<Unicode> 🕸️ အပိုင်း (၄) 🕸️ <Zawgyi> 🕸️ အပိုင္း (၄) 🕸️

16.9K 238 0
                                    

<Unicode>
🌪️ စိတ္တဇ အကြံ 🌪️

နောက်နေ့တွေမှာတော့ " ထူးဝင့်ရှိန် " ရောက်မလာခဲ့ပါဘူး။ " ဘင်ဂျမင် " တစ်ယောက်ခြံရှေ့မှာ ထွက်ပြီး နေ့တိုင်းမျှော်နေခဲ့ပေမယ့် ပေါ်မလာခဲ့ပါဘူ။ မိမိဘဝမှာ ပထမဆုံး ရင်းနှီးကျွမ်းဝင် စွဲလမ်းခဲ့သူဖြစ်၍ ပြေးတွေ့ချင်သော်လည်း အိမ်ထဲက ထွက်ခွင့်မရပေ။ ခြံထဲမှာ ထိုင်နေရင်း ရုတ်တရက်ထပြီး အိမ်ပေါ်သို့ပြေးတတ်သွားသည်။ " ထူးဝင့်ရှိန် " ရဲ့ ပုံတူပန်းချီကားကို စိုက်ကြည့်ကာ မျက်ရည်တွေကျလာသည်။ ပန်းချီကားကို အနီရောင် ဆေးတွေနှင့်ပတ်ပစ်လိုက်သည်။ ပန်းချီကားတစ်ခြမ်းလုံး အနီရောင်ဆေးတွေ ဖုံးလွှမ်းသွားသည်။ အိမ်အောက်ကို ပြန်ပြေးဆင်းသွားပြီး " ဦးသိုက်မောင်း " ကို အော်ခေါ်လိုက်သည်။

" ဦးလေး.... ဘယ်ရောက်နေတာလဲ.... ဦးလေး "

" မီးဖိုထဲရောက်နေလို့ပါ သခင်လေး ဘာဖြစ်လဲ ဘာလိုလို့လဲ "

" ကျွန်တော့ကို ပစ္စည်းနည်းနည်း သွားဝယ်ပေး "

" ဘာပစ္စည်းတွေလဲ သခင်လေး "

" ကြိုးတစ်ခွေ၊ တိပ်တစ်ခု၊ မေ့ဆေး အဲဒါတွေ သွားဝယ်ပေး "

" ဘာလုပ်ဖို့လဲ သခင်လေး "

" ကျွန်တော့်ကို ပြန်မမေးနဲ့ အမြန်သွားဝယ်ပေး "

" ဟုတ်ကဲ့ သခင်လေး "

" ဦးသိုက်မောင်း " လည်း " ဘင်ဂျမင် " ရဲ့ ပုံစံကိုကြောက်လို့သာ မြန်မြန်ထွက်လာပြီး ဝယ်ရသည်။ ဝယ်ခိုင်းသည့် ပစ္စည်းတွေအားလုံးက အထူးအဆန်းတွေချည်းဖြစ်သည်။ ပစ္စည်းတွေဝယ်လာပြီး ပြန်လာတော့ ဧည့်ခန်းထဲတွင် " ဘင်ဂျမင် " ထိုင်စောင့်နေသည်ကို တွေ့ရသည်။ သူ့ရဲ့ရှေ့မှာ ‌ပိုက်ဆံတွေ ပုံထားသည်။

" ဦးလေးကို ပြောစရာရှိတယ် ထိုင်ပါဦး "

" ဟုတ်ကဲ့ သခင်လေး "

" ဦးလေး အိမ်ပြန်လို့ရပြီ "

" ဘယ်လို သခင်လေး "

" ဟုတ်တယ် ကျွန်တော် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့အရွယ်ရောက်နေပြီ ကျွန်တော့်ကို စောင့်ရှောက်စရာမလိုတော့ဘူး "

စိတ္တဇ အမှောင်Where stories live. Discover now