Unicode
ဇာတ်လမ်းလုံးဝ မတူသော မူရင်းဝတ္ထုနှင့် Tv seriesလီဝူပိုင်သည် မနက်ဖြန်တွင်ကျောင်းစာမေးပွဲရှိသော်လည်း Tv ရှေ့တွင် ထိုင်ကာ " Magnolia (မက်နိုလီယား) ဖြင့် ညွှန်းဖွဲ့သော " ဇာတ်လမ်းတွဲအား ဇွဲကောင်းကောင်းဖြင့် ထိုင်ကြည့်နေသည်။ ဤ series ကိုကြိုက်လွန်း၍ V.I.P ဝယ်ပြီးကြည့်တာကြောင့် ယခုညတွင် ဇာတ်သိမ်းပိုင်းအပါအဝင် 3 ပိုင်း ကို သူကြည့်ရမည်ဖြစ်သည်။ သူ့အတွက် စာမေးပွဲသည် နောက်၌ဖြစ်ပြီး ရုပ်ရှင်သည် ရှေ့၌ဖြစ်သည်။
"အမလေးး! ဇာတ်သိမ်းမလှတဲ့ ငါ့ရဲ့ အလှလေးရယ် အဟင့်
နှမြောလိုက်တာ... သူ့မှာ ဗီလိန်ဖြစ်မှန်းမသိ ဖြစ်သွားရှာရတာ အဲ့တာ ဟန်ချင်းရီ ဆိုတဲ့ ဟာမကြောင့်ပဲ အီးဟီး "လီဝူပိုင် သည် တစ်ရှူးဖြင့် မျက်ရည်များ သုတ်ကာ နှာညစ်လိုက်သည် ။ သူ ယခုကြည့်နေသော ဇာတ်လမ်းသည် ယွမ်အင်ပါယာ၏ နန်းတွင်းအရှုပ်တော်ပုံနှင့် အမဝမ်းကွဲ ဟန်ချင်းရီ ၏ အသုံးချခံဖြစ်ရပြီး ဗီလိန်ဖြစ်သွားရှာတဲ့ " ဟန်ချူးယန် " ဟုခေါ်သော ကောင်လေး တစ်ယောက်အကြောင်းပင်။
ဟန်ချင်းရီ ၏ ဇာတ်ဆောင် ဧကရီအပေါ် မနာလိုမှုနှင့် လောဘတက်မှုတွေကြောင့် အသုံးချခံလိုက်ရကာ ဗီလိန်ကောင်လေး၏ အဆုံးသတ်မှာ မကောင်းလှပေ။ အဆိပ်သောက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင် ပြစ်ဒဏ်ပေးခံလိုက်ရသည်။
"မူရင်း ဝတ္ထုကို ဒီညဖတ်ဖြစ်အောင် ဖတ်ရမယ်... ရင်နာလိုက်တာ ငါ့အလှလေးချူးယန်ရေ ။ ဒီလိုအဆုံးသတ်ကြီးတော့ ဒီက ကောကော က လက်မခံပါရစေနဲ့ အဟင့် အဟင့်"
သူသည် မူရင်းဝတ္ထုအား ယခုထိတိုင် မဖတ်ဖူးပေ။ သို့သော် ဤဇာတ်လမ်းသည် မထုတ်လွှင့်ခင်ကတည်းက ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်ကို သိထားသည်။ အထူးသဖြင့် မိန်းကလေး အများစုသည် ဤseries အားလက်မခံပေ ။ အဘယ်ကြောင့်လည်း ဆိုတာ သူလည်း မသိပေ။ မူရင်း ဝတ္ထုလို့ပြောဆို၍ မရအောင် series နှင့် မူရင်း ဝတ္ထုသည် ကွဲပြားလွန်းသည်ဟုသာ သိထားခဲ့တာ ဖြစ်သည်။
"ဒီတစ်ကားလုံး ငါ့အလှလေး ချူးယန်က အလှဆုံးကောင်လေးကွာ... တကယ်ချစ်စရာလေး "
YOU ARE READING
မူရင်းဝတ္ထုထဲသို့ ဝိဉာဉ်ကူးပြောင်းခြင်း
Historical FictionUnicode လီဝူပိုင် လို့ခေါ်တဲ့ 19နှစ်အရွယ် အထက်တန်းကျောင်းသားလေးဟာ Tv Series , Movies တွေ Novel , Fiction တွေနဲ့သာ အချိန်ကုန်ဆုံးလေ့ ရှိသည်။ တစ်နေ့ Tv Series တစ်ခုရဲ့ ဇာတ်သိမ်းပိုင်းကြည့်နေရင်း သူရေသောက်ရန် ပြင်လိုက်သည်။ ရေသောက်ပြီး 3စက္ကန့်လောက်အကြာ...