🅿🅰🆁🆃 - 10

1.7K 183 22
                                    

[Unicode]

မိုးရေထဲပြေးနေတဲ့ကောင်လေးတစ်ယောက်၊ ငိုနေခဲ့တဲ့ထိုကောင်လေး

**စကားမပြောတက်တဲ့ လူတစ်ယောက်နဲ့ projectတွဲလုပ်ရတာ အဆေပြေတယ်လို့ မင်းထင်တယ်ပေါ့**

နားထဲပဲ့တင်ထပ်နေတဲ့အသံတွေ၊ ဒီလိုစကားတွကို ငယ်ငယ်တည်းက သူကြားခဲ့ရသည်၊ ဒါပင်မဲ့ ဒီတစ်ခေါက်က ဘာလို့ ပိုနာကျင်နေရသည်လဲ ၊

"အာ့ "

မိုးရေတွေကြောင့် ချောကာ လှဲကြသွားခဲ့သူ၊ နာကျင်နေတဲ့ ဒူးနှင့်ရင်ဘတ် ၊ မှောက်လျက်လှဲကျသွား‌ေသာကြောင့် သူ့မေးစေ့တို့ပွန်းကုန်ရသည် ၊ တဖြည်းဖြည်းသည်းထန်လာတဲ့မိုးတွေ၊ သူသည် ပြန်မထမိပဲ ထိုအတိုင်းပင် ၀မ်းနည်းစွာ ငို‌ေကျွးမိသည် ၊

ငိုနေတဲ့ သူ့ငိုသံတို့ပိုကျယ်‌ေလာင်လာပင်မဲ့ သူဂရုမစိုက်နိုင် ၊ ယခုသူ့ပုံသည် လမ်းမပေါ်အိပ်နေတဲ့လူတစ်ယောက်လိုဖြစ်နေနိုင်ပင်မဲ့ သူဂရုမစိုက်မိ ၊ ဒီအချိန်သည် ကျောင်းဆင်းတဲ့အချိန်တောင်ကျော်နေပြီ၊ ကျောင်းထဲ ယခုလိုသူ့ပုံစံအား မည်သူမှတွေ့မည် မဟုတ်ပါ ၊ ထိုအချိန် သူ့အရှေ့လာရပ်တဲ့ bootအဖြူရောင်နဲ့ သူ့နားထဲ ကြားနေရတဲ့ ထိုလူ့ထံမှ အသံရူသံပြင်းပြင်း ၊ဒါ ဟို အဲလ်ဖာ!!

သူသည်  ချက်ချင်းပင် ကုန်းရုန်းထကာ မတ်တက်ရပ်မို့‌ရှိသေး ထိုအဲလ်ဖာသည် ထိုင်ချလာပြီး ကုန်းရုန်းထနေတဲ့ သူ့အား လက်ကောက်၀တ်မှဆွဲချလိုက်လေသည်၊ ထိုအခါ သူသည် ထိုသူ့ရင်ခွင်ထဲ အံ၀င်ခွင်ကျ ပြုတ်ကြသွားသည် ၊

"တောင်း... ပန် ပါတယ် ~တကယ်တောင်းပန်ပါတယ်~~"

ထိုအဲလ်ဖာသည် သူ့အား တင်းကျပ်စွာ ဖတ်ကာ ဆိုလာသည်၊ ထိုအခါသူ အသက်ရူအောင့်မိပါရဲ့၊ ဟင့်အင် သူထပ်ပြီး မပြိုလှဲချင်ဘူး ၊ ဒီလူသည် သူ့အား အမျိုးမျိုး ပြောဆိုနေသည်မဟုတ်လား~

"ကိုယ်က စကားဆို အမြဲ အဲ့လိုပြောတက်သူမို့ပါ~~ မင်းကို တကယ်~ တကယ်~< အဲ့လိုပြောတာမဟုတ်ပါဘူး ~တကယ်ပါ ~"

ထယ်ယောင်းသည် ထိုကောင်လေးအား ပိုမို တင်းကျပ်စွာဖတ်ရင်း ဆိုမိသည်၊ ထိုအရာ‌ေကြာင့်  ဒီကောင်လေးနဲ့ ဝေးသွားမည်ကို စဉ်းစားလျှင် သူ့ရင်တစ်ခုလုံး ပူလောင်ရသည်၊ ဒါ့ကြောင့် ဒါကြောင့် လက်ခံပေးပါ ၊ တကယ် မင်းကို မရည်ရွယ်ခဲ့လို့ပါ ၊

//𝙱𝙻𝙰𝙲𝙺 𝙰𝚗𝚍 𝚆𝙷𝙸𝚃𝙴 //        ( 𝓪𝓵𝓹𝓱𝓪 𝓪𝓷𝓭 𝓞𝓶𝓮𝓰𝓪)Where stories live. Discover now