[အပိုင်း၂၀ u+z]

3.7K 308 6
                                    

Unicode

"ဆူလ်ဇီ ဆူလ်ဇီ မင်းအခုထွက်ခဲ့စမ်း !!!"

အိမ်ရှေ့မှ ကျယ်လောင်လှသော ယောက်ကျားကြီး၏ အသံသည် အိမ်အတွင်းသို့ လွှမ်းမိုးသွားလေသည်။

"ငါပြောနေတယ်လေ ထွက်ခဲ့လို့ ၊ နင်က လုပ်ချင်ရာ လုပ်ပြီးမှ အခုတော့ ကြောက်နေတာလား ဟမ် မြွေပွေးမ အဆိပ်ပြင်းတဲ့ ဟာမ"

ဆဲရေးဆိုသံများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေလှသည်။

"ဒီမှာ ရှင် သူများအိမ်မှာ ဘာတွေ လာပြောနေရသလဲ လူကြားလို့မှမကောင်း"

ခြံတံခါးဖွင့်လိုက်သည်နှင့်အမျှ ပိုးကို တိုက်ချရင်း အိမ်ထဲသို့ တုန်းဆိုင်းကြီး ပြေးဝင်သွားတဲ့ ထိုလူကြောင့် ပိုးခဗျာ ကြောင်တောင်တောင်ဖြစ်သွားရလေသည်။

ဘာများဖြစ်တာလဲ အန်တီနဲ့ ရန်ဖြစ်ထားလေသလား။

"ဆူလ်ဇီ မင်းဘယ်မှာလဲ အခု ထွက်ခဲ့စမ်းပါကွာ !!!"

အိမ်တွင်း၌ အန်တီကို ကျယ်လောင်စွာ အော်ခေါ်နေသော ထိုလူကြောင့် ပိုး အပြေးလေးပင် အိမ်ထဲသို့ ဝင်လာခဲ့သည်။

"ဒါကို ရှင့်အိမ်များ ထင်နေရသလား.."

အိမ်ပေါ်မှ မာထန်သော မျက်နှာနှင့်အတူ ဆင်းလာသော အန်တီ၏ မျက်နှာသည် သိပ်ကို အေးစက်လှသည်။

အန်တီကို တွေ့သည်နှင့်အမျှ ထပ်တူအေးစက်သွားသော ထိုဦးလေး၏ မျက်နှာဟာ သိပ်ကြောက်ဖို့ကောင်းလှလေသည်။

"မင်း အခု ဘယ်လိုလုပ်လိုက်တာလဲ ဒီကိစ္စကို ငါအများကြီး မျှော်လင့်ထားတာကွ မင်းမို့ လုပ်ရက်တယ်ကွာ..တောက်စ် !"

မာန်ပါပါဖြစ် ဆိုလေသော စကားသံသည် ဒေါသ၊နာကျင်မှု အပြည့်။

"ကျွန်မ ရှင့်ကို မျှော်လင့်ဖို့ မပြောမိပါဘူး.."

လိုရင်းတိုရှင်းစကားသည် ထိုလူကြီးရဲ့ ဒေါသကို အထွတ်ထိပ်ရောက်စေလေရဲ့။

"ငါမင်းအပေါ် ဘာများလုပ်မိလို့လဲ ဟမ် ငါမင်းကို ဒီလောက်ထိ ချစ်တာကိုကွာ မင်း..မင်းက အသဲနှလုံး မရှိတဲ့ မိန်းမပဲ..."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now