Part_6🧡

19.8K 1.1K 65
                                    

Unicode

ခြူးခြူးနိုတစ်ယောက်ကမ္ဘာ့ရဲ့နောက်ကျောပြင်လေးကိုပွတ်ကာနှစ်သိမ့်ပေးနေရှာ၏။

"ကမ္ဘာ...ဘာမဟုတ်တဲ့အကောင်အတွက်နင့်မျက်ရည်တွေအလကားအဖြစ်မခံပါနဲ့ဟာ"

"တိမ်လွှာကငါ့အတွက်ဘာမဟုတ်တဲ့လူမဟုတ်ဘူး သူကငါ့ဘ၀အတွက်အရာရာပဲ"

"ကမ္ဘာ...နင်ရူးသွားပြီလားဟာ!"

"ငါမရူးပါဘူး...ငါတိမ်လွှာဆိုတဲ့လူသားလေးကိုချစ်မိနေတာ"
ခြူးခြူးနို ကမ္ဘာ့ကိုဖက်လိုက်တော့ကမ္ဘာ့ခမျာကြောင်သွားရရှာ၏။

"ခြူးခြူးနင်ငါ့ကိုဘာလုပ်တာလဲ ဖယ်!"

"ကမ္ဘာရယ်ခနလေးပါဟာ ငါကနင့်ကိုနှစ်သိမ့်ပေးချင်ရုံလေးပါ"

"မလိုဘူးခြူးခြူး တခြားလူတွေမြင်ကုန်ရင်မကောင်းဘူး!"
ကမ္ဘာအားနဲ့တွန်းထုတ်လိုက်တော့ခြူးခြူးနိုရဲ့ခန္ဓာကိုယ်လေးယိုင်သွားသည်။ကမ္ဘာ့ကိုမျက်၀န်းအိမ်ကမျက်ရည်တွေအပြည့်နဲ့ကြည့်နေမိတဲ့ကောင်မလေး။

"ကမ္ဘာ...ငါ့မှာနင့်ကိုဖက်ခွင့်လေးတောင်မရှိဘူးလား"

"မရှိဘူး!"

"ဘာ...ငါကနင့်သူငယ်ချင်းအရင်းကြီးလေ"

"ငါ့ခန္ဓာကိုယ်ကိုတိမ်လွှာတစ်ယောက်ထဲပိုင်တာ ပြီးတော့တိမ်လွှာတစ်ယောက်ထဲထိခွင့်ရှိတာ"

"ကမ္ဘာ..."

"ငါသွားတော့မယ်ခြူးခြူး!"
ကမ္ဘာလည်းခြူးခြူးနိုကိုကျောခိုင်းကာထွက်လာခဲ့တော့သည်။ခြူးခြူးနိုလည်းယူကြုံးမရဖြစ်ကာကျန်ခဲ့တော့လေ၏။သူတို့ရဲ့ထိုပုံရိပ်လေးတွေကိုထောင့်တစ်နေရာကနေရပ်ကြည့်နေတဲ့အကောင်ငယ်လေး။

"ကိုကို..."

"အင်း"

"ဘာတွေကြည့်နေတာလဲ ပြောတော့သဲနဲ့ပျော်ချင်လို့ဆို"

"ငါစိတ်မပါတော့ဘူး"

"ဟင်..."

"မင်းပြန်လိုက်တော့!"

"ကိုကိုကလည်း"

"ငါ့ကိုစောက်ရစ်လာမရှည်နဲ့ မနက်ဖြန်ငါနဲ့တွဲချင်သေးတယ်ဆိုရင် နင့်စောက်ပေါက်ပိတ်ပြီးလစ်လိုက်တော့!"
တိမ်လွှာရုပ်တည်ကြီးနဲ့ပြောလိုက်တော့ကောင်မလေးမျက်လုံးအပြူးသားနဲ့လန့်သွားသောပုံစံလေးဖြင့်။

You'll also like

          

"အင်း...သဲပြန်ပါ့မယ်"

