𝐏𝐚𝐫𝐭_4

1.3K 68 0
                                    

𝗨𝗻𝗶𝗰𝗼𝗱𝗲

"ရှောင်းကျန့်လေးရော အတူဆင်းမလာဘူးလားသား"

"ဟုတ် ဖေဖေ သူလိုက်လာလိမ့်မယ်"

"ဒီကောင်ကတော့ကွာ ဧည့်သည်ကိုလိုက်ပြဆိုတာသူကပြန်ပေါ်မလာတော့ဘူး လုပ်လိုက်ရင်အဲ့လိုမျိုး ငါနော် ဟင့်"

"အို ဖေကြီးရယ် အကိုဖန်းတို့ကိုအားနာဖို့ကောင်းလိုက်တာ စိတ်လေးလည်း လျော့ပါအုံးသားကလိုက်လာမယ်ပြောတာပဲကို ဟုတ်တယ်မလား သား၀မ်"

"ဟမ် အော် ဟုတ်..ဟုတ်ကဲ့ဗျ"

သူပြောလိုက်တဲ့စကားကြောင့်ပဲထင်ပါရဲ့ခုထိဆင်းမလာသေး။ဦးလေးရှောင်းဟုကြည့်ရတာလဲတော်တော်ဒေါသထွက်နေတဲ့ပုံ။မင်းတော့မလွယ်ဘူး ရှောင်းကျန့်ရေ ဟက်။

"သား ဘာတွေတွေးနေလို့ အန်တီလုပြောတာတောင်မကြားရတာလဲ"

ဒီတစ်ခါတော့ရိပေါ်အဖေကိုယ်တိုင်၀င်ပြောရသည့်အဖြစ်ပင်။သူကလည်း ကိုယ့်အတွေးနဲ့ကိုယ်တမ္ဘာတည်နေ ရှောင်းဟုကလည်း ဒေါသကိုမနည်းထိန်းထားရမှန်းသိပ်သိသာပါတယ် လုကျတော့လည်း ဘာထူးလဲ ပြဿနာဖြစ်မှာဆိုးသည့်ပုံထက်အားနာနေတဲ့ပုံစံနဲ့ ကြားကမနေတတ်ဖြစ်နေရတာ ၀မ်ဖန်းပင်။

"ကဲဒါဆို သားလေးကိုစောင့်‌မနေကြဘဲထမင်းအရင်စားကြရအောင်လေ"

တိတ်ဆိတ်နေတဲ့လေဟာပြင်ကိုဖြိုခွင်းလိုက်သူက လုရီပင်။ထမင်းစားပွဲမှာ အသီးသီးနေရာယူပြီးတဲ့အထိ ရှောင်းကျန့်ကတော့ဆင်းမလာသေး။

"သား ထည့်စားနော် ဘာမှအားနာစရာမလိုဘူး ကိုယ့်မိသားစုလိုသဘောထားကြားလား"

"ဟုတ်ကဲ့ ဦးလေး"

"ဒါနဲ့ငါမေးပါအုံးမယ် ရှောင်းဟု"

"အေး ဘာတုန်း"

"မင်းနဲ့ငါက အိမ်ထောင်ကျပြီးတဲ့ထိအဆက်သွယ်မပြတ်ခဲ့ကြဘူးမလား ငါထင်တာမမှားရင်"

"ဟုတ်တယ်လေ မင်းသားလေးကိုယ်၀န်စလွယ်တုန်းကတောင် ငါတို့ခရီးအတူထွက်ကြသေးတယ်လေကွာ"

"အသက်တွေကြီးလာတော့ ကိစ္စတွေကမေ့တေ့တေ့ဟေ့"

ထမင်းစားခန်းထဲသို့ရှောင်းကျန့်၀င်လာပါပြီ။စ၀င်လာထဲကသူ့ကိုတမင်အကြည့်လွှဲထားမှန်းရိပေါ်သိတာပေါ့။

Ꭲᝪ᙭Ꮖᑕꁞ{Completed}Where stories live. Discover now