::::::::UNI:::::::
"မကေသရီ"
"ငါမေးမယ်၊ နင်တကယ် မနေခြည်အကြောင်းအကုန်မသိဘဲ လက်ခံလိုက်တာလား"
"......."
လဝန်းသူတို့စကားပြောနေစဉ် ကေသရီရောက်လာ၍ စကားပြောရန် ၂ယောက်တည်း တစ်နေရာသို့ထွက်လာခဲ့လိုက်သည်။
"ဟဲ့ ငါမေးနေတယ်လေ။ ဒီချိန်ထိ နင်
မနေခြည်အကြောင်းမသိတာလားလို့""ဟုတ်..."
"ဟယ် နင့် သတ္တိကလည်း။"
"ဒါပေမဲ့ ညီမသူ့ကိုချစ်တယ်လေ။ ရပြီမလား အဲ့တာဆို"
"နင့်လေသံကလည်း။ ဟိုးအရင်ကငါနင့်ကိုလုပ်ခဲ့တာတွေအတွက် ဆောရီးဘဲ။ ဒါပေမဲ့ ငါနင့်ကိုကြည့်မရလို့မဟုတ်ဘူး။ အဲ့တာတွေအကုန် တခြားတစ်ယောက်ကြောင့်လုပ်လိုက်တာ။"
"ဘယ်သူလဲ အဲ့တစ်ယောက်က"
"နင်သိပြီးဘာလုပ်ဖို့လဲ။ ငါပြောချင်တာက နင်ကအမြဲပြုံးပြုံး ပြုံးပြုံးနဲ့ဆိုတော့ အရင်ကတည်းက ငါနင့်ကိုချစ်စရာလေးလို့တောင်တွေးနေခဲ့တာ။"
"ဟမ်!!!"
"အဲ့လောက် မဖြစ်ပျက်နေနဲ့ သဘောပြောတာ။ ငါနင့်ကိုသတိပေးထားဖို့။ နင် မနေခြည်နဲ့တွဲရင် အန္တရာယ်ကြားထဲသွားနေသလိုဘဲဆိုတာ။"
"ဘာလို့လဲ။ 'မ' ကိုချစ်တာ ဘာတွေသတိထားနေရမို့လဲ။ တခြားအတွဲတွေလည်း ညီမ တို့လိုသတိထားနေရလို့လား။"
"ဘယ်တူပါ့မလဲ။ နင်တော်ထားတဲ့နင့်ရည်းစားက သာမန်လူမှမဟုတ်တာကို။ ငါတော့သတိပေးထားပြီးပြီ။ နင့်ဟာနင် ကြည့်လုပ်တော့။ နင် သူ့အကြောင်းသိေအာင်ေရာ ပြောပြရဦးမလား"
"မပြောပြပါနဲ့။ 'မ' ကိုယ်တိုင်ပြောပြတာဘဲ ကြားချင်တယ်။ ညီမ 'မ' ကိုယုံတယ်"
ကလေးမလေးတစ်ယောက်က အကြောင်းမသိေသာစီးပွားရေးလောကထဲကလူအကြောင်းကို ယုံလေသည်။ စီးပွားရေးလောက မည်မျှရှုပ်ထွေးကြောင်းကိုတောင် မသိသောကလေးမက အချစ် ဆိုတာလေးနှင့် ထိုသူအားအပြည့်အဝယုံကြည်သတဲ့။
"နင်သူ့ကို အဲ့လောက်ချစ်တာလား"
"အင်း ချစ်တာပေါ့။"
"သူ့အကြောင်းသိသွားရင်လည်း နင်သူ့ကိုဆက်ချစ်ပေးလိုက်ပါ။ သူ့အတွက်လည်း သူ့ကိုတကယ်ချစ်တဲ့သူ လိုနေမှာ။"
"ဟုတ်"
လဝန်းသူသည် နေနိုင် ဘယ်လိုပုံစံဘဲဖြစ်နေဖြစ်နေ နားလည်ပေးနိုင်သည့်အထိ သူနေနိုင့်ကို ချစ်ပေးနိုင်သည်ဟု ကိုယ့်ကိုကိုယ့်ယုံကြည်ထားလေသည်။
"ဟိတ် အဲ့လောက်မျက်စောင်းမထိုးနေနဲ့။ မျက်လုံးကအလယ်ပြန်မရောက်ဘဲနေမယ်"
ကေသရီနှင့် လဝန်းသူစကားစပြောကတည်းက ရွှန်းလဲ့သည် အဝေးကနေ လှမ်း၍စောင့်ကြည့်နေသည်ကို ကေသရီ ပြန်ခါနီးတွင် နောက်သွားသည်။
"ဟဲ့ ဟဲ့ နင့်ကိုဘာတွေပြောသွားတာလဲ။ ခြိမ်းခြောက်တာတွေဘာတွေလား။ သူ့ကခပ်ရှုပ်ရှုပ်အစ်မကြီးမလား။ မနေခြည်ကို သူမရလို့ နင့်ကိုကြိမ်းသွားတာလား"
"နင်ပြောတာတွေမဟုတ်ရပါဘူးဟယ်။ ပြီးတော့ သူကမနေခြည်ကိုမကြိုက်နေပါဘူး။ လာ အတန်းထဲသွားမယ်"
____________________________________
"ဟူးးး intern ကမလွယ်ပါလားဟယ်"
"အေးဟယ် ရဖို့ကလည်းခက်လိုက်တာ"
"ရခဲ့တာဘဲမလား"
"အေး ဟီး။ နင်တို့လဲ ရတယ်မလား"
"ငါကတော့ ရပေမဲ့ ငါလိုချင်တဲ့ company မဟုတ်နေဘူး"
"အော် ဘွဲ့ရပြီးရင်တော့ နင်လိုချင်တဲ့ဆီမှာ ရမှာပေါ့ဟယ်။"
"အင်းး ဟိုတစ်ယောက် ငြိမ်လှချည်လား။"
"အေးး လဝန်းမ၊ ဘယ်မှာ intern လဲ"
"နားထောင်ချင်တော့လည်း ငါမိန့်ကြားေပးမယ်လေ။ Venus Tech မှာရတာကွ ဟား ဟား"
"အော် နင်လိုချင်နေတာဘဲဆိုတော့ အေးဆေးပေါ့"
"ကဲ ငါ့ရဲ့ ကြင်ယာတော်က တိုက်ခန်းအောက်မှာရောက်နေပြီဆိုတော့ကာ သွားလိုက်ပါဦးမယ်။"
"ကြွ ကြွ၊ မတွေ့ရမနေနိုင်ေတွ"
ကားဘေးတွင် ရပ်စောင့်နေတုန်း တိုက်လှေကားမှ တက်ကြွစွာေပြးဆင်းလာ၍ ဝင်းလက်နေသော မျက်နှာလေးကိုမြင်လိုက်ရစဉ် ပျော်စရာတစ်ခုခုရှိနေကြောင်း နေနိုင် သတိထားမိသွားသည်။