"မောင်!ဒီကိုလာစမ်း"
"ဗျာ"
companyသွားဖို့ပြင်ဆင်နေသော နိုင်းမှာအနောက်ကခေါ်သံလေးကြောင့် လုပ်လက်စများရပ်ကာ အနားသို့အမြန်ပြေးသွားမိသည်။ရေချိုးခန်းထဲမှထွက်လာသူသည် ရေချိုးပြီးစမို့မျက်နှာလေးကကြည်လင်ကာနုဖတ်နေ၏။
"ယိမ်း ဘာလို့လဲ"
"မင်းအလုပ်ကိုဒီပုံစံနဲ့သွားမလို့လား"
"ဟင်?"
"ဟင်မနေနဲ့! necktieကိုကြည့်ပါအုံး ရွဲ့စောင်းနေတာပဲ!အင်္ကျီကြယ်သီးလဲသေချာမတတ်ထားဘူး"
"မောင်ကအမြဲဒီလိုပဲ ဖြစ်သလိုသွားနေကြပါ!ဘယ်သူမှမကဲ့ရဲ့ရဲပါဘူးကွာ"
"မောင်နော် အရင်ကမောင်ကလူပျိုလူလွတ်လေ!အခု အိမ်ထောင်သည်ဖြစ်နေပြီ!မောင်အခုလိုဖြစ်သလိုနေရင် ငါကဘယ်ကောင်းမလဲ!တော်ကြာ ငါကမောင့်ကိုဂရုမစိုက်ဘူးလို့အထင်ခံနေရပါအုံးမယ်"
"ယိမ်းမောင့်ကိုဘယ်လောက်ချစ်ပြီးဂရုစိုက်လဲဆိုတာ မောင်အသိဆုံးပဲဟာ!ကျန်တဲ့သူတွေဘယ်လိုထင်ထင်ပေါ့ အဲ့တာသူ့တို့အကြောင်း"
"ဟွန်း!ပြောလိုက်ရင်အဲ့အတိုင်းပဲ ဘယ်တော့မှငါ့စကားကိုနားမထောင်ဘူး!ကိုယ်လုပ်ချင်ရာပဲလုပ်တဲ့လူဆိုးကောင်"
နှုတ်ခမ်းရဲရဲလေးကိုစူပြီးအပြစ်ပြောကာ နိုင်းဝတ်ထားသည့် ကော်လံစအနားနှင့်နက်ခ်တိုင်ကိုသေချာပြန်ပြင်ယဝတ်ပေးသည်။ပါးပြင်ဖွေးဖွေးလေးကိုမွှေးကြူလိုက်တော့ သူလေးအမြဲသုံးနေကျ ချောကလက်မျက်နှာသစ်ဆေးနံ့လေးကိုသင်းပျံ့စွာရလိုက်တော့ မနက်ခင်းအတွက်အင်အားဖြည့်အားဆေးတစ်ခွက်ရလိုက်သလို လန်းဆန်းသွားရ၏။
"မွှေးနေတာပဲနော် "
"မောင်ကလဲလေ ပြင်ဆင်ပြီးနေတာကို ရေတွေအကုန်စိုကုန်တော့မှာပေါ့!"
"ဘာဖြစ်လဲ စိုစိုပေါ့!အလုပ်မှာတက်ကြွနေဖို့ အင်အားယူနေတာလေ"
ပြောပြီးမျက်နှာတစ်ပြင်လုံးနှံ့အောင်လိုက်နမ်းနေသည့်လူဆိုးကောင်ကို ယိမ်းဘာမှမတုန့်ပြန်ပဲငြိမ်နေရသည်။ပြောလဲရမှာမှမဟုတ်တာ။မောင်ကလေ လက်ထပ်ပြီးကာမှ ပိုဆိုး,ပိုချွဲလာတဲ့ကလေးကြီးအတိုင်းပဲ။ပြောလို့ဆိုလို့ကလဲမရချင်ဘူး။