7

519 106 4
                                    

အခန်း(၇)
အသံ

Unicode

[အဖွဲ့ခေါင်းဆောင်သည် 'လျှို့ဝှက်သော အစ 'ဧရိယာရှင်းလင်းမှုစတင်ရန် အဖွဲ့သားများအား ခေါ်နေသည်။]

[အဆင်သင့်ဖြစ်လျှင် 'စတင်မည်'ခလုတ် ကိုနှိပ်ပါ။]

အရင်က'လျှို့ဝှက်သော အစ' ဧရိယာရှင်းလင်းရေးကို မလုပ်ဖူးသေး‌ပင်။ စွမ်းရည်အဆင့်နိမ့်နေသေးသောကြောင့်ပင်ဖြစ်သည်။

ပထမအဆင့်မှာ ‌လမ်းတွင်ရှိနေသော ဖုတ်ကောင်များအားရှင်းကာ မြေအောက်ဘူတာရုံသို့ရောက်အောင် သွားရမည်ဖြစ်သည်။

ထိုစဉ် အဖွဲ့စကားပြောခန်းတွင် စာများတက်လာ၏။

❲ကာဘိုင်း : စကားပြောကြရအောင်လေ❳

❲ဟာရု : mmm..ရတယ်လေ❳

ဧရိယာရှင်းလင်းရေးလုပ်နေစဉ် မည်သို့စကားထိုင်ပြောနေရမည်နည်း..

[ကာဘိုင်းသည် အဖွဲ့အတွင်း အသံချိတ်ဆက်မှု ကို ဖွင့်လိုက်ပါသည်။]

[အဖွဲ့သားများ၏အသံကိုနားထောင်ရန် 'နားထောင်မည်' ခလုတ်ကိုနှိပ်ပါ။]

[အဖွဲ့ထဲတွင် စကားပြောလိုလျှင် 'အသံဖွင့်မည်' ခလုတ်ကိုနှိပ်ပါ။]

အာ..ချီး..တကယ့်အသံနဲ့ စကားပြောမှာကို ပြောတာကိုး..

အပြင်ကမ္ဘာနှင့် ဒီလောကသို့ ချိတ်စက်ပေးသော စက်အား ပထမဆုံးတပ်ဆင်စဉ်က တချို့သော ကိုယ်ရေးအချက်အလက်များကိုဖြေပေးရသည်။ ထို့အပြင် ကိုယ့်၏ အသွင်အပြင်နှင့် အသံကိုပါ စက်တပ်ဆင်လိုက်သည်နှင့် အကုန်scanဖတ်ကာ မှတ်သားထားပြီးဖြစ်သည်။ အတု‌အယောင်လောကကြီးတွင် ကိုယ်ကြိုက်သည့် ကာရိုက်တာအား ကြိုက်သလို‌ ပုံဖော်လို့ရသည်ဖြစ်သော်လည်း ကိုယ့်၏ ကာရိုက်တာသည် တကယ့် အပြင်လောကမှ ရုပ်ရည်အသွင် တစ်စိတ်တစ်ပိုင်းရောနေသည် ဖြစ်သည်။သို့ရာတွင် အသံနှင့် genderကိုတော့ ပြောင်းလို့မရပေ။

မျက်နှာအသွင်အပြင်လည်း မှတ်ထားသည်ကို ကာရိုက်တာများစွာ ဖန်တီးလို့ရပါသလား.. G-mail acc တစ်ခုလျှင် ကာရိုက်တာ တစ်‌ယောက်စီ ဖွင့်လို့ရသည်..သို့သောတူညီသော ရုပ်နဲ့ပင် ကာရိုက်တာများ အလွန်အကျူး ဖွင့်ပါက ဆာဗာမှ သတိထားမိကာ ထိုလူအား ဒီလောကထဲသို့ ၀င်လို့မရအောင် ထာ၀ရပိတ်ပင်လိုက်မည်ဖြစ်သည်။ကာဘိုင်းသည် ကာရိုက်တာများစွာရှိသူဖြစ်သည်။ သို့သော် သူ၏ အချက်အလက်များနှင့် ဖွင့်ထားသော ကာရိုက်တာများအား တခြားသူများက မည်သို့ အသုံးပြုလို့ရနေပါသနည်း။

Love in VR❲Completed❳Where stories live. Discover now