"အို အမေ့"
"ဒီမယ် ရှင် ဘယ်လိုလူလဲ ဘယ်လို ဖြစ်ပြီး လူကို အတင်း ဝင်တိုက်ရတာလဲ..."
"ဟ ငါက မမြင်လို့လေ မင်း မြင်ရင် မင်းရှောင်ပါ့လား အခုက အတူတူမမြင်ကြတာလေ..."
မေ တဖက်လူရဲ့ ရင့်ရင့်သီးသီး စကားကြောင့် စိတ်တိုသွားကာ ပြန်ပြောဖို့ ခေါင်းအမော့
"ဟင် ကိုကို... ကိုကို မေ့ကို သက်သက် ရန်စ တာပေါ့ ဟုတ်လား... ကိုကို ရက်စက်လိုက်တာ... မေ့ကို ပစ်ထားနိုင်တယ်နော် ...နေပါဦး မေ့ကို ၄နှစ်ကျော်တောင် ပစ်ထားခဲ့တဲ့ အကြောင်းရင်းက ဘာ ကြောင့်လဲ ကိုကို ..."
ဇော့်ခမျာ ရှေ့က တခါမှ မမြင်ဖူးသော မိန်းကလေးတစ်ယောက်မှ "ကိုကို " ဟု ချစ်စဖွယ် ပုံစံနဲ့ သြူရင်ဘတ်ကို အတင်းထုရိုက်နေတာ ကြောင့် ဇော့် နှလုံးသားဟာ ဒိန်းခနဲ တချက်ခုန်သွားရပါသည်။ သို့သော် သူမကြည့်ရသည်မှာ ဇော့်ကို တယောက်ယောက်နဲ့ မှားနေပုံမို့
" ဒီမယ် ငါ့နာမည်က ဇော် ... မင်း လူမှားနေတဲ့ပုံ... ဘယ်က ကိုကို နဲ့ လာမှားနေလဲ..."။
ဇော့်အပြောကြောင့် မိန်းကလေးရဲ့ မျက်နှာမှာ ချက်ချင်း ညှိုးနွမ်းသွားကာ ဇော့်မျက်နှာကို သေချာ ပြန်ကြည့်ပြီးမှ
" ဟင် ... ရှင် ရှင် ဘယ်သူလဲ... ရှင်က ကိုကိုနဲ့ တော် တော် တူတာပဲ... ရှင့် မေးဖျားမှာသာ မှဲ့ မပါလာရင် မေ ကိုကို လို့ပဲ ထင်နေမိမှာ... မေ တောင်းပန်ပါတယ် နော်..."။
မေ မျက်ရည်တွေ ချက်ချင်းစီးကျလာတာကို မကျအောင် မျက်တောင်များဖြင့် ပုတ်ခတ်သိမ်းဆည်းလိုက်ရင်း ထို နေ ရာမှ အမြန်ပြေးထွက်ခဲ့မိပါသည်။
မေသည် အသင့်စောင့်နေသည့် သုသု့ကားပေါ်သို့တက်လိုက်ပြီး သုသုကို မောင်းဖို့ပြောလိုက်မိသည်။ သုသုသည် မေ့မျက်နှာကို အကဲ ခတ်ကြည့်ရင်း
"ဟော မေ နင်ဘာဖြစ်လာတာလဲ... နင်ငိုလာပြီဆို နင် ဟိုလူကြီးကို သတိရလို့မလား... နင်လဲ တော်တော် ချစ်နိုင်တာပဲ ဟယ် ... နင့်ကို အခုချိန်အထိ အဆက်အသွယ်မလုပ် ပစ်ထားခဲ့တဲ့ သူ့ကို နင် မမေ့နိုင်သေးတာ နင့်ကို ငါ သနားလာပြီ... နင်ကိုနင် နှိပ်စက်နေတာနဲ့တူနေပြီနော် ..."
YOU ARE READING
နွေဦး ကံ့ကော် (Completed)
Fantasyကံ့ကော်ပန်းနဲ့ကိုကိုဟာ မေ့ဘဝအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေပါ။ "နွေဦး ကံ့ကော်" ကံ့ကော်နဲ့ ကိုကို ကိုကိုနဲ့ ကံ့ကော် မေ့ရင်ထဲမှာ စွဲလန်းနေမိ။ ကံ့ကော်ဆိုတာ မေတို့အချစ် သင်္ကေတ မေအချစ်တို့ အစပျိုးရာ မေ့အတွက် ကံ့ကော်မြင်ရင် ကိုကို့ကို မြင်ရသလိုပါပဲ ကံ့က...