Uni
အရာအားလုံးကို အဆက်အသွယ်ဖြတ်ကာ Ommaဝယ်ထားသည့် အပန်းဖြေစံအိမ်လေးသို့ ရောက်နေသည်မှာ တစ်ပတ်ခန့်ပင် ရှိနေပြီဖြစ်သည်။
ဒီအတောအတွင်း သူ့ကိုမည်သူမျှလဲ လာမရှာကြ။လာမရှာအောင်လည်းပဲ သူ Omma ကို သူရှိသည့်နေရာကို မည်သူ့ကိုမျှ မပြောဖို့ မှာထားခဲ့သည်မဟုတ်ပါလား။
အင်တာနက်မှ သတင်းလေးဘာလေးကြည့်ရအောင်လဲ ဖုန်းကပါမလာခဲ့။
သူတစ်ပတ်အတွင်း သူတို့ဖြစ်ခဲ့သည့် ပြသနာကို အများကြီးစဉ်းစားဖြစ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူ Sehunnie ကို သဘောကျတာကတော့ အသေအချာပင်။
Sehunnie ကလဲ သူ့ကို သဘောကျသည်ဟု မှတ်ထင်မိသည်။
သို့သော် ဖြစ်ခဲ့သည် ပြသနာကလဲ မျက်နှာလွဲပြု၍မရ။ထိုနေ့က သူ Sehunnie ကိုရှင်းပြခွင့်မပြုခဲ့မိတာ အတော်လေး နောင်တရမိသည်။
တစ်ပတ်တောင်ကြာသွားပြီ ဆိုတော့ သူ Sehunnie ကို စိတ်ဆိုးနေတာတောင် ပြေချင်သလိုလိုပင် ဖြစ်နေပြီ။
Sehunnie ကို အများကြီးလဲ သတိရနေမိသည်။အဆိုးလေးကတော့ အခါတိုင်းကျ Omma ဆီက လိုချင်တာရှိတိုင်း ကပ်ချွဲပြီးတောင်းနေကျကို အခုကျတော့ သူရှိတဲ့နေရာကို Omma ကို အတင်းမေးပြီးတောင်မလာ။
Sehunnie ကသူ့ကို တကယ်သဘောမကျလို့များလားဟု တွေးမိတော့ ဝမ်းနည်းလာသည်။
သူ Sehunnie ကိုသွားတွေ့သင့်လား..
မဖြစ်ဘူး Kim Junmyeon စိတ်ထိန်းစမ်းပါ....
အာ မထိန်းနိုင်ဘူး သူ Sehunnie ကို အရမ်းသတိရတယ်။တွေ့ချင်တယ်။
ဘာပဲဖြစ်ဖြစ် Sehunnie ကိုသွားတွေ့လို့ အပြစ်ရှိတယ်ဆိုရင်တောင် Oh Sehunကို တစ်ခါလောက်ဖြစ်ဖြစ်တွေ့ပြီး ငရဲသွားပါ့မယ်။
**********
ခန္ဓာကိုယ် တစ်ခုလုံးကို အကျပွပွ၊ဘောင်းဘီပွပွထဲတွင် စုံစုံမြုပ်နေအောင်လုပ်ပြီး သူ Sehunnieတိုက်ခန်းသို့လာခဲ့သည်။
တိုက်ခန်းရောက်တော့ တံခါးက ပိတ်ထားလေသည်။
အခန်း password သိနေသဖြင့် ကိုယ့်ဘာကို ဖွင့်ပြီးဝင်ရန် ဆုံးဖြတ်လိုက်သည်။သို့သော် သူ password များပြောင်းလိုက်ပြီလား။