Part 8 - Uni

4.8K 143 1
                                    

Uni

"မရဘူး ငါခွင့်မပြုနိုင်ဘူး"

"ဘာလို့လဲ ပိုး က ရှင်ပိုင်တဲ့သူမဟုတ်ဘူးလေ"

"မင်းကို ပိုင်ဆိုင်ရအောင် ငါဘာလုပ်ရမလဲ ဟမ် ဖြေလေ!!"

ပိုးလက်မောင်းရင်းကို ကိုင်ပြီးပြောနေတဲ့ နေမြတ်ကြောင့် သံစဉ်ဝင်ပါရပြန်ပြီ။

"ဟဲ့ နေမြတ် စိတ်လျော့စမ်းပါဟယ် နင်ကလည်း။ ပိုး လန့်နေပြီ။"

ပိုးစစ်ဖြူ တိုက်ခနိးမှာပဲ ပြန်နေမယ် ဆိုလို့ နေမြတ်ထူးမောင် က ခွင့်မပြုခြင်းပေ။ သမီးလေးက အဲ့ဆရာဝန်မလေးကို ခင်တွယ်ရှာတာ သူသွားလို့မဖြစ်ဘူး။ ပတ်ဝန်းကျင်တွေလည်း ငါမသိဘူး။ ငါ့သမီးလေးပဲ သမီးလေးက ပိုးမနေရင် ဂျီတိုက်မှာ။

"အကို ပိုးက အကို ပိုင်တဲ့သူလည်းမဟုတ်ဘူး ပိုးကို အကိုပိုင်အောင် ဘာမှ လုပ်လို့လည်းမရဘူး။ ပိုးမှာကလည်း မိန်းကလေးပါ အကို ပတ်ဝန်းကျင်ကိုကြည့်ပေးပါ။"

"ငါ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့ ကောင်မဟုတ်ဘူး"

"အကို ဘာသာ ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ပိုးကတော့ ဂရုစိုက်တယ်။ ဒါကြောင့် ပိုး တိုက်ခန်းမှာ နေတော့မယ့်အကြောင်းပြောပြတာလည်းမဟုတ်ဘူး ခွင့်တောင်းတာလည်းမဟုတ်ဘူး အသိပေးတာပါ။"

"အဲ့ဆိုသံစဉ်အိမ်မှာ လာနေလိုက်လေ။"

"သံစဉ်ကပဲ မနေနိုင်ပဲ ဝင်ပြောပေးရသည်။ ကိုယ့် သူငယ်ချင်းအကြောင်းကိုယ်သိသည်မဟုတ်လား။ "

"မင်းဝင်မပါနဲ့ ဒါငါနဲ့သူ ပြသာနာ။"

ကြည့်တော့ သူဒီလောက်စိတ်ဆိုးနေတာကို ဒီကောင်မလေး အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမယ်။

သံစဉ်လှမ်းမြင်လိုက်ပါသည်။ နေမြတ်ထူးမောင် ခါးကြားထဲက အိတ်ကပ်ထဲ လက်နှိက်နေသည်ကို ဒါကြောင့် အမြန် နေမြတ် နားသွားလိုက်ပြီး.... သူ့လက်ကို ချက်ချင်း ဆုတ်ကိုင်ကာ..

"စိတ်လျော့စမ်းပါ။ ပိုးကို ငါ့အိမ်မှာနေလည်း ဘာဖြစ်လဲ ငါအိမ်က နင်နဲ့ မျက်နှာချင်းဆိုင်လေ။ ကပ်ရပ်ဟာကို နေ့တိုင်းလည်း တွေ့လို့ရတယ်လေ ။ နန်းလေးလည်း လာကြည့်လို့ရတယ်လေ နေမြတ်ရယ်။"

ကျွန်မ၏နှလုံးသားတစ်စုံအား သင်လိုအပ်သလို အသုံးချနိုင်သည်။ OC (Complete)Where stories live. Discover now