Part [ 26 ]

501 31 11
                                    


စေ့စပ်ပွဲတွင် လူများများစားစားမရှိခဲ့။အသိသက်သေ ရှေ့နေနှစ်ယောက်၊စည်း၏မေမေ
အပါအဝင် နွေငယ်၏ဖေဖေနှင့်မေမေ၊
ဂျက်စမင်၏အတူနေသော အမေဆိုသူတစ်ယောက်၊ ရပ်ကွက်အတွင်းလင်မယားစုံတွဲနှစ်တွဲနှင့် စည်း၏လုပ်ငန်းအတွင်းမှ လင်မယားစုံတွဲတစ်တွဲသာ။

ဤသည်မှာ စည်းဘက်ကစီစဉ်ထားခြင်းဖြစ်ပြီး ဂျက်စမင်ကလည်း သဘောတူသည်။လက်ရှိတွင် ဂျက်စမင်သည် ဘရန်စိုင်းနှင့်တရားဝင်မကွာရှင်းရသေးသည့် ဇနီးအဖြစ်ရှိနေသေးသည့်အတွက်စည်းအတွက် ပို၍ ကိုင်တွယ်ရ လွယ်ကူသွားသည်။

တကယ်တမ်း ဂျက်စမင်မှာ ဘရန်စိုင်းလိုလူမျိုးနှင့်မတွေ့သင့်။သို့သော်လည်း
အခြားသူ၏ဘဝဆိုသည်မှာလည်း
ဝင်ဆုံးဖြတ်ပေး၍မရပေ။

လူကြီးများ စကားတစ်ခွန်းစ နှစ်ခွန်းစပြောပြီးသည့်အခါ ဂျက်စမင်ဘက်ကစ၍ လက်မှတ်ထိုးသည်။ လက်မှတ်ထိုးပြီးသည်အထိ စည်းဘက်က ဘာမှမလှုပ်ရှားတော့
စည်း၏မေမေမှာ စည်းကို ကြည့်လာ၏။

“ သား ”

“ လက်မှတ်ထိုးတော့လေ နှစ်ဖက်စေ့စပ်ပြီးကြောင်းသက်သေပေါ့ ဒါမှမေမေစိတ်ဖြောင့်မှာပေါ့ အဟင်း”

အများရှေ့တွင် စကားချိုသာနေသော မေမေ့အကြည့်၏အဓိပ္ပါယ်ကို စည်းသဘောပေါက်သည်။ထိုအခါ စိုးရိမ်တကြီးနှင့် မျက်နှာအနည်းငယ်မကောင်းချင်သော ဂျက်စမင်ကလည်း ...

“ စည်း အဆင်ပြေရဲ့လားဟင် ”

ထိုအခါ စည်းသည် အဓိပ္ပါယ်သောအကြည့်တစ်ချက်ဖြင့်ကြည့်ကာ ပြုံးလာ၏။ထို့နောက် တစ်ခွန်းချင်းစီ အေးဆေးစွာပြောလာ၏။

“ မင်းသာ ဒီထက်ရိုးသားခဲ့ရင်တော့တစ်မျိုးပေါ့  ခု‌တော့ ငါလုံးဝအဆင်မပြေနေဘူး ”

“ စည်း ”

ဂျက်စမင်မျက်နှာမကောင်းသော်လည်း မတတ်နိုင်ပေ။လက်ရှိတွင် စည်းအတွေးထဲရှိနေသည်က ဘရန်စိုင်းဘက်က ကတိတည်
မတည်ဆိုတာပင်။

မကြာခင်မှာပင် ဘရန်စိုင်းမှာ ရောက်လာခဲ့သည်။အိမ်ထဲသို့ဝင်လာသည့်လူတစ်‌ယောက်ကြောင့် အိမ်ထဲရှိ လူအများစုမှာသာ
ကြောင်အမ်းသွားကြပြီ စည်းတစ်ယောက် တည်းသာ အေးအေးဆေးဆေး ရှိနေသည်။ အံ့ဩနေကြသည့်လူအများထဲမှ ဂျက်စမင့်မျက်နှာကသာ လုံးဝပျက်ယွင်းသွားတော့ သည်။

