Part 4 ( Unicode , Zawgyi )

2.3K 161 3
                                    

// Zawgyi //

အတိတ်ရဲ့ ဖြစ်ရပ်ဆိုးတစ်ခု....

" ဖေဖေ မေမေ သားကို ထားမသွားပါနဲ့...
သားကို ချစ်တယ်ဆို... "

" အီးးးးဟီးးးး ဖေဖေ မေမေ တို့ မရှိပဲ သား ဘယ်လိုနေရမှာလဲ "

ခြောက်ကပ်တိတ်ဆိတ်လွန်းလှတဲ့ အိမ်ကြီးအတွင်း ကလေးငယ်တစ်ဦး၏ အော်ငိုသံများ ပျံ့နှံ့လျက်...။

ထို့အပြင် သွေးအိုင်ထဲ၌ အသက်မရှိသော လူနှစ်ဦး... ထိုသူတို့မှာ ကလေးငယ်၏ မိခင် နှင့် ဖခင်သာဖြစ်သည်။

ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ သူ့ မိဘနှစ်ပါးအား ကြည့်ကာ မျက်ရည်များ အသွင်သွင်စီးကျနေလေသည်။ထို့နောက် ဒေါသ မျက်ဝန်းများနှင့် နာကျင်မုန်းတီးစွာ... သူ၏ နူတ်မှ ဆိုမိသည်က....

" မုန်းတယ် ခဗျားတို့အားလုံးကို မုန်းတယ် !! အာဏာတွေကို မက်မောနေတဲ့ ခဗျားတို့... အဲ့အာဏာတွေနဲ့ပဲ ပြန်ပြီးတော့ မွန်းကျပ်ပြီး သေဆုံးပါစေ... "

စူးရှအက်ကွဲနေသော အသံတို့မှာ အိမ်ကြီးအတွင်းသို့ ပျံ့နှံ့သွားလေသည်။

ထိုနေ့ ထိုရက်ကနေ စပြီး Kim Taehyung ဆိုသည့်ကလေးငယ်လေးမှာ အရွယ်နှင့် မလိုက်ဖက်စွာ ဘဝရဲ့ အခက်အခဲပေါင်းများစွာကို တစ်ဦးတည်း ဖြတ်သန်းလာခဲ့ရသည်။

အပြုံးအရယ်မရှိ အေးစက်နေသော နှလုံးသားပိုင်ရှင် Taehyung အား မည်သူမှ အပေါင်းအဖော်မလုပ်ကြပေ...။

Taehyung ကိုယ်တိုင်လည်း မည်သူ တစ်ဦးတစ်ယောက်နဲ့မှ မရောနှော...မပေါင်းသင်းပဲ နေထိုင်ခဲ့၏။

သို့ပေမယ့် Taehyung အရွယ်ရောက်လာပြီး မကြာ Jimin ဆိုသော ကောင်လေးနှင့် ခင်မင်ရင်းနှီးခဲ့လေသည်။

Jimin က တကယ်ကို ချစ်ဖို့​ကောင်းတဲ့အပြင် သူ့အပေါ် နားလည်ပေးပြီး ပြုံးပျော်အောင် လုပ်ပေးနိုင်သောကြောင့် Jimin နှင့် သူသည် ညီအစ်ကိုလိုပင် ဖြစ်လာခဲ့၏။

Jimin ၏ အစ်ကိုဖြစ်သူ Jin Hyung သည်လည်း သူ့အား ညီအရင်းတစ်ယောက်လိုပင် ချစ်ခင်လေသည်။

မိသားစုတွေလို ချစ်ချစ်ခင်ခင်နှင့် အမြဲ အရိပ်တကြည့်,ကြည့် ကူညီစောင့်ရှောက်ပေးပြီး သူ့အပေါ် နားလည်ပေးသော ထိုလူသားလေးနှစ်ဦးသည် သူ့ အတွက်တော့ ဘုရားက ပေးသော ကံကောင်းခြင်းလက်ဆောင်ဟု ဆိုရပေမည်။

အရှင့် ရဲ့ မူပိုင် [ Completed ]Where stories live. Discover now