"ဂျယ်နို..."
"ဒီနေရာကမလုံခြုံဘူး သားရဲ့။ မေမေတို့နဲ့လိုက်ခဲ့လေနော်"
"ဂျယ်နို အဖေတို့အိမ်မှာမပြည့်စုံတာလဲမရှိဘူး။ သားရဲ့အဘိုးကိုပါခေါ်ခဲ့မယ်လေ"
ဂျယ်နိုကစိတ်ပျက်စွာနဲ့ပဲဒီစိတ်ပျက်စရာစကားဝိုင်းမှာထိုင်နေရတယ်။ သူ့ကိုအိမ်လိုက်ဖို့အတွက်ဘာကိစ္စနဲ့ဒီလောက်ခခယယလာခေါ်နေရတာလဲ?
မွေးကတည်းကဒီမှာရှိလာတာကိုအခုချိန်မှထွက်ခွါရမယ်ဆိုတာကြီးကဘာမှသိပ်မဖြစ်ပေမယ့် စာအုပ်တွေကရော? စာအုပ်တွေကိုဘယ်လိုလုပ်မလဲ?
စာအုပ်ဆိုင်မှာစာအုပ်ငှါးပြီးလာဖတ်နေကြသူတွေ။ လာဝယ်နေကြသူတွေကရော? ပြီးတော့ထိုကောင်ငယ်လေးသာဒီကိုပြန်လာရင်ရော?
ဂျယ်မင်းသာဒီကိုပြန်လာလို့သူကရှိမနေခဲ့ရင်ဂျယ်မင်းဘယ်လိုဖြစ်သွားမလဲ? ဘာပဲဖြစ်ဖြစ်အဲ့နေ့ကဂျယ်နိုဟာအိမ်ပြန်လိုက်ခဲ့ရပါသည်။
အမှတ်တရအပြည့်နဲ့စာအုပ်ဆိုင်ကိုသော့ခတ်ပိတ်ရင်းနဲ့ပေါ့။ ဂျယ်နိုကနောက်ဆုံးအနေနဲ့စာအုပ်ဆိုင်ကိုကြည့်လိုက်တယ်။ လှပဆတဲ့အမှတ်တရတွေပဲ။
ခဏတာအချိန်လေးကသူ့ကိုရင်ခုန်စေခဲ့တယ်။ ဝမ်းနည်းစေခဲ့တယ်။ ပျော်ရွှင်စေခဲ့တယ်။ သူ့ရဲ့စနောက်တဲ့ပုံစံကိုဖော်ပြခဲ့တယ်။ ပြီးတော့သူကချစ်ခဲ့တယ်။ ဆနနနနနနနနနနထနိပနိိိ
..............................................................................
"မင်းပါးစပ်ပိတ်ပြီးအသာနေစမ်းပါ"ဂျယ်မင်းကထဆဲပြီးငိုချင်သလိုတောင်ဖြစ်သွားရတော့သည်။ ထောင်ဖောက်ပြေးပါတယ်ဆိုနေဘေးနားကစကားကိုတစ်တွတ်တွတ်မနားတမ်းပြောနေတဲ့ဂျီဝူးပင်။
အစကတော့အဆင်ပြေပေမယ့်လမ်းထောင့်ချိုးတစ်ဖက်ခြမ်းကနေ ဂျပန်ကောင်တစ်ကောင်ကိုတွေ့လိုက်တာနဲ့ဂျယ်မင်းကတန်းပြီးဘေးကဂျီဝူးရဲ့ပါးစပ်ကိုလှမ်းဆနိန ရက်ရသည်။
ဂျယ်မင်းနဲ့ဂျီဝူးရဲ့တစ်ကိုယ်လုံးကနံရံမှာပြားပြားကပ်နေပြီးဂျယ်မင်းရဲ့လက်က ဂျီဝူးရဲ့ပုခုံးနဲ့လည်ပင်းကြားကိုအားဖြင့်ဖိထားရင်းဂျီဝူးရဲ့အသံကိုရောလှုပ်ရှားမှုကိုရောရပ်ထားစေသည်။