Mohlo by se ti líbit

          

“  ဘရန်စိုင်း ....! ”

“ ဟုတ်တယ် ဘရန်စိုင်းလေ မင်းသိတယ်မလား ”

“ ဟို ဘရန်စိုင်းက... အရင်တစ်ခါ ဂျက်စမင့်ကိုနှောင့်ယှက်ပြီးကတည်းက သူ....”

“ ကျစ် ! ”

စည်း၏ခေါင်းတစ်ချက်ခါပစ်လိုက်သည့်အပြုအမူကြောင့် ဂျက်စမင်စကားများရပ်သွားကာ တစ်စုံတစ်ခုမှာ လုံးဝမှားယွင်းနေကြောင်းသိလာသည်။ မိမိအစီအစဉ်ကိုလုံးဝဖျက်ဆီးလိုက်သော ဘရန်စိုင်းကိုသာ စူးရဲစွာကြည့်လိုက်သည်။

“ မြစံပယ် ငါနဲ့လိုက်ခဲ့ ! ”

ဘရန်စိုင်း၏စကားကို ဂျက်စမင်လုံးဝလစ်လျှူရှုပြီးနောက် စည်းဆီသို့ကြည့်ရင်း ချက်ချင်းထိတ်လန့်ချင်ယောင်ဆောင်ထားလိုက်ကာ....

“ ဟအင်း .... စည်း ဂျက်စမင့်ကို ကယ်ပါအုံးသူက ..! ”

“ လိုက်သွား ! ”

စည်း၏ခပ်ပြတ်ပြတ်စကားတစ်ခွန်းက
ဂျက်စမင်အပြင်လူအများကိုပါ စိတ်ရှုပ်သွားစေသည်။လက်ရှိအများအမြင်တွင်တော့ စည်းမှာ အထင်မြင်သေးစရာလူတစ်ယောက်နှင့်မခြား။

ထို့ပြင် တချို့အကြည့်များမှာ အရောင်အမျိုးမျိုးပြောင်းသွားကြသည်။ ထိုအခါ စည်းမေမေက....

“ သား ဘာတွေပြောနေတာလဲ ဟဲ့ မင်းကရော
ဘယ်ကထွက်လာတဲ့လူစိမ်းလဲ မင်းကိုဘယ်သူက ဝင်ခွင့်ပြုလို့လဲ ”

စည်း၏မေမေမှာ ထိုလူစိမ်းကိုမြင်ဖူးသော်လည်းမည်သည့်နေရာတွင်တွေ့ဖူးကြောင်း လုံးဝမမှတ်မိသလို ဆက်စပ်မှုမရှိနေတော့ ဘယ်လိုမှ နားမလည်နိုင်။

“ ကျွန်တော်ပဲ ဝင်ခွင့်ပြုလိုက်တာ ”

“ ဟင် ... ”

စည်း၏မေမေသာမက ကျန်သည့်လူများကပါ စိတ်ရှုပ်နေတော့သည်။စည်းကိုယ်တိုင်ကလည်း စိတ်မရှည်ချင်တော့ ခပ်မြန်မြန်ရှင်းလိုက်တော့သည်။

“ မေမေက ဂျက်စမင်ကိုသိပ်ယုံကြည်နေလို့
ခုလိုဖြေရှင်းမှ ပြီးတော့မှာမို့ အားလုံးရှေ့မှာတစ်ခါတည်း ရှင်းသွားမှာ ...”

“ မေမေ ဘရန်စိုင်းကို မြင်ဖူးလား ”

“ သူက ”

★Mr.Right★ [ Completed ]Kde žijí příběhy. Začni objevovat