二十二. 「 最后部分 」

433 38 16
                                    

Unicode version

မိုးဟာ တစ်ဖြိုင်ဖြိုင်ရွာကျလာတယ် ။ ပြတင်းပေါက်နားက ကျန်းကျယ်ဟန့်က တစ်ဖျားမှမခွာသေးဘူး။

အရာရာဟာ အစီစဉ်တကျဖြစ်နေသလိုပါပဲ။ အခုချိန်မှာ သူ့ကိုပိုင်ဆိုင်နေသူကဘယ်သူလဲ သူမသိဘူး ။ ဘယ်လိုမျက်နှာနဲ့ ကုန်းကျွင်းရှေ့ကိုပြန်သွားရမလဲဆိုတာလည်းမသိဘူး။ ဘယ်နေကစလို့လွဲမှားခဲ့လဲမသိပေမယ့် အဲ့ဒီကောင်လေးကိုချစ်ခဲ့တာကတော့ ဒီလွဲမှားခြင်းတွေနဲ့မသတ်ဆိုင်ခဲ့ပါဘူး။

လက်ချင်းတွဲပြီး ကျော်ဖြတ်ခဲ့တဲ့ ဒုက္ခတွေရော သုခတွေကိုပါ သူမြတ်နိုးရတယ် ။ သူ့အပေါ်ကိုအရမ်းကောင်းတဲ့ ကောင်လေးအပေါ်သူအားနာလွန်းလို့ဘယ်လိုလုပ်ရမလဲ။

အဆောင်တံခါးကပွင့်လာတာမို့မိုးသံကပိုကျယ်လာတယ် ။ကျန်းကျယ်ဟန့်က အထဲဝင်လာတဲ့လူကိုတစ်ချက်ကြည့်ပြီး ပြတင်းပေါက်ကိုပိတ်လိုက်တယ် ။

အခန်းထဲက မီးအိမ်က လေမတိုက်တော့တာကြောင့် ငြိမ်သက်သွားပေမယ့် အလင်းရောင်တော့ကောင်းကောင်းမရဘူး။ တိတ်ဆိတ်ခြင်းနဲ့ အမုန်းတရားတွေကသာ လဲ့လဲ့တောက်နေခဲ့တာ။

" အဲ့မှာပဲရပ်နေတော့မှာလား ဒီမှာလာမအိပ်တော့ဘူးလား "

မိုးသံသဲ့သဲ့ကြားက ယွီလုံရဲ့စကားကိုကျန်းကျယ်ဟန့်ကလျစ်လျူရှုထားတယ် ။ မကြည်ဖြူနိုင်ခြင်းတွေက စကားသံတွေကိုတိတ်ဆိတ်စေခဲ့တာ ။

ဘာမှပြန်မဖြေဘဲ ရပ်မြဲရပ်နေဆဲဖြစ်တဲ့ကျန်းကျယ်ဟန့်ကြောင့် ယွီလုံကမျက်မှောင်ကြုံ့ပြီးထလိုက်တယ် ။ ပြီးတော့ အနားကိုသွားပြီး ကျန်းကျယ်ဟန့်ရဲ့လက်ကိုဆွဲဆောင့်ပြီး အိပ်ယာပေါ်ပစ်တင်လိုက်တယ် ။

ကျန်းကျယ်ဟန့်ထဖို့ပြင်တော့ ယွီလုံက သူပါဝင်လှဲပြီး ကျန်းကျယ်ဟန့်ကို သိမ်းကြုံးဖက်ထားတယ် ။

" ငြိမ်ငြိမ်နေ ! ငြိမ်ငြိမ်နေရင် မင်းကိုဘာမှမလုပ်ဘူး "

ကျန်းကျယ်ဟန့်ကဆက်ပြီးရုန်းနေတုန်းပဲ ။ သူချစ်တဲ့သူနဲ့မျက်နှာချင်းဆင်တူနေသည့်တိုင် ဒီအငွေ့အသက်တွေကိုသူအရမ်းမုန်းပါသည်။

Obsessive bondage  痴迷的羁绊 「 JunZhe 」 Where stories live. Discover now