နေသည်။
"သာ လူကြီးတွေစကားပြောနေရင်ဝင်မပြောရဘူးလေ..."
"ပါးကရဲ..."
"နေပါစေကွာ...
ဦးဇွဲကနားမလည်လို့ဦးဇွဲကိုရှင်းပြပါဦး...
နှစ်ခေတ်ရဲ့ဖေဖေနဲ့ပါပါးကဘာလို့ရန်ဖြစ်ကြတာလဲ?...""အင်..."
ပြောသင့်မပြောသင့်ကို သူ့ပါပါးမျက်နှာကိုကြည့်နေသည့်ခေတ်သစ်ဘုန်း...
"ပြောပါ နှစ်ခေတ်ရ...
မင်းပါပါးမဆူပါဘူး...""အင် ဦးဇွဲတို့ဖေ့ကိုရက်တိုက်ပါနဲ့...
ဖေကရက်သောက်ရာရင် ပါပါးကိုကိုက်ရာ...""ဟမ်!...
ဘယ်ကိုကိုက်တာလဲကွ...
မင်းဖေဖေကထူးထူးဆန်းဆန်းကိုက်တယ်ဆိုတော့...""ဒီနားကို နခမ်းကိုကိုက်ရာ...
ပီးတော့ ပီးတော့ ပါးကိုတိုနဲ့ဖိထားရယ်...""သား..."
နှုတ်ခမ်းလေးကိုလက်နဲ့ထိပြပြီး ခေတ်လေးရဲ့စကားကြောင့် ခန့်မျက်နှာတစ်ခုလုံးပန်းရောင်သမ်းလာသည်။ ခေတ်ကလည်း လည်ဂုတ်ကိုပွတ်နေသည်မှာ လည်တိုင်တစ်ခုလုံးရဲနေသည်။
"ဟုတ်လား မင်းဖေဖေတော်တော်ဆိုးတာပဲကွ..."
"ဆိုးရယ် ဆိုးရယ်..
ဦးဇွဲတို့ဖေ့ကိုရက်မတိုက်ပါနဲ့နော်....""ဟက်! ဟုတ်ပါပြီကွာ မတိုက်ပါဘူး...
မင်းဖေဖေကဒီယုန်မြင်လိုဒီခြုံထွင်ချင်တာဆိုရင်တော့ ဦးဇွဲတို့လည်းမတတ်နိုင်ဘူး..."
YOU ARE READING
Bittersweet Love (ချိုချိုခါးခါးအချစ်) (Completed)
Romanceအချစ်ကတခါတရံမှာချိုပြီး တခါတရံမှာတော့ ခါးသက်သက်လေးနဲ့ဗျ...