မနက်စောစော အတွင်းအားများဖြင့် လက်ဝါးသိုင်းကွက်တစ်ခုကိုကျင့်နေစဉ် ဝေကျင့် ၏ လက်ဝါးကို အရှိန်ပြင်းပြင်းနဲ့ လာရိုက်သော လက်ဝါးပြင်တစ်ခု။ အရှိန်အလွန်ပြင်းသောကြောင့် လူပါ ထိုင်ရက်ကျသွားတော့သည်။ ဝေကျင့် မော့ကြည့်လိုက်တော့ မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်နေသော ရှီးဖော။ ရှီးဖောက အနားရှိ သစ်ကိုင်းတစ်ခုကို ချိုးကာ ဝေကျင့် ကိုလာရိုက်လေသည်။ အလွန်လျင်မြန်သောကြောင့် ဝေကျင့်တစ်ယောက် မရှောင်နိုင်လိုက်ပေ။ နောက်တစ်ချက်တွင်တော့ ဝေကျင့်တစ်ယောက် အလျင်အမြန် ရှောင်ကာ ထလိုက်တော့သည်။ ထိုစဉ် ရှီးဖောက နောက်ထပ်သစ်ကိုင်းတစ်ခုချိုးကာ ဝေကျင့်ကို ပစ်ပေးလိုက်သည်။
"ကိုယ်ကို၁ချက်ထိအောင် ရိုက်နိုင်ရင် ကိုယ် ဒီကစားပွဲကို ရပ်ပေးမယ်"ဟု ရှီးဖော ကပြောလေသည်။
"ဝေကျင့် အရှုံးပေးမယ်လေ မကစားချင်.."
ဝေကျင့်ပြောလို့ မဆုံးသေးခင်မှာတင် ရှီးဖော ၏ တရစပ် ရိုက်ချက်များရောက်လာတော့သည်။ ဝေကျင့်လည်း တတ်နိုင်သမျှ ရှောင်ရှားကာ ရှီးဖောကိုပြန်ရိုက်နိုင်ရန် ကြိုးစားနေရင်းနဲ့ပင် တစ်ကိုယ်လုံး အရိုက်မခံရသော နေရာဟု၍ မကျန်တော့ပေ။ တစ်ခဏနေတော့ ရှီးဖောက ရိုက်နေရင်းနဲ့ပင်
"ညက တရားထိုင်လား" ဟုရုတ်တရက်မေးလာသည်။ ဝေကျင့်လည်း ရှီးဖော၏ ရိုက်ချက်များကို ရှောင်ရှားရင်း
"ဟုတ်ကဲ့ ထိုင်ပါတယ် ရှီးဖော" ဟု ပြန်ဖြေလိုက်ရာ ရှီးဖော၏ အားများပိုပြင်းလာသည်ကို ခံစားမိလိုက်သည်။
" ညကတရားထိုင်လား"ဟု ရှီးဖောက ထပ်မံမေးလာပြန်သည်။
"မထိုင်မိပါဘူး ရှီးဖော"
"တရားထိုင်ရမယ့်အချိန် ဘာလုပ်နေတာလဲ"
"မိန့်ဟွား ဈေးတန်းကို သွားလည်နေတာပါ ရှီးဖော"
"လျှောက်သွားတာ တစ်ယောက်ထဲပဲလား?"
"ဟုတ်..အားးးးး" ဖြေနေရင်းပင် ရှီးဖော၏ အားပြင်းသောရိုက်ချက်ကြောင့် အသံထွက်အော်မိသွားပေတော့သည်။