အပိုင်း ၁၄
တုံ့ပြန်မှုတိုင်းသည်ကား သက်ရောက်မှုတစ်ခုခုကိုဖြစ်စေသည် ။
ကျွန်တော်၏အသက်မဲ့နေသယောင် တုံ့ပြန်မှုတို့သည် သူ့အားလက်လျှော့လာချင်အောင် စွမ်းနိုင်စေမလား ။
" မောင် ညစာလေးတော့... "
" မစားချင်ဘူး ငါနားတော့မယ် "
အပျက်ပျက်ဖြစ်သွားသည့် သူ့မျက်နှာကို မြင်လိုက်ရလျှင် စိတ်မချမ်းသာသော်ငြား ထိုသို့မှသာလျှင် သူကျွန်တော့်အား စိတ်ကုန်လာလိမ့်မည် ။
ထိုသည်ကား သူ့ထံမှ လွတ်မြောက်ဖို့ရာအတွက် နည်းလမ်းတစ်ခု ။
" မောင် မထသေးဘူးလား "
" အင်း "
နောက်ကျောဘက်ဆီမှ သူ၏သက်ပြင်းချသံတိုးတိုးကို ကျွန်တော်ကျေနပ်မိသည် ။
တစ်ထောင့်တစ်ရာသောညတွေမှာ သူ့အကြောင်း အိမ်မက်တွေမက်ခဲ့သည် ။
အမြဲ နှင်းတွေကြားထဲမှာ လဲလျောင်းနေသည့်ကောင်လေးအကြောင်း အိမ်မက်မက်ခဲ့သည် ။
အကြိမ်ကြိမ် မိမိကိုယ်ကို အပြစ်တင်စိတ်ရှိခဲ့သည် ။ ဒါငါ့ကြောင့် ဆိုသည့်စိတ်မျိုးဖြင့် ။
" ငါမင်းအပေါ်ဘာအပြစ်လုပ်မိလို့လဲ ကျေးဇူးပြုပြီးပြန်လွှတ်ပေးပါတော့ ဟမ်! "
" အဲ့တာကလွဲရင် အကုန်ဖန်တီးပေးမယ် "
တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် သူကျွန်တော့်အား လာတွေ့ချိန်က နည်းလာသည် ။
သူလက်လျှော့သွားပြီလား ။ ဟုတ်လောက်မည် ။
စုစုပေါင်းဆိုလျှင် ကျွန်တော်သူ့ဆီရောက်နေခဲ့သည်က တစ်ပတ်ကျော်ပြီ ။
ဧဒင်တစ်ယောက် အဆက်အသွယ်မရ၍ စိတ်ပူနေလောက်ပြီ ။
နောက်ပြီး ကျွန်တော့် PA လည်း လိုက်ရှာနေပြီထင်သည် ။
ရူးကြောင်ကြောင်သူ့လုပ်ရပ်တစ်ချို့ကြောင့် ကျွန်တော့်လက်တွေ့ဘဝက ကပြောင်းကပြန်တွေဖြစ်ရပြန်သည် ။
" အကိုလေးအတွက် နွားနို့ပါ သောက်ပြီးနားလိုက်ဖို့ သခင်ကမှာခဲ့ပါတယ် "
YOU ARE READING
Parallel Universes(complete)