Part 10

84 8 0
                                    

(Unicode)

မင်းမဟာမာန်နှင့် သတ္တိမဟော်တို့ တော်ဝင်နန်း‌တော်ရဲ့ ဂိတ်ပေါက်ကနေ အတူတူထွက်လာကြသည်။ သူတို့တွေ တာဝန်ပြီးဆုံးလို့ အိမ်ပြန်ကြခြင်းဖြစ်သည်။ မြင်းပျံကိုယ်စီရှိကြသော်လည်း သူတို့နှစ်ယောက်သည် ဤညတော့ ၎င်းတို့၏ မြင်းပျံတွေအား ဆိုင်ရာမြင်းဇောင်းတွေမှာသာ ထားခဲ့ကြပြီး သူငယ်ချင်းနှစ်ယောက် လမ်းလျှောက်ပြန်ကြသည်။ မြင်းပျံနဲ့ဆို ခဏတွင်းချင်း အိမ်ကို ရောက်သွားမှာ ဖြစ်ပေသိ စကားအကြာကြီး ပြောချင်ကြ၍ လမ်းလျှောက်ကြခြင်း။

သူတို့တွေ တာဝန်ပြီးဆုံးသည့်အချိန်က လမ်းတစ်လျှောက် အသွားအလာမရှိတော့ဘဲ မိသားစုတွေ အိပ်ယာဝင်ကြသောအချိန်ဖြစ်သည်။ ထိုသို့ဖြစ်၍ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ဆီမီးတိုင်များလည်း ဖြိုင်ဖြိုင်‌ဝေနေလေသည်။

"စကားပြောစရာရှိလို့ အတူ လမ်းလျှောက်ပြန်မယ်ဆိုပြီး ရောက်လာတယ်၊ မင်းပြောသလို ငါလည်း ငါ့မြင်းပျံကို ထားခဲ့ပြီး လမ်းလျှောက်ပြန်ပေးတယ်၊ လမ်းလျှောက်နေတာ လမ်းတစ်ဝက်ကျိုးတော့မယ် မင်းကတော့ ငါ့ကို အခုထိ ပြောစရာရှိတာမပြောသေးဘူး၊ ရုပ်ကြည့်တော့လည်း တစ်ခုခုကြောင့် စိတ်ရှုပ်ပြီး ရူးချင်နေတဲ့ရုပ်နဲ့၊ စိတ်ရှုပ်နေရင်လည်း အိမ်အမြန်ပြန်အိပ်နေပါလား၊ သက်သက်မဲ့ ငါ့ကို ခြေထောက်ညောင်းအောင်လို့"

သတ္တိမဟော်သည် အနှီလူစားမျိုးဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် သတ္တိမဟော်၏ အပြောတွေကို နားမခံသာသည့် လူများက သတ္တိမ‌ဟော်နှင့် အပေါင်းအသင်းမလုပ်။ သိပ်ပြီးတော့ အခေါ်အပြောလည်းမလုပ်ဘဲ မဖြစ်မနေ အခေါ်အပြောလုပ်ရရင်တောင် စကားမြန်မြန်ဖြတ်ပေးတတ်ကြသည်။ မင်းမဟာမာန်ကတော့ သတ္တိမဟော်နှင့် ခင်မင်ရင်းစွဲ နှစ်တွေများစွာ ကြာလာသည်နှင့်အညီ ဤအပြောတွေက သူ့အတွက် မည်သို့သော မအီမသာမှုကိုမှ မဖြစ်စေ။

"မဟော် မင်းကို ပြောစရာရှိတယ်ဆိုတာက လေပြည်သွေ့အကြောင်းကွ"

"သွေ့အကြောင်းဟုတ်လား"

"ငါ ဒီနေ့ ညီဆွေးကို ပထမဆုံးသင်ခန်းစာသင်ပေးရတယ်လေ၊ လေပြည်သွေ့က ညီဆွေးရဲ့ ကိုယ်ရံတော်ဆိုတော့ သူလည်းပါလာတာပေါ့"

နှစ်ရောင်စပ်၏သုခဘုံကမ္ဘာ (Completed)(နှစ်ရောင်စပ်၏သုခဘုံကမ္ဘာ) (Completed) Where stories live. Discover now