ဆန်ဒီယေဂိုသို့ရောက်ရှိလာသည့်အချိန်ကား မနက်၎နာရီခန့်။ များသောအားဖြင့် လူအများအိပ်မောကျနေတတသည့် ဒီလိုအချိန်မှာ ဆန်ဒီယေဂိုမှာတော့ သွားလာလှုပ်ရှားနေကြသည် လက်နက်ကိုင်စစ်သားတွေ၊ လုံခြုံရေးတပ်တွေနှင့် အသက်ဝင်လှုပ်ရှားဆဲ။ တတိုင်းပြည်လုံးနီးပါးကို အစာရေစာ၊လျှပ်စစ်နှင့် ဆက်သွယ်ရေးမှန်သမျှဖြတ်တောက်ထားပြီး ဒီနေရာမှာတော့ထိန်ထိန်ညီးနေသည်။
အလုပ်လုပ်သားတွေနှင့် ကားများလဲသွားလာနေတာကြောင့် ရောနှောဝင်ရောက်မောင်းနှင်လိုက်ပြီး စက်ရုံကြီးတွေနှင့် တပ်အင်အားအများဆုံးတွေ့ရသည့်နေရာအရောက်မှာတော့ မှောင်ရိပ်ကျသည့်နေရာလေးမှာ ကားရပ်လိုက်ကာ ပတ်ဝန်းကျင်အနေအထားကိုစတင်လေ့လာသည်။ Andy နှင့် ကျန့်ကောက လက်ထဲကိုင်ဆောင်ထားသည့်မှန်ပြောင်းဖြင့် ကြည့်နေခဲ့ပြီး ခဏအကြာ
"ဆရာရှောင်း? ကွန်တင်နာတွေသယ်လာတဲ့အစားအသောက်တွေကို ဒီနေရာမှာလှောင်ထားတာဖြစ်မယ်။ ဆန်ဒီယေဂိုနယ်မြေခေါင်းဆောင်ကာစတီလိုက အဲ့ဒီရိက္ခာတွေနဲ့ အလုပ်ကြမ်းလာလုပ်ကြရတဲ့အရပ်သားတွေကို မစို့မပို့ကျွေးရင်း မျှားထားတာနေမှာ။"
"ကျွန်တော်တို့တွေပြန်ခိုးကြမယ်လေ။"
"ခိုးချင်လာပဲဒီကိုလာတာလေ ဆရာရှောင်း။ ကြည်းတပ်၊ရေတပ်၊လေတပ်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်တွေကအစ အကုန်ဒီရောက်နေပါလား။"
"ကျွန်တော်တို့က ၆ယောက်ပဲရှိတယ် Andy။ ပြသာနာတော့မရှိပါဘူး။ လူနည်းတော့ ပျောက်ကြားလှုပ်ရှားတာပေါ့။ကျွန်တော်တို့ကခေါင်းလဲကောင်းတယ်၊သတ္တိလဲရှိတယ်လေ။"
"ကဲ အနီးကပ်လေးသွားကြည့်ကြရအောင်။ "
"ရိပေါ် Miller Wayne မင်းတို့ကလမ်းတစ်လျှောက်မြက်သမျှမှတ်ထား။အဓိကက ဂျူတီချိန်းကြတဲ့အချိန်ပဲ။ "
"ဟုတ်ကဲ့..."
ထို့နောက် Andy နှင့်ကောက အရှေ့မှဦးဆောင်သွားကာ ဟိုက်ခွမ်းကောကတော့ အနောက်မှပိတ်လိုက်၍ ရှေ့တိုးခဲ့ကြပြီးမြောက်မြားစွာသော ကွန်တင်နာတွေကြားထဲသို့ရောက်လာခဲ့ကြသည်။ မီးတိုင်အမြင့်ကြီးတွေသာထွန်းထားရာနေရာဖြစ်လို့ ကွန်တင်နာတခုနှင့်တခုအကြား မှောင်ရိပ်ကျနေသည့်နေရာများရှိနေသည့်အတွက် သတိကြီးကြီးထားကာ ခြေသံကိုအတတ်နိုင်ဆုံးထိန်းခဲ့ကြသည်။
YOU ARE READING
Day Of Our Lives (FTC Special Episode)
FanfictionIntro ရယ်လို့မရှိပါဘူး။ ရောင်းထားတဲ့စာမူလေးအတွက် ရေးတင်ခြင်းပါပဲ။ Day Of Our Lives လေးက Follow The Command Season 1 2 3 4 စတာတွေ မဖတ်ဖူးသူဆိုရင် ဝင်မဖတ်ပါနဲ့ တလုံးမှနားလည်မှာမဟုတ်ပါဘူးနော်။ ဒါက Side story သဘောမျိုးလေးမို့လို့ပါ။ Intro ရယ်လို့မရှိပါဘ...