Ep 1

1.2K 74 3
                                    

" ဒီကောင်ကမွေးစားသားလား ကျွန်တော်တို့ကမွေးစားသားလားတောင်မသဲကွဲတော့ဘူး ဒယ်ဒီ "

" မသဲကွဲရင်မျက်မှန်တပ်ကြ
ငါ့ကိုအထွန့်မတက်နဲ့၊မင်းတို့အချိုးမပြေလို့ငါအားကိုးရတဲ့သူကိုယုံကြည်အားကိုးတာဘာဖြစ်လဲ "

အကိုနဲ့အမကအဖေဖြစ်သူအားမကျေမနပ်စကားဆိုနေပေမဲ့ ကင်မ်ဆောနူ ကတော့ထိုစကားရည်လုပွဲအားသူနဲ့မဆိုင်သလို sofa မှာထိုင်လျက်လက်သည်းချေးထွင်နေလေသည်။

ကင်မ်မိသားစုမှာမိသားစုဝင်ငါးယောက်ရှိသည်။အိမ်ဦးစီးဖြစ်သူမှာ ထိုမိသားစုဝင်၏အကြီးအကဲဖြစ်သလိုသားသမီးလေးယောက်၏ဖခင်လည်းဖြစ်သည်။ဖခင်၏အမည်မှာ ကင်မ်ဆောဟန်ဖြစ်ပြီး အကြီးဆုံးသားနာမည်မှာ ကင်မ်ဆောယန်၊
ဒုတတိယသမီးနာမည်မှာ ကင်မ်ဆောယွန်း၊တတိယသားကတော့အကြီးနှစ်ယောက်၏အမြင်မကြည်ခြင်းကိုခံနေရသည့် ပတ်ဆောင်းဟွန်းပင်ဖြစ်သည်။အငယ်ဆုံးလေးနာမည်ကတော့ ကင်မ်ဆောနူ ဖြစ်ပြီးတစ်အိမ်လုံးကချစ်စနိုးနဲ့
အငယ်လို့သာခေါ်တတ်ကြသည်။မောင်နှမအရင်းအချာသုံးယောက်မှာအဖေတူအမေကွဲတွေသာဖြစ်ကြပြီးပတ်ဆောင်းဟွန်းကတော့ထိုမိသားစု၏အမွေစားအမွေခံအဖြစ်မွေးစားခြင်းခံရသည့်ကလေးတစ်ယောက်ဖြစ်၏။

ဖခင်၏စကားကြောင့်အရှိုက်ကိုထိသွားသောအကြီးနှစ်ယောက်မှာဘာသံမှမထွက်တော့ဘဲငြိမ်သွားကြသည်။ဖခင်ဖြစ်သူမှာသားသမီးနှစ်ယောက်ကိုခပ်တည်တည်သာတစ်ချက်ကြည့်ပြီးထိုနေရာမှထွက်သွားသည်။

" အငယ် ၊ဟဲ့အငယ်လေးနင်လည်းဒီအတိုင်းပဲနေတော့မှာလား "

" ဒီအတိုင်းမနေလို့ကျွန်တော်ကဂျွန်းထိုးနေရမှာလား "

ခပ်ရွဲ့ရွဲ့ပြန်ပြောလာသည့် ဆောနူ၏စကားကြောင့်
ဆောယွန်းမှာအံတကြိတ်ကြိတ်ဖြင့်အခန်းထဲသို့ဆောင့်အောင့်ကာဝင်သွားလေသည်။

" ကိုကြီးတို့အမွေတွေဟိုကောင်သိမ်းသွားမှာဆိုးလို့ပြောနေရတာအငယ်၊ဒယ်ဒီကအဲ့ကောင်ကိုသိပ်နေရာပေးလွန်းတယ် "

မချိတင်ကဲဖြစ်ကာပတ်ဆောင်းဟွန်းအားမကျေမနပ်ဖြစ်နေသည့်ကိုကြီးကို ဆောနူကြည့်မရတော့။အဖြစ်ရှိအောင်တော့မကြိုးစားဘဲနေရာတော့တအားလိုချင်သည်။ဟိုကမွေးစားသားဖြစ်နေရင်တောင်သူတို့ထက်အသုံးကျလို့ ဒယ်ဒီ့ယုံကြည်အားကိုးမှုကိုရထားခြင်းဖြစ်သည်။ပတ်ဆောင်းဟွန်းလိုဖြစ်အောင်မကြိုးစားပဲမနာလိုဝန်တိုစိတ်တွေသာဖြစ်နေကြတာမြင်မကောင်း။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now