part {5} zawgyi

6.1K 50 1
                                    

"တော်ဝင်ယောက်ျား "✔ ..၅
အပိုင်း..၅

"ဟာ ကိုသန်းတို့ကလည်းခွင့်ယူမယ်ဆို
ကြိုမပြောဘူး..ဒီကလာမှန်းမသိမလာမှန်း
မသိစောင့်နေရတာ..ကလေးမနောက်ကျ
တော့မှာပဲ..."
အရိပ်ကျောင်းသွားဖို့ကိုဒရိုင်ဘာမလာသ
ဖြင့်အန်တီကဖုန်းပြောရင်းဆူနေတာဖြစ်သည်။
"ရပါတယ် အန်တီ ရိပ်ကားဌားပြီးပဲသွားပါတော့မယ်.."
"ဒီနေ့စာမေးပွဲရှိတယ်ဆို.."
"ဟုတ်.."
"သမီး အန်ကယ့်ရဲ့ဒရိုင်ဘာကိုဖုန်းဆက်
ခေါ်ကြည့်ပါလား.."
"နေပါစေ အန်တီ၊ တော်ကြာအန်ကယ်အ
နှောင့်အယှက်ဖြစ်ပါမယ်.."

အိမ်မှာကားတွေအများကြီးရှိပေမယ့်
အန်တီကကားမမောင်းတတ်ပါ။ဒရိုင်ဘာ
မလာရင်ဒီလိုပဲအမြဲဆူပူရသည်။
ဦးလေးသန်းကဖြာတို့အရိပ်ကိုကျောင်းပို့
ပီးမှအန်တီ့ကိုဆိုင်ပို့ပေးရတာဖြစ်သည်။
ဖြာကတော့သူ့ဒယ်ဒီကားနဲ့လိုက်စီးပြီး
ကျောင်းသွားပြီဖြစ်၍ အရိပ်ပဲကျန်တော့
သည်။

"သြော်..နေအုံး ဆန်နီပြန်‌ရောက်နေပြီပဲ။
ဟဲ့ ချိုမိုင် နင့်အကိုလေးကိုသွားခေါ်စမ်း.."

"ဟင် အန်တီ..ရိပ်ဖာသာ.."
"အဌားကားနဲ့လည်း သမီးလိုမသွားတတ်
တဲ့သူကိုတစ်ယောက်ထဲလွှတ်ဖို့စိတ်ချရ
တာမဟုတ်ဘူးကွဲ့. ခနစောင့်လိုက်သားကိုလိုက်ပို့ခိုင်းမယ်.."

အန်တီကတကယ်ပဲရိပ်အပေါ်ကောင်းလှ
ပါသည်။ ရိပ် နေမျက်နှာနဲ့မသွားချင်ပေမယ့်အန်တီ့သဘောကိုပြန်မပြောရဲ။

ချိုမိုင်နဲ့အတူသူလိုက်ဆင်းလာသည်။
"ဟင် ဆန်နီ ဒါကဘာပုံစံကြီးလဲ.."

သွားတိုက်တံကိုပါးစောင်မှာထည့်ရင်း
အကျီစွပ်ကျယ်နဲ့ဘောင်းဘီတိုတိုလေး
ဝတ်ပြီးအိပ်ယာကထလာတဲ့အတိုင်းဆင်း
ချလာတာ...
"ရွံစရာကောင်းလိုက်တာ..မင်းဒီပုံစံနဲ့ဆင်း
လာရသလား..."
"ခေါ်တဲ့လူကလည်းအချိန်နဲ့အခါနဲ့ကြည့်
ပြီးမှလာခေါ်ပါလား.."
"သွား..သွား..ပြန်တတ်၊မင်းမျက်နှာသစ်
အ၀တ်အစားလဲပြီးရင်ဆင်းလာခဲ့..
ဒီမှာအရိပ်ကလေးကိုမင်းကျောင်းလိုက်
ပို့ပေးလိုက်.."
"ဘယ်လို.."
"ဒရိုင်ဘာကကြိုမပြောပဲမလာလို့ပါ ဆန်နီ
ရယ်၊ဒီတနေ့ပဲ..မင်းပို့ပေးရမှာကပ်သပ်မနေနဲ့..မာမီ့စကားနားထောင်ပါအုံး..သွား."

Royal Husband (Or)တော်ဝင်ယောက်ျား {Complete}Where stories live. Discover now