Part 22

1.1K 81 4
                                    

Unicode

"ဟင်..မမ မင်ဂျူ?!!!"

ရှေ့နေတံဆိပ်ပြားနဲ့အတူ အနောက်တိုင်းဝတ်စုံကို
ကျကျနန  ဝတ်ထားတဲ့ 'အိုမင်ဂျူ" ဆိုတဲ့ မမဟာ စမတ်ကျမြဲ ကျော့ရှင်းနေမြဲပါပဲ။ ဂျာယောင်းကို တွေ့တာနဲ့ အတောက်ပဆုံး ပြုံးနေတဲ့ မမဟာ ပထမဆုံး စတွေ့ကတည်းကအတိုင်း လုံးဝ မပြောင်းလဲသွားသေး။ ပြောင်းလဲသွားတဲ့ အချက်ကတော့ ဂျာယောင်းအတွက် ရင်မခုန်တော့တာပင်။ အဲဒီအစား မွန်းကျပ်ခြင်း၊ နာကျည်းခြင်း၊ စိတ်ပျက်ခြင်းဆိုတဲ့ ခံစားချက်တွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ လူ့စိတ်ဆိုတာလည်း ရယ်တော့ ရယ်ရသား။ တစ်ချိန်တုန်းက 'အချစ်ဦး' ဖြစ်ခဲ့ပြီး အဖေ့ရဲ့ ဒေါသကိုတောင် ထိပ်တိုက်တိုးပြီး ချစ်ခဲ့ရတဲ့ မမကို အခုချိန်မှာတော့ နောက်ထပ် မပက်သက်ချင်တော့တဲ့ သူစိမ်းတစ်ယောက်လို့သာ မြင်လာတယ်။

အတွေးမျိုးစုံ ရောယှက်နေတဲ့ ဂျာယောင်းရဲ့ ဘေးကို ဒါယောင်းအပြင် အစ်ကိုထယ်ယောင်းပါ ရောက်လာကာ

မင်ထယ်ယောင်း: စောင့်ရတာ ကြာသွားပြီလား ငါ့ညီမတို့။ ဟင်..ရှေ့နေအို..?

အိုမင်ဂျူ: ဪ အမှုစစ်မင်....ကိုယ့်သူငယ်ချင်းကိုတောင် ရှေ့နေအိုတဲ့လား? မင်းလည်း မင်းညီမလိုပဲနော်..လူကို သူစိမ်းဆန်လိုက်တာ

မင်ဒါယောင်း: ဒါက ဘယ်သူလဲ? ကျွန်မလည်း မသိပါလား။ အစ်ကိုနဲ့ ဂျာယောင်းတို့ရဲ့ အသိလား?

မင်ထယ်ယောင်း: အဲဒါကလေ...

မင်ဂျာယောင်း: မမ မင်ဂျူက ငါ့exပဲ ဒါယောင်း။ နင်က ပြင်သစ်မှာ ရောက်နေတာမို့ မသိတာ။ သူက တက္ကသိုလ် တုန်းက အစ်ကို့ သူငယ်ချင်းလည်း ဟုတ်တယ်။

မင်ဒါယောင်း: ဒါဆို သူက..

မင်ဂျာယောင်း: ဟုတ်တယ်။ ငါနင့်ကို video callမှာ ပြောပြောနေတဲ့ ရှေ့နေမမပဲ

အိုမင်ဂျူ: ကဲကဲ အားလုံးလည်း ကျွန်မအကြောင်း သိသွားပြီဆိုတော့ ဂျာယောင်းကို ခဏခေါ်သွားပါရစေ။ သဲလေးက မမနဲ့ လိုက်ခဲ့ပေါ့

ဟန်းဂုမြေကို သစ္စာတည်သည် Where stories live. Discover now