Part (30) { The End }

8.4K 105 3
                                    

Unicode

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော

Part  ( 30)  [ The End]

''ဆုလတ် ဆုလတ် ထွက်လာခဲ့စမ်း ''

အားလုံးလည်း ပျော်ပါး၍ စကား​ပြောနေကြစဥ် အနောက်ပါးကနေ အသံတစ်သံထွက်လာလေတော့ လန့်သွားပြီး လှည့်ကြည့်လိုက်ရာ
ဦးလှအေးနှင့်ဒေါ်ခွန်းရှိန်ဖြစ်နေလေသည့် အတွက် ဆုလတ် ကိုယ်လေးခမျာ တွန့်သွားပြီး သိပ်ကိုကြောက်နေသည်ကို ရိပ်မိနေသောကြောင့် မေပန်းချီနှင့် ဒေါ်ဥမ္မာကျော်ကိုအချက်ပြပြီး ဆုလတ်အနားမှာ နေစေခဲ့ပြီး နေနှိုင်းခနှင့်ရှိန်းကတော့ ဦးလှအေးတို့လင်မယားနှစ်ယောက်အရှေ့မှာ သွားရပ်ပြီး

'' ဘာပြောစရာရှိလို့ကျုပ်အိမ်ကိုတောင်လာရတာလဲ ''

'' မင်းနဲ့ဘာဆိုင်လဲ ငါ ငါ့တူမ ကို ပြန်လာခေါ်တာလေ ။ ကလေးသာသာပဲရှိတယ့် ငါ့တူမ လေးကို မင်းဖမ်းထားတာမဟုတ်လား ''

အရှေ့မှာနေနှိုင်းခတို့အငြင်းအခုံဖြစ်နေလေစဥ် ဆုလတ်က မေးပန်းချီ၏ အနားသို့ကပ်ကာ တစ်စုံတစ်ခုပြောလေတော့ မေပန်းချီက ချက်ချင်းဆိုသလို အိမ်ထဲသို့ ဝင်သွားလေသည် ။ မေပန်းချီ အိမ်ထဲသို့ ဝင်သွားတော့မှ ဆုလတ်လည်း မရှိမဲ့ရှိမဲ့ သတ္တိတွေကို အသားကုန်စုရင်း အရှေ့ကို ထွက်ရပ်လိုက်လေသည် ။ အရှေ့သို့ထွက်ကာ ဘာမှမပြောသေးခင် မေပန်းချီရှိရာသို့လှည့်ကြည့်တော့ မေပန်းချီက မျက်လုံးကို မှိတ်၍ခေါင်းအသာ ငြိမ့်ပြလေတော့မှ ဆုလတ်လည်း

'' တူမ တူမ တဲ့လား ။ ဒီလိုပြောရဲတဲ့ သတ္တိကိုတော့ လေးစားပါတယ်။
ခုနဲပြောတာဘာလဲ ကလေးသာသာပဲရှိတဲ့ တူမ ဟုတ်လား
အဲ့ဒီ့ကလေးသာသာပဲရှိတဲ့ သူကို အရွယ်နဲ့မလိုက်အောင် ခိုင်းခဲ့တုန်းက ဒီလိုတော့ မဟုတ်ခဲ့ဘူးနော် ၊ အဲ့ဒီ့ကလေးသာသာပဲရှိတဲ့သူရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီး အုပ်ချင်ခဲ့တာကဘာလဲ ။ ကလေးသာသာပဲ ရှိတယ်လို့ပြောပြီး သူ့မိဘတွေကိုရက်ရက်စက်စက် သ တ်ပစ်လိုက်တာတွေကိုတော့ ဘယ်လိုနားလည်ရမလဲ ။ ခင်ဗျားတို့ လင်မယားနှစ်ယောက်ကလေ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ချင်ခဲ့ကြတာ ။ ကိုယ့်အကိုလင်မယားတွေကို ပြန်သတ်တဲ့ သူမျိုး ကျွန်မ ဘဝမှာမမြင်ဖူးသေးဘူး။ မေမေ ၊ ဖေဖေ တို့မှာ ဘာများ အပြစ်ရှိခဲ့လို့လဲ ''

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော (Completed )Where stories live. Discover now