Zawgi
မိုးညို ညနေစောင်း၍ အိမ်ပြန်ရောက်သည့်တိုင် စိတ်ထဲတွင် အလိုမကျပေ။ ဆရာဝန်လေး၏ လေသံမာမာကြောင့်ဟု ဆိုရအောင်လည်း ထောင်ထဲတွင် ထောင်မှူးဆိုသည့်
သူများ၏ နှုတ်မှ ထွက်သော စကားများက ပိုကြမ်းနေသေးသည်လေ။သို့သော်လည်း အစွဲအလမ်းကြီးတတ်သည့် မိုးညို၏ စိတ်အစုံကား
နေ့လည်က ဆူခံခဲ့ရသော အတိတ်ဆီမှ မလွတ်နိုင်ကြေ။ကြံရာ မရသည့်အဆုံး ဆရာဝန်လေးထံ သွားရန် ဆူံးဖြတ်ပြီး
အိမ်ရှေ့ထွက်လာသောအခါ TV ကြည့်နေသည့် ဖွားမြိုင်က" ဟဲ့ ညကြီးမိုးချုပ် ဘယ်လဲ "
"ဆရာဝန်လေးဆီ သွားမလို့ "
"အေးအေး သွားတော့သွား ငါ့ဆရာဝန်လေးကို ဘာပြဿနာမှ
ရှာမလာနဲ့ ""ဘယ်သူမှ မရှာဘူး ကျုပ်သွားပြီဗျာ "
___________________________
မိုးညို တစ်ယောက် ဆရာဝန်လေး အိမ်ရှိရာသို့ ခြေတော်တင်နေရင်း အိမ်ရှေ့ရောက်သောအခါ လူရိပ်တွေ့လေ
တော့သည်။မသင်္ကာ သည်ကြောင့် စူးစိုက်ကြည့်မိလေတော့ ဆရာဝန်လေး
နေရန် ရွာမှ ဆောက်ပေးထားသော အိမ်ကို ရိုက်၍ ဖြိုနေသော
လူနှစ်ဦးအား တွေ့ရတော့သည်။ဆရာဝန်လေးနေရန် ဆောက်ပေးထားသည့် အိမ်မှာ
ဝါးများဖြင့်သာ ဖြစ်၍ ဖြိုရန် လွယ်သည်။ အိမ်တိုင်များ မကျိုးသော်ငြား ကာထားပေးထားသည့် ထရံများပင် ကျိုးနေပြီ ဖြစ်သည်။မိုးညို တစ်ယောက် တွေ့သည့် တုတ်ဆွဲကာ
"ဟေ့ကောင်တွေ မင်းတို့ လက်ယားနေကြတာလား အုပ်ကြီးရေ
ကြည့်ပါအုန်းဗျာ "တစ်ဖက်မှလည်း
" ဟာ လူတွေ လာပြီ ထားခဲ့တော့ ထားခဲ့တော့ "
ထိုလူများ ပြေးမပြေး ဂရုမစိုက်နိုင်တော့ပဲ အိမ်ပေါ် အပြေးတက်သွားလေတော့ စောင်ကို ခေါင်းမြှီးခြုံကာ ကွေးကွေးလေး ထိုင်နေသည့် ဆရာဝန်လေးရယ်သာ။
စိုးရိမ်နေသည့်ဇောဖြင့် အသံမပေးပဲ စောင်ကို ဆွဲလေတော့
ဘုရားစာ အော်ဆိုသည်တဲ့လေ။
YOU ARE READING
Fanfictionမပြည့်မစုံသည့် အရေးအသား အတွေ့အကြုံကနေ ပေါက်ဖွားလာတဲ့ fic ကလေး ဖြစ်တာကြောင့် လိုအပ်ချက်တွေ တွေ့လာရင် အရင်ဆုံး ဖြည့်ပြီး ဖတ်ပေးပါ လို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