ဂျယ်မင်းရဲ့အသက်ရှူသံတွေကပြင်းထန်နေကာသူ့မျက်နှာနဲ့လည်ပင်းမှာချွေးတွေစိုရွှဲနေတယ်။ ဂျယ်မင်းကိုကြည့်လိုက်တာနဲ့ဘယ်လောက်စိတ်ဖိစီးပြီးကျဉ်းကြပ်နေလဲဆိုတာမြင်နိုင်ပါ၏။
ဂျယ်မင်းကသတ္တိမွေးလိုက်ကာသူ့ခေါင်းကိုနောက်တစ်ခေါက်နံရံထောင့်ချိုးရဲ့ တခြားဘက်ခြမ်းကိုကြည့်လိုက်တော့ကံကောင်းစွာနဲ့ပဲအဝါနုရောင်ဝတ်ဂျပန်တွေဟာမရှိတော့။
ဂျယ်မင်းကစိတ်သက်သာရာရစွာနဲ့သက်ပြင်းချလိုက်ရင်းဂျီဝူးရှေ့ကနေဦးဆောင်ကာ စိတ်ချလက်ချထွက်သွားလိုက်ပေမယ့်ဂျယ်မင်းရဲ့ ရှေ့တည့်တည့်မှာအဝါရင့်ဝတ်ဂျပန်စစ်သားနှစ်ယောက်ကပေါ်လာခဲ့တယ်။
ဂျယ်မင်းကကံဆိုးလွန်းပါသည်။ လမ်းတစ်လျှောက်လုံးအဆင်ပြေနေပြီးတော့ အကျဉ်းထောင်ထဲကနေထွက်ပြီးလွတ်မြောက်ခါနီးကြတော့မှဒီလိုလာတိုးရလား။
ဒါပေမယ့်ဂျယ်မင်းဟာသူ့ရဲ့ကံဆိုးမှုအကြောင်းကိုအများကြီးစဉ်းစားပြီးငိုချင်းချနေဖို့အချိန်မရှိ။ ဂျယ်မင်းကိုတွေ့တာနဲ့ဂျပန်နှစ်ကောင်ကလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
"ထွက်ပြေး!!"
ဂျယ်မင်းကနံရံနောက်မှာရှိနေတဲ့ဂျီဝူးကိုအော်လိုက်ရင်းတစ်ချိန်တည်းမှာပဲ ရပ်နေတဲ့ဂျပန်ကောင်နှစ်ကောင်တည့်တည့်ဆီကိုပြေးကာတိုက်ချလိုက်လေတော့သည်။
ထိုတော့မှပဲဂျီဝူးကလည်းလွတ်လွတ်ကျွတ်ကျွတ်ထွက်ပြေးနိုင်တော့သည်လေ။ ဂျီဝူးကလွတ်သွား၍ဂျယ်မင်းကတော့စိတ်အေးသွားရသော်လည်းသူ့အသက်ကရှိသေးသည်။
စစ်သားနှစ်ယောက်ကဂျယ်မင်းကိုအမြန်ပင်လက်ကနေဖမ်းဆီးလိုက်ကာ သေနတ်ကိုထုတ်လိုက်သော်လည်းဂျယ်မင်းကအသက်မသေဖို့ရာအမြန်ပင်ဂျပန်လိုပြောလိုက်ရပါတော့သည်။
"မင်းတို့ဗိုလ်ကြီးနဲ့တွေ့ဖို့လာတာ။ ဗိုလ်ကြီး!...ဗိုလ်ကြီး..."
ဂျယ်မင်းကတော်တော်ကိုစိတ်အေးသွားရတော့သည်။ သူဂျပန်စာသင်ထားရတာကအလကားမဖြစ်ခဲ့။ အနည်းဆုံးတော့သူ့အသက်ကိုကယ်နိုင်ခဲ့သည်လေ။