အပိုင်း ( ၂ ) Unicode

2.7K 237 12
                                    

"ဟေ့..မလုပ်ကြနဲ့.. မသတ်လိုက်နဲ့နော်.. "

မမျှော်လင့်ပဲ တားလိုက်သည့်အသံကြောင့် ၀မ်ရိပေါ် မျှော်လင့်ချက်ရောင်ခြည်လေးသန်းသွားသည်။ အသံလာရာ ကိုကြည့်လိုက်တော့ သူရှိရာကို လှမ်းလာသည့် ခပ်သွယ်သွယ်အမျိုးသားတစ်ယောက်။

"မလုပ်ပါနဲ့ကွာ.. သူများအသက်ကိုအလွယ်တကူမသတ်လိုက်နဲ့.. ခုလဲ မတော်တဆထိမိသွားတာမလား.. အန္တာရယ်လည်း ပေးတာမှမဟုတ်တာ မသတ်နဲ့.. ထည့်..ထည့် ဒီထဲကို ထည့်လိုက်.."

ထိုသူက ပြောရင်းဆိုရင်း ကဒ်ထူပုံးစုတ်တစ်ခုထဲကို သူ့ကိုထည့်ခိုင်းနေသည်။ ထိုနောက် မယူသွားပြီး မင်းဒဏ်ရာ ကိုဆေးထည့်ပေးမယ် မတော်တဆထိခိုက်မိတာ အပြစ်မယူနဲ့နော်..မင်းကိုလည်း အန္တာရယ်ကင်းတဲ့ နေရာပို့ပေးမယ်ဆိုပြီး ပါးစပ်ကတတွတ်တွတ်ရွတ်ရင်း သွေးထွက်နေသည့်နေရာကို ဆေးဖြစ်ပုံရသည့်အရည်တချို့လောင်းပေးသည်။

ပြီးသည်နောက် ၀မ်ရိပေါ်ကို ထည့်ယူလာသည့် စက္ကူဗုံးကို လူသူရှင်းသည့် ခြုံစပ်နားချရင်း လူတွေကို အန္တာရယ် မပေးနဲ့ မင်းလည်း အန္တာရယ်ကင်းတဲ့နေရာကိုသွားလို့ပြောပြီး ချပေးထားခဲ့သည်။မြွေတွေ၏မျက်လုံးက လူတစ်ယောက်ကို ဓာတ်ပုံရိုက်ယူထားသလို မှတ်နိုင်စွမ်းရှိသလို အနံ့ခံအာရုံကလည်းအရမ်းကိုကောင်းသည်။

ထိုသူထားသွားပြီး သိပ်မကြာခင်မှာပဲ ၀မ်ရိပေါ်အတွင်းအားတွေပုံမှန်အခြေအနေထိပြန်ကောင်းမလာသေးပေမယ့် တည်ငြိမ်သည့်အဆင့်ဖြစ်လာခဲ့သည်။ ရထားသည့်ဒဏ်ရာကို ပျောက်ကင်းအောင်အစွမ်းဖြင့်ကုသလိုက်ပြီး ကယ်တင်ရှင်၏ အနံ့ကိုခံကာ လိုက်ရှာခဲ့ခြင်းဖြစ်သည်။ သူတွေ့သည့်အချိန်မှာ ထိုလူသားက အိပ်ပျော်နေသည်မို့ အိမ်မက်ထဲကို သူတို့၏ နတ်မြွေအစွမ်းသတ္တိဖြင့် ၀င်ခဲ့ခြင်းဖြစ်သည်။

အကြောင်းကတော့ ၀မ်ရိပေါ် သူ့အသက်ကိုကယ်ခဲ့သူမို့ ပြန်ပြီးကျေးဇူးဆပ်ချင်တာဖြစ်သည်။ စွမ်းအားတွေ ပုံမှန်ပကတိအခြေအနေကို မရောက်သေးတာမို့ ၀မ်ရိပေါ် လူယောင်ဖန်ဆင်းဖို့မဖြစ်နိုင်သေးတာမို့ ပင်ကိုယ်မြွေခန္ဓာကိုယ် အတိုင်း ထိုလူသားအနားကိုချဥ်းကပ်ကာ စကားပြောဖို့ကြိုးစားလိုက်သည်။

The Winter You Create (Complete)Where stories live. Discover now