အနက်ရောင် suit နဲ့ရင်ဘက်ပေါ်မှာနေကြာပွင့်ကလေးဆင်တူကပ်ထားတဲ့ နမ်ဂျွန်းတို့စုံတွဲဟာ
နတ်ဖက်တဲ့ဖူးစာတွေအလား သိပ်ကိုလိုက်ဖက်လွန်းသည်.....တောက်ပနေတဲ့ ဟိုဆော့ရဲ့အပြုံးတွေရယ် ပါးချိုင့်ခွက်တွေထင်းနေအောင်ပြုံးနေတဲ့ နမ်ဂျွန်းရယ်...
အ၀ေးကလှမ်းကြည့်မိရုံနဲ့ တကယ်ကိုကြည်နူးပျော်ရွှင်နေကြောင်း သိနိုင်လောက်ထိ သူတို့ပြုံးပျော်နေခဲ့ကြတာ....."ကိုကို မောင်တကယ်အားကျနေပြီ သိလား...."
"အင်း တကယ်လိုက်ဖက်ကြတာပဲ...."
"မောင်တို့အလှည့်ကျရင်ရော ဘယ်လို၀တ်စုံ၀တ်ချင်လဲကိုကို....."
"Sky blue နဲ့ baby pink ....."
"ဘာ၀တ်၀တ် ကိုကိုနဲ့တော့အရမ်းလိုက်ဖက်ကြည့်ကောင်းနေမှာသေချာတယ်...."
"မောင်ရောပဲ ဘာ၀တ်၀တ်ခန့်ညားချောမောနေမှာ..."
"မောင်တို့က အရမ်းချောကြတော့ သိပ်တော့ရွေးစရာမလိုဘူးပဲ ဟဲဟဲ...."
"ဒါပေါ့မောင်ရ သောက်ချောကြီးတွေပဲကွာ
ညအိပ်၀တ်စုံနဲ့ဆိုရင်တောင်တောက်ပနေမှာ ဟိဟိ...."အားလုံးရဲ့ အာရုံကကတိသစ္စာပြုနေတဲ့ နမ်ဂျွန်းနဲ့ဟိုဆော့ဆီရောက်နေပေမဲ့ ဆော့ဂျင်တို့အတွဲ2ကတော့နှစ်ကိုယ်ကြားတွတ်ထိုးလို့မဆုံးနိုင်
တစ်ခါတစ်လေ ရယ်သံပါထွက်လာတဲ့ထိ ခွီနေကြသေးတာမို့ ဘေးကလူတွေ၀ိုင်းကြည််တာပါခံနေရသည်......
ဒါပေမဲ့လည်းမမှူပါ
ဘယ်သူတွေရှိရှိ အချစ်နဲ့ဆိုရင်တော့နှစ်ယောက်ထဲကမ္ဘာတည်နေမိတက်ကြတာသဘာ၀ပဲလေ....မင်္ဂလာပွဲပြီးပြီးချင်း ခဏဆိုပြီးလှစ်ခနဲပျောက်သွားတဲ့ဆော့ဂျင်ကိုဂျောင်ကုလိုက်ရှာနေမိသည်....
ဒီကိုကိုပေါက်စ ဘယ်တွေလျှောက်သွားနေပါလိမ့်...
......
Hyung ခဏဟုဆိုတာ ဘုရားကျောင်းအပြင်ဘက်လူရှင်းတဲ့ဆီခေါ်လာတဲ့ ဆော့ဂျင်ကြောင့်
နမ်ဂျွန်းမအူမလည်နဲ့လိုက်လာရသည်...."ဆော့ဂျင် ဘယ်ထိသွားမလို့လဲ အထဲမှာဟိုဆော့တစ်ယောက်တည်းလေ...."