"ခင် ဘယ်တွေသွားချင်သေးလဲ"
" ဘုရားဘေးမှာ ဈေးဆိုင်တွေ တွေ့ခဲ့တယ်ကွယ်မောင်....အဲ့ဒါသွားကြည့်ကြမလား"
"ရတာပေါ့မောင့်မိန်းကလေးရဲ့"
မောင့်ကို မချစ်မိဖို့ မောင်မရှိဘဲနေနိုင်အောင်နေဖို့ ခင်အများဆုံး တွေးခဲ့ပါသေးတယ်လေ။ သို့ရာတွင်လည်း မောင့်ဆီမှာကျဆုံးရပြန်သည်။ မောင့်မိန်းကလေးရယ်" ဆိုတဲ့စကားတစ်ခွန်းနဲ့တင် ခင့်အဖို့ ရင်အေးရသည်။
"ခင်!အဲ့တာဘာမုန့်လဲ"
"ဒါလား..... ဒါကို မုန့်လင်မယားလို့ခေါ်တယ်လေမောင်"
"......"
မောင်သည် ထိုအရာကိုစိုက်ကြည့်၍နေသည်။ သိရသည့်အကြောင်းတွေအရမောင့်မိဘတွေဟာ ဘိလပ်ပြန်တွေကိုမှအထင်ကြီးလေးစားနေသည်မလို့အဆင့်အတန်းခွဲခြားတတ်တာမလို့ မောင်ဟာ ထိုနာမည် ထိုမုန့်တွေမြင်ရတာထူးဆန်းနေလိမ့်မည်ထင်ပါသည်။
"မောင်စားကြည့်ချင်သလား"
ခေါင်းကိုတဆက်ဆက်ညိမ့်ပြသည့်မောင်ဟာ အလွန်ချစ်ချင်စရာကောင်းနေ၏။ခပ်ပြုံးပြုံးကြည့်ကာချစ်ရသည့်မောင့်အလိုကျ "မုန့်လင်မယား"ဝယ်ပေးရမည်လေ။
"ဒါကိုမုန့်လင်မယားလို့ဘာလို့ခေါ်သလဲခင်"
"ဒီမှာလေ မောင်ရယ် တစ်ခြမ်း ကပဲပြုတ်တွေပါတယ်လေ ဒီဘက်တစ်ခြမ်းတော့မပါဘူးပေါ့ကွယ် "
မောင်ဟာခင်ပြောသမျှကိုငြိမ်ငြိမ်ကလေးနားထောင်နေသည်။
"ဒါဖြင့် ဒီနှခုကို ပေါင်းမှမုန့်တစ်ခုရတာပေါ့မောင်ရဲ့...ဒါကြောင့်မုန့်လင်မယားလို့ခေါ်တာ"
"မောင်တို့လိုပေါ့နော် "
"မောင့်!"
"မောင်ကအလုပ်တွေကြိုးစားပြီး ခင့်ကိုလက်ထပ်ယူမှာမောင့်မိန်းကလေးရဲ့"
"မောင့်အပြောတည်ပါစေလေ"
"ခင်မောင့်အိမ်လိုက်လည်မလား "
"မောင့်အိမ်ဘယ်မလဲ ခင်မသိရသေးဘဲကိုး....လိုက်ရမှာပေါ့မောင်ရယ်"
မောင့်အိမ်ရှိရာနေရာသို့မောင်နှင့်အတူသွားမည်။ခင်သိချင်ပါ၏ မောင်ဆိုသောထိုမိန်းကလေးသည် မည်သို့နေထိုင်ခဲ့သည်ကို။
"ဒါ မောင့်အိမ်ပဲလေ မောင်အိမ်ခွဲနေနေတာ"
ခြံထဲဝင်ကာစမြက်ခင်းပြင်ခပ်စိမ်းစိမ်း တစ်ခုကစီးကြိုသည်။။အပြင်ဘက်က ခုံတန်းယားကလေးရှိသည်။ ထိုနေရာတွင် မောင်ထိုင်နေကြဖြစ်မည် ။ပန်းအိုးလေးတစ်အိုးရှိနေသည်လေ။
အိမ်ကတော့ ကျွန်းဖြင့်ဆောက်ထားသည့်
နှစ်ထပ်အိမ်။ ခင့်အိမ်ထက်တော့ သေးနေလိမ့်မည် သို့သော်ညားမောင့်တစ်ယောက်ထဲအဖို့ လုံလောက်သောအိမ်ပင်။"လာ မောင့်အချစ်ကလေး"
ခင့်ကိုနာမည်ဘယ်နှမျိုး မောင်ပေးထားသလဲကွယ် တစ်ခါခေါ်တိုင်းရင်ထိပ်လိုက်တာ။
"မောင်ဒီမှာနေတာမကြာသေးတော့ဘာမှသိပ်ပြီး အသုံးလိုတာမရှိသေးဘူး"
"မောင်ထမင်း ကဘယ်မှာစားသလဲ"
"အပြင်က ဝယ်စားလိုက်တယ်လေမောင်မှဒါတွေမချက်တတ်တာ"
"ဒါဖြင့် ခင့်အိမ်မှာ လာစားလှည့် "
"အဲ့ဒီလိုလုပ်လို့ရသလား"
"ရတာပေါ့မောင်ရယ် ခင့်ချစ်ရသူကို တော့အပြင်စာမစားစေချင်ပါဘူး"
"မောင်...အိမ်ရှေ့မှာကားသံ ကြားတယ်
ဘယ်သူလာသလဲမသိဘူး"အင်းမောင့်အမေပါလေ ။မောင့်ကိုအိမ်ပြန်လာဖို့ခေါ်သည်ထင်မိသည်။အိမ်ထဲအဝင်ခင့်ကိုမြင်သည်နှင့်ပြောင်းလဲခက်ထန်လာသောမျက်နှာထားကိုကြည့်လျှင်ခင်သိဖို့ကောင်းပါပြီ။
"သမီး!"
"သမီးရယ်နင့်ကို ဒီမိန်းမနဲ့မပတ်သတ်ပါနဲ့ဆိုနေ ဒီမိန်းမ သတင်းတွေ သမီးမသိလို့လား ဟိုယောကျာ်းနဲ့အသံထွက်ဒီယောကျာ်းနဲ့အသံထွက်"
"ငါ့သမီးနုနုထွဋ်ထွဋ်လေးကိုရော မိန်းမချင်းဘာတွေမြှူဆွယ်ထားသလဲမသိပါဘူးတော်"
"ခင့်ကိုအဲ့သလိုမပြောနဲ့အမေ "
မောင်ဟာခင့်အရှေ့မှကာလျက် ဝင်ပြောသည်။
"မောင် ခင့်ကိုချစ်တယ် အခုအချိန်မှာ
ကိုယ့်ဘဝကိုကိုယ်ရပ်တည်နေပြီ "
"အမေ မောင့်အချစ်ရေးကိုဝင်မစွတ်ဖက်ပါနဲ့ခင့်ကိုလည်း အဲ့သလိုမပုတ်ခတ်နဲ့ မောင်မကြိုက်ဘူး"