"အေး...အမြန်လစ်လိုက်တော့!"
တိမ်လွှာလက်ဟန်ပြကာပြောလိုက်တော့ ကောင်မလေးလည်းအလိုက်တသိထွက်သွား၏။ကောင်မလေးထွက်သွားတော့မှတိမ်လွှာသူ့မျက်နှာကို သူ့လက်တွေနဲ့အကြမ်းပတမ်းပွတ်လိုက်၍။

ငါအခုနာကျင်နေရတာလား။ကမ္ဘာနဲ့ခြူးခြူးက်ိုတွေ့ရတာငါ့ရင်ဘက်ကဘာလို့တဆစ်ဆစ်နာကျင်လာရတာလဲ။ငါပိုင်တဲ့အရာလေးကိုသူများလုယူသွားသလိုခံစားချက်မျိုးကြီး...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာအိမ်ကိုရောက်တဲ့အထိငိုနေတာကိုမတိတ်နိုင်သေးချေ။

"ရှိုင်းလေးဘာဖြစ်လာတာလဲ"
ဒေါ်မြတ်နွယ်လဲငိုလာတဲ့ကမ္ဘာကြောင့်ပူပန်သွားရပုံ။

"ဘာမှမဖြစ်ပါဘူးမေမေ ဟို...မျက်လုံးထဲအကောင်၀င်သွားလို့ပွတ်ရင်းမျက်ရည်ထွက်သွားတာ"
ကမ္ဘာငိုနေရင်းဒေါ်မြတ်နွယ်ကိုပြုံးပြလိုက်မှဒေါ်မြတ်နွယ်စိတ်အေးသွားရ၏။

"အလိုတော်...ရှိုင်းလေးရယ် နောက်တစ်ခါမျက်လုံးထဲအကောင်၀င်ရင်အရမ်းမပွတ်ရဘူးသိလား"

"ဟုတ်ကဲ့မေမေ သားအိမ်ပေါ်မှာသွားနားတော့မယ်နော်"

"အေးအေး"
အလိုကွယ်တိမ်လွှာလေးကရဲသလောက်ရှိုင်းလေးကနုလိုက်တာ။ဘာဖြစ်ဖြစ်အခုလိုတစ်ယောက်တစ်မျိုးဆိုတော့တော်သေးတာပေါ့။နို့မိုဆိုရင်တိမ်လွှာလေးလိုရှိုင်းလေးသာဆိုးရင်နှစ်ယောက်ထိန်းရမှာမလွယ်ပါတော်။

ကမ္ဘာအခန်းထဲ၀င်ပြီးကြမ်းပြင်ပေါ်မှာလှဲချလိုက်၏။မျက်လုံးတွေကိုတင်းတင်းစေ့ထားပေမဲ့စီးကျလာတဲ့မျက်ရည်စက်လေးတွေကချောင်းသဖွယ်။

ကိုယ်မြတ်နိုးတဲ့ပန်းလေးတစ်ပွင့်ကိုသူများခူးစွတ်မှာကိုစိုးရိမ်မိတာကျွန်တော်မှားသွားလား။မြတ်နိုးတွယ်တာရတဲ့လူသားလေးကကျွန်တော့်က်ိုရှိတယ်လို့တောင်မထင်ခဲ့။

"ကျွီ!"
ရုတ်တရက်တံခါးဖွင့်သံကြောင့်ကမ္ဘာကြမ်းပြင်ပေါ်ကနေကုန်းထလိုက်၍။

"တိမ်လွှာပြန်လာပြီလား"

"အင်း"
တိမ်လွှာသူ့အပေါ်ကုတ်အင်္ကျိီကိုကုတင်ပေါ်တင်ရင်း ကမ္ဘာ့ကိုခေါင်းတစ်ချက်ငြှိမ့်ပြလိုက်၏

ရင်နှင့်အမျှချစ်ခဲ့ရပါသော...{Completed}Where stories live. Discover now