"သော်တို့ရောက်ရင် အဖြေတစ်ခုခု ရမှာပါ"

လက်တစ်ဖက်ကို သော်ဆုပ်ကိုင်ထားသောကြောင့် မလွတ်လပ်၍ ကျန်လက်တစ်ဖက်နှင့် မျက်နှာကွယ်လိုက်ပြီး တမံမျက်ရည်ခိုးကျမိသည်။

ဒါက မံကိုရန်ငြိုးဖွဲ့နေတဲ့ Kyleအကြောင်းအရင်းလား။

နှစ်အတော်ကြာ၍ ဟောင်းနွမ်း ညစ်ထေးစပြုနေသည့် ကျောင်းသားဟောင်းစာရင်း လယ်ဂျာစာအုပ်ရှည်ကို ပေါင်ပေါ်တင်လျက် "ခိုင်မြဲနှောင်"နာမည်ကို တမံလက်ချောင်းလေးဖြင့် ဖွဖွလေး တို့ထိမိသည်။ မျက်ရည်စက်သည် ဝါညစ်ညစ် စက္ကူစာရွက်ပေါ် စိုစွတ်၏။

"ခိုင်မြဲနှောင်က ဘယ်သူမှ မဟုတ်ဘူး ... Kyleပဲ၊ Kyleကို မြင်တိုင်း ပဟေဠိတွေရှိနေခဲ့တာ"

"ဒါပေမဲ့"

ငြင်းချင်နေသေးသော မံ စကားမဆုံးခင်

"surgeryလုပ်ခဲ့တာ၊ ကိုယ်တို့မမြင်ခဲ့တဲ့ ခိုင်မြဲနှောင်ကနေ အခု ကိုယ်တို့မျက်စိရှေ့က Kyle ဖြစ်လာအောင် သူ့ကိုယ်သူ အားလုံးပြောင်းလဲခဲ့တယ်"

တမံငြိမ်သက်သွားသည်။ နှစ်ယောက်တည်းရှိသော ကျောင်းရုံးခန်းထဲ သော်အသက်ရှုသံပြင်းပြင်းသာလျှင် အသက်ဝင်နေလျက် တမံက လက်ရှိကမ္ဘာနှင့် ခေတ္တ အဆက်ပြတ်သွားသည်။

"တကယ်ပဲ သူက ... သူဖြစ်နေတာလား သော်"

တမံကို မမျှော်လင့်ထားသလို သော် ငေးမောကြည့်လာသည်။

"သူ .. တော်တော် အနာခံရမှာပဲ ... ခန္ဓာကိုယ်ရော စိတ်ရော သူ အများကြီး နာကျင်ပင်ပန်းခဲ့ရှာမှာ"

"တမံ!"

သော်ဒေါသကြောင့် တမံပခုံးနှစ်ဖက် ခပ်ကြမ်းကြမ်း ဆောင့်ခါလှုပ်ရမ်းခံလိုက်ရပြီး

"တမံ ဒီလိုစကားပြောရမဲ့ အချိန်မဟုတ်ဘူး၊ အခု သူဘာလဲသိပြီဆိုရင် မံ သူ့ကို ရှောင်ရမယ်၊ သူက သိပ်ကြောက်ဖို့ကောင်းတယ်၊ သူဖြစ်ချင်တာအတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် မညှာတာတဲ့ကောင်၊ သူ့မှာ နာကျင်စရာ မရှိတော့ဘူး သူကပဲ သူများကို နာကျင်စေလိမ့်မယ်၊ သော်အနောက်မှာပဲ နေပါ၊ မံ သူ့ဆီ ထပ်မသွားနဲ့ မံကို သူ ညှင်းပန်းနှိပ်စက်လိမ့်မယ်၊ သော်က မံကို သူ့ဆီကနေ ကာကွယ်ပေးမယ်"

ChillWhere stories live. Discover